Ep-13

4.5K 728 155
                                    

(Unicode)

သက်ပြင်းမောကို ရှည်စွာချရင်း လေးပင်သော ခြေလှမ်းများဖြင့် Jimin သူ့အခန်းထဲကို ဝင်လာခဲ့သည်။ တံခါးကို ဖြည်းငြင်းစွာ ပိတ်လိုက်ပြီး တံခါးကိုမှီကာ ကျုံ့ကျုံ့လေးဖြစ်အောင် သူထိုင်ချလိုက်သည်။ ဒူးခေါင်းပေါ်ဝယ် လက်ကို ပိုက်ရင်း မီးတို့ကို မဖွင့်ဖြစ်ခဲ့။ နာကျင်စွာ မျက်ဝန်းအိမ်တို့ကို မှိတ်ချသည့်အခါ အာရုံဝယ် ထင်ဟပ်လာသည်က ကြက်သေသေသည့်အကြည့်များဖြင့် ကြည့်နေသောချစ်ရသူ....။ မျက်ဝန်းတွေကို အဓိပ္ပာယ်ဖတ်တတ်သည့် သူတစ်ယောက်အနေနှင့် ချစ်ရသူ၏ မျက်ဝန်းများက မယုံကြည်နိုင်ခြင်းတွေ ပါဝင်နေပြီး ယောက်ျားသားတစ်ယောက်ဖြစ်လျက်နှင့် မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်ရလားဟူသော အဓိပ္ပာယ်တွေ ရောယှက်နေမှန်း Jimin သိပါသည်....။ သူကိုယ်တိုင်လည်း ဒီလိုမျိုးမဖြစ်ချင်ခဲ့...။ ဒါပေမဲ့....ဒါပေမဲ့....ထိုကောင်မလေးကို Jung Kook နှင့် တွဲမြင်တိုင်း လူသတ်ချင်စိတ်တွေက တားမရ။ မဖြစ်သင့်မှန်းသိပါ၏။ အတ္တကြီးလွန်းမှန်း သူ့ကိုယ်သူ နားလည်ပါ၏။ ဒါပေမဲ့ သူ့စိတ်တွေကို သူ ထိန်းချုပ်နိုင်ခြင်းငှာမရှိ။

အမှောင်ခန်းထဲမှာ တံခါးကို ဒူးတုပ်ကာ မှီထိုင်ရင်း တစ်ယောက်တည်းအထီးကျန်နေသော လူသားတစ်ယောက်.....။ သူ့ကို သူချစ်ရသူက သူမျှော်လင့်သော နွေးထွေးခြင်းတို့ ပေးနိုင်ပါ့မလား။

*Ring....Ring......Ring........*

ဘယ်အချိန်ထိ ငြိမ်နေမိမှန်းမသိ။ ဖုန်းမြည်သံဝင်လာတော့မှ သူအသိစိတ်ပြန်ဝင်လာသည်။ ‌ထုတ်ကြည့်လိုက်တော့ အမ ဖြစ်သူထံမှ VD call ဝင်လာခြင်းပင်...။ ကိုင်လိုက်ပေမဲ့ သူ့အခြေအနေကို မပြချင်တာကြောင့် Camera ကို ပိတ်ထားရင်း.....

"အင်း...အမ ပြော...။"

"အ‌ဆင်ပြေရဲ့လား Jimin.....။"

သူ့အမ၏ အသံက စိုးရိမ်စိတ်တို့လွှမ်းမိုးနေသည်။ ဒီတိုင်းဆို သူ့အမ သိပြီးလောက်ပြီပေါ့....။

"တစ်ယောက်တည်း ပင်ပန်းနေလို့လား....။ အမ မရှိပေး‌နိုင်တာ ငါ့မောင်ကို တကယ်အားနာပါတယ်....။"

"ရပါတယ်။..."

သူဆက်မပြောနိုင်ဘဲ ငိုင်ကျသွားသည်...။

PUPPET ||COMPLETED||Where stories live. Discover now