My Dear Empress-53

Start from the beginning
                                    

"အင်း ​ချောင်​အာသ​ဘောကျပါတယ်​ဝမ်​ရယ်​"

လီမင်​ရဲ့နှုတ်​ခမ်းပါးတို့မှာ မြင့်​တက်​စွာပြုံးသွားရင်း 
"ကိုကူညီမယ်​" ဟုဆိုကာ ​ချောင်​အာ၏ဆံနွယ်​ထက်​ ထိုးဆင်​​ပေးဖို့ရွယ်​တယ်

ဒါ​ပေမယ့်​ဆံနွယ်​ထုံးထဲကို လိပ်​ပြာဆံထိုး​လေးထိုးတဲ့အခါ အထဲမှာဆံထိုး​နောက်​တစ်​ခုက ကန့်​လန့်​ခံ​နေသ​ယောင်

"​သြော်​ ခဏ ဖြုတ်​လိုက်​မယ်​"

အပြင်​ပန်းကကြည့်​ရင်​မမြင်​ရ​ပေမယ့်​ ဆံနွယ်​လိပ်​ထဲမှာ တကယ်​ကြီးဆံထိုးတစ်​​ချောင်းရှိ​နေခဲ့တယ်​ ပန်း​ရောင်​ဖန်​ဆံထိုး​လေး.. 

ချောင်​အာလက်​ထဲဘာရယ်​မဟုတ်​ကျစ်​ကျစ်​ပါ​အောင်​ ဆုပ်​ထားမိတယ် တမင်​စွဲစွဲမြဲမြဲ ထိုးထားခဲ့တာမဟုတ်​​ပေမယ့်​ ​ကောရဲ့လက်​​ဆောင်​မို့အ​လေးထားထိုးခဲ့မိ​လေခြင်း

"ဝမ်​ရယ်​??" ​ချောင်​အာ​ခေါ်သံကြားမှ လီမင်​အ​တွေးပြန့်​​နေရကာ ပြန်​အသိဝင်​လာ​တော့တယ်​ "အင်း"ဟုဆိုကာ သူမ​လေး၏ဆံနွယ်​ထက်​ လိပ်​ပြာဆံထိုး​လေးကို တယုတယ​လေးပန်​ဆင်​​ပေးလိုက်​တယ်

မ​နေ့က က​လေးရဲ့အကိုဖြစ်​သူအိမ်​​ရှေ့စံမင်းသားရဲ့ ​​​ခေါင်းထက်​မှာ လီမင်​မျက်​စိရှင်​သူပီပီမြင်​ဖူးပါရဲ့ အမျိုးသားတန်​မဲ့ပန်​​ရောင်​မို့ သတိထားမိခဲ့တာလဲပါတယ်​ မထင်​မှတ်​ပါဘဲခု သူ့ဇနီးငယ်​နဲ့ဆင်​တူဖြစ်​​နေတယ်

"လှလား ဝမ်​ရယ်​" အပြုံး​လေးနဲ့​မေးလာတဲ့သူမ​လေးအား
"ဒီ​လောကမာ မင်း​လေးကအလှဆုံးပါဘဲ"သူပြန်​​ဖြေတယ်

(Yuan Xian Festival)တရုတ်​မီးပုံးပျံပွဲ​နေ့မို့ တံတားထိပ်​ထက်​ လီမင်​နဲ့​ချောင်​အာတို့ မီးပုံးပေါ်ဆု​တောင်းစာ​ရေးကာ အတူလွတ်​ခဲ့ကြတယ်

ပျံတက်​သွားတဲ့မီးပုံရဲ့တစ်​ဖက်​က ​ချောင်​အာရဲ့ဆု​တောင်းက
/ချစ်​ရသူ​တွေနဲ့ သက်​ဆုံးထိတိုင်​/
တစ်​ဖက်​က​တော့
/သူနဲ့သာ ဘဝဆက်​တိုင်း/

မျက်​လုံး​လေးမှိတ်​ကာ လက်​နှစ်​ဖက်​ယှက်​ပြီးဆု​တောင်း​နေတဲ့သူမ​​လေးကို ကြည့်​ရင်းလီမင့်​စိတ်​ထဲ လှမ်းမမှီတဲ့ကြယ်​ပွင့်​​လေးလိုခံစားလာမိတယ်

ချစ်သောမိဖုရား(My dear Empress)Where stories live. Discover now