new life

14.9K 1K 14
                                    

မူးကနဲ မိုက်ကနဲ အာရုံတွေဝေဝါးပြီး တဖြည်းဖြည်းအမြင်ရှင်းလာတဲအခါ ချောင်အာအိပ်ယာပေါ်မှာ

"မင်းသမီးလေးနိုးလာပြီ မင်းသမီးလေးနိုးလာပြီ"

အူယာဖားယားပြေးနေကြတယ် သရုပ်ဆောင်တာဘဲကို စင်ပေါ်ကပြုတ်ကျမှ.

အဲ သရုပ်ဆောင်တာဆိုလို့ ငါချောင်အာလေး main characterတစ်ယောက်လုံးလဲသွားတာတောင် ပွဲမပျက်ဘူးပေါ့

ပွဲ ပွဲဆိုလို့စင်ကဘာလို့ဒီလောက်တောက်ကျယ်သွားပါလိမ့် ပရိသတ်ဘက်ကရောဘာလို့တံခါးတွေပိတ်နေတာလဲ ဒါမှမဟုတ် ဖောက်တွင်းမြင်တဲ့တံခါးများလား????

ငါလဲနေတုန်းများမေ့ရှီး ပွဲကိုကျောင်းဘာလုံးကွင်းကို ရွေ့လိုက်တာများလား???

"သမီးတော်" ခေါ်သံနဲ့အတူ အဝါရောင်အင်္ကျီနဲ့လူကြီး ကြည့်နေတုန်းမှာ "အင့်" ဘာလားဘာလို့လာဖက်​နေတာတုန်း ခေါင်းမူးနေတာကို

"သမီးတော်နိုးလာပြီ သမားတော်ကိုဆုတော်ငွေချီးမြှင့်လိုက်" အန်ဘာလား ဒီလူကြီးကအသက်မှအားမနာဝင်သရုပ်ဆောင်နေတယ်

"ဦးလေးက ဆရာလား"ချောင်အာတိုးတိုးလေးမေးလိုက်တယ် ဟုတ်တယ်လေသူတို့ကသရုပ်ဆောင်နေတာ ပရိသတ်သတိထားမိလို့မဖြစ်

"သမီးတော်" ထိုလူကြီးကခေါ်တော့ချောင်အာလန့်သွားသည်
သြော်​ အင်းပါသရုပ်ဆောင်တုန်းစကားမပြောဖို့ပြောချင်​တာနေမာ

"အိမ်ရှေ့စံကြွချီလာပါပြီ"

ချောင်အာစိတ်ထဲ မေ့ရှီးကိုဘဲရှာနေမိသည် ဟုတ်တယ်လေသူမမှ ဇာတ်ညွှန်းမသိတာ တွေးနေတုန်း

"ချောင်အာ" ခေါ်သံနဲ့အတူ ချောင်အာမျက်နှာပါးနုနုလေးပေါ်အဲ့အိမ်ရှေ့စံနာမည်ခံကြီးရဲ့ လက်ကကျ​ရောက်​လာတယ်

လွန်ပြီဘယ်လိုသရုပ်ဆောင်ဆောင် ဒါလွန်ပြီ ဖက်ကနဲ
လက်ကိုရိုက်ချလိုက်တယ်ဟုတ်တယ်လေဒီလိုပါးကိုကိုင်ခံဖို့နေနေသာသာ ယောကျာ်းလေးနဲ့ လက်တောင်ကိုင်ဖူးတာမဟုတ်

အဲ့အိမ်ရှေ့စံနာမည်ခံကြီးဆိုတဲ့ လေမှာတန်းလန်းကြီးရပ်ပြီးပြူးကြည့်နေတယ် ကြည့်ချင်ကြည့်မကြည့်ချင်နေ အသားလာမယူနဲ့

ချစ်သောမိဖုရား(My dear Empress)Where stories live. Discover now