Ep-8

5.1K 771 86
                                    

(Unicode)

နာရီအနည်းငယ်ကြာပြီးနောက်......

"ကျွန်တော်လာတယ် အမေ။"

အနက်ရောင်ဝတ်စုံပြည့်ဖြင့်ဝင်လာသော သူ။ Jimin...။ ယူလာသော ပန်းစည်းလေးကို တင်မလို့လုပ်လိုက်ပေမဲ့ နေရာယူထား‌နှင့်ပြီးသော ပန်းစည်းတစ်စည်းက ရှိနေသည်။ မျက်ခုံးနက်နက်လေးများသည် တစ်ခုခုကို စဉ်းစားသည့်သင်္ကေတအနေဖြင့် ကြုံ့သွားသည်။ ထို့နောက် တွေဝေနေမှုမရှိဘဲ ရှိနေသော ပန်းစည်းလေးကို ဖြုတ်ယူလိုက်ပြီး သူ့ပန်းစည်းကို တင်လိုက်သည်။

"ဘယ်သူလဲ။ ကျွန်တော် ဒီလောက် စောလာ‌တာတောင် ဘယ်သူက ကျွန်တော့်ထပ်အရင် ကျွန်တော်တို့ အမေရဲ့ ပြာအိုးရှေ့မှာ ပန်းစည်းတင်နိုင်ရတာလဲ။"

သေချာပေါက် ဖခင်တော့မဖြစ်နိုင်။ အဖေက မနေ့ကပဲ တရုတ်ခဏသွားနေတာမဟုတ်လား။ထို့နောက် ထိုပန်းစည်းလေးကို ကြမ်းပြင်ကို ပစ်ချကာ ရှူးဖိနပ်ဖြင့် နင်းချေလိုက်သည်။ ပန်းပွင့်ချပ်များက တစ်စစီ ကြွေလွင့်လို့....။ ထို့နောက် အသာကောက်ယူပြီး အနီးရှိ အမှိုက်ပုံးထဲသို့ သွားပစ်လိုက်သည်။ ပြီးတော့မှ ပြန်လာသည်။

"ဝါး........အခုမှ သေချာကြည့်မိတယ်။ ကြည့်ပါဦး။ အမေ့ရဲ့ မှန်ဘောင်လေးထဲမှာ ဓာတ်ပုံလေးတစ်ပုံရောက်နေပါလား။ တစ်ခါမှမတွေ့ဖူးဘူး။ ကျွန်တော်မရှိတဲ့အချိန်တုန်းက လာထည့်သွားတယ်ထင်တယ်။"

အင်္ဂလန်မှပြန်လာပြီး ဒါက ပထမဆုံးအကြိမ် သူတက်ရောက်ခွင့်ရသည့် သူ့မိခင်၏ နှစ်ပတ်လည်လေ။

"ထူးဆန်းလိုက်တာ။ ဒီကောင်လေးက ဘယ်သူပါလိမ့်။ ကြည့်ရတာတော့ ကျွန်တော်တို့ အမေငယ်ငယ်တုန်းက ပုံပဲ။ မဟုတ်မှ...စောစောက လာပို့သွားတဲ့ ပန်းစည်းလေးရဲ့ ပိုင်ရှင်များလား...။"

အရာရာသည် ထူးဆန်းမှုတွေနဲ့ပါလား။ သေချာပေါက် သူ့မိဘတွေကြားထဲမှာ တစ်ခုခုရှိခဲ့ပါလိမ့်မည်။

"ဟက်......။ ဒီနှစ်မမှီခဲ့တော့လည်း နောက်နှစ်ပေါ့နော် အမေ။ သေချာပေါက် ကျွန်တော်ကတော့ အဲ့ဒိပန်းစည်းရဲ့ပိုင်ရှင်က ဘယ်သူလဲဆိုတာ သိအောင်လုပ်ဦးမှာ။ ကျွန်တော့်ထပ် အရင် ဘယ်သူကမှ အမေ့ အရိုးပြာအိုးရှေ့မှာ ပန်းစည်းမတင်စေရဘူး။"

PUPPET ||COMPLETED||Where stories live. Discover now