Ep-14

4.2K 666 174
                                    

(Unicode)

ဒီလိုနဲ့ မနက်စာ စားပြီးတော့....

*ဒေါက်.......ဒေါက်....ဒေါက်....*

"ဝင်လာခဲ့ပါ...။"

ဝင်လာသူက Yoon gi hyung...

"Jimin...."

"ဘာများလဲ Hyung...."

"ဘာဖြစ်လာလဲ....။"

Keyboardကိုနှိပ်နေသော သူ့လက်ချောင်းတွေက ရပ်တန့်သွားသည်။ ပြီးတော့ Yoon Gi ကို မော့ကြည့်လာသည်။

"ဘာမှမဖြစ်ပါဘူး Hyungရဲ့....။ အဟက်...."

"မဟုတ်ဘူး Jimin....Jung Kook ကို သွားကြည့်မယ်ဆိုပြီး မင်းထွက်သွားပြီး ပြန်လာကတည်းက မင်း အမူအရာတွေပြောင်းလဲကုန်တာ။ တစ်ခုခုတော့ သေချာပေါက်ဖြစ်ခဲ့လိမ့်မယ်။ ဘာလဲ..။ နမ်ဟေးမီကြောင့်လား....။"

"ဟက်...။ Hyung တစ်ယောက်ကတော့ဖြင့် အကင်းပါးသားပဲ..။ ဝမ်းနည်းစရာက Jeon Jung Kook မဟုတ်နေတာပဲ...။"

သူထင်နေတာ မမှားယွင်းခဲ့...။ စိတ်ရှုပ်စွာ ဆံပင်ကို လက်ဖြင့်ထိုးဖွလိုက်သည်။ သိပ်ကို ပိုင်ဆိုင်လိုစိတ်ကြီးလွန်းတဲ့ Park Ji Min ရယ်၊ ဘာကိုမှ မရိပ်မိဘဲ ဖြူစင်နေတုန်းဖြစ်နေသည့် Jeon Jung Kook ရယ်..၊ သူတို့နှစ်ယောက်ကြားထဲမှာ Yoon Gi ရူးတော့မည်။

"Jimin...မင်းဘာတွေ ကြံစည်နေတာလဲ.....။ Hyungကိုပြော။ Hyung တတ်နိုင်သလောက် ဖြေရှင်းပေးမယ်လေ။"

"ဖြစ်နိုင်ရင် မောင့်ရဲ့ တရားဝင်သက်ဆိုင်သူဖြစ်ချင်ခဲ့တာ..။ ‌မျှော်လင့်ချက်မထားဘဲ လူတစ်ယောက်ကို ချစ်ဖို့က ကျွန်တော်လည်း စွန့်လွှတ်ခြင်းပါးဝနေတဲ့ လူတစ်ယောက်မှမဟုတ်တာ။ မောင့်ကို ပိုင်ဆိုင်ချင်တာ...။ အဲ့အတွက်ရော Hyung တတ်နိုင်လို့လား။"

ချိတ်ဆွဲထားသည့် မထီပြုံးတွေက ခမ်းနားသလောက် သူ့မျက်ဝန်းတွေက သူ့အတွေးတွေဖြင့် သူလှောင်ပိတ်နေကြောင်း ဖော်ပြနေသည်ကို Yoon Gi နားလည်သည်။ ကုစားပေးချင်ပေမဲ့ သူက Jeon Jung Kook မဟုတ်။ ခက်သည်က ကုစားနိုင်သည့်တစ်ဦးတည်းသော လူကလည်း ဒီအကြောင်းတွေ ဘာမှမရိပ်မိသေး။ ပတ်ဆူးယောင်းရေ...မင်းမပြန်လာခင် ငါတော့ မင်းမောင်ကြောင့် ရူးတော့မယ်....။

"ကျေးဇူးပြုပြီး မောင်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ ဘာမှမသိသလို၊ ဘာမှမမြင်တဲ့လူတစ်ယောက်လို နေပေးပါ Hyung...."

PUPPET ||COMPLETED||Waar verhalen tot leven komen. Ontdek het nu