Ep-6

5.9K 732 78
                                    

(Unicode)

ကမ်း‌ခြေတစ်ခု၏ မျက်နှာစာတွင် ခန့်ညားစွာတည်ရှိနေသော စံအိမ်ကြီး......

လူနေအိမ်များမရှိဘဲ ထိုအိမ်တော်ကြီးသာ ခန့်ညားစွာ တည်ရှိနေသည်။ စံအိမ်တော်ကြီး၏ လသာဆောင်‌တွင်တော့ အသက် ၄၀အရွယ် လူတစ်ယောက်သည် ပင်လယ်ဘက်သို့ မျက်နှာမူကာ ငေးမောနေ၏။ အသက်၄၀ အရွယ် တစ်စိတ်စွန်းနေပြီဟု ပြောနိုင်သော်ငြား သူ့မျက်နှာသည် နုပျိုခြင်းအသွင်ကိုဆောင်၏။ အခြားယောက်ျားသားများကဲ့သို့လည်း ဗိုက်ပူနံကားပုံစံမရှိ။ ပကတိကျစ်လစ်ပြီး ပြေပြစ်သောခန္ဓာကိုယ်နှင့် နုပျိုသော မျက်နှာတို့ကား မသိသောသူတို့အဖို့ အသက်၃၀စွန်းစအရွယ် သက်လတ်ပိုင်းအမျိုးသား တစ်ဦးနှယ် ထင်ရလေသည်။ ၂ထောင်ခုနှစ်က ကိုရီးယားယောက်ျားသားတို့၏ ဆံပင်ပုံစံအတိုင်း ဂုတ်ထောက်နေသော အညိုရောင်ဆံပင်‌တို့ကား ‌ဆားရနံ့ပါသော ပင်လယ်လေတို့၏ တိုက်ခတ်မှုကြောင့် လေဝယ် လွင့်ပျံ့နေသည်။ Suit ဝတ်ထားခြင်းမဟုတ်ဘဲ လည်ထောင်ဆွယ်တာအင်္ကျီကို အနက်ရောင် Pants ဘောင်းဘီအပျော့နှင့်မို့ ပိုမိုနုပျိုနေသယောင် ထင်ရသည်။မျက်လုံးမျက်ဆန်လှလှ၊ အရပ်ရှည်ရှည်၊ မေးရိုးထင်းထင်းနှင့် ယောက်ျားပီသသော ထိုအမျိုးသားက ရင့်ကျက်တည်ကြည်သော အသွင်ကိုဆောင်နေသည်။ ပျိုတိုင်းကြိုက်မည့်နှင်းဆီခိုင်နှယ်။

"ဆရာ....."

နောက်လိုက်တစ်ယောက်၏ ခေါ်ဆိုမှုကြောင့် သူနောက်ပြန်လှည့်လာသည်။

"ဘာလဲ Sam..."

"Black ဂိုဏ်းတော့ သွားပြီဆရာ။"

ထိုစကားဝယ် သူ့နှုတ်ခမ်းစွန်းလေးများသည် ကော့တက်သွားသည်။

"ဟုတ်လား။ ဘယ်ဆိုးလို့လဲ။ Park Ji Min က လူကောင်သေးသလောက် အဆိပ်ပြင်းသား။ ငါ့လိုလူရဲ့ Mission ကိုတောင် Fail စေတယ်ဆိုတော့။ သူ့အဖေထက် ပိုပြင်းမဲ့ သဘောမှာရှိတယ်။"

"ဟုတ်တယ်ဆရာ။ သူ့လက်ထက်မှာ ပိုပြီးတော့ သွက်လာကြတယ်။"

"အဟက်....အစ်မမင်ယောင်း....အစ်မမင်ယောင်း....
အစ်မမွေးထားတဲ့ နှစ်ယောက်လုံးက အချောအလှတွေအပြင် ထက်လည်း ထက်မြက်ကြတာပဲ။ ဝမ်းနည်းစရာကောင်းတာက အကျင့်စရိုက်မှာ ဘာလို့ အစ်မလို မသိမ်မွေ့ကြတာလဲ။ အဲ့တာဆို ကျွန်တော် လွယ်လွယ်နဲ့ ဖြိုခွဲနိုင်ခဲ့မှာ။"

PUPPET ||COMPLETED||Where stories live. Discover now