My Dear Empress-59

2K 121 38
                                    

Unicode
...
၂နှစ်ကြာသော်
...
တဝေအင်ပါရာဘုရင်သည် မိဖုရားနှင့်အတူ အေးချမ်းရာအရပ်၌တရားအားထုတ်ရန်နန်းစွန့်ခဲ့လေသည်။ ထို့ကြောင့်အိမ်ရှေ့စံလီမင်က အင်ပါယာဘုရင်မြတ်ဖြစ်လာပြီး ချောင်အာကမိဖုရားခေါင်ကြီးဖြစ်လာကာ အနောက်ဆောင်ကိုတစ်ဦးထဲအပိုင်ရသည်။

အကဲပိုလွန်းတဲ့ဘုရင်နဲ့ ချောမောလှပသွက်လက်တဲ့မိဖုရားတို့၏ချစ်ခြင်းက တိုင်းသူပြည်သားတို့၏ပါးစပ်ဖျားမှမချနိုင်တဲ့ အချစ်ရာဇဝင်ပုံပြင်လေးဖြစ်လာလေတယ်။

နှစ်ဦးအတူရှိပါလျှင် လောကမှာရှိသောအတွဲတိုင်း မှေးမှိန်သွားရလောက်သည်ဟု တိုင်းသူပြည်သားများအကြား ဥပမာပြောစမှတ်တွင်ရလောက်သည့် စံပြပုဂ္ဂိုလ်များဖြစ်လာသည်။ အင်ပါယာဘုရင်မှာ နန်းသက်တစ်နှစ်ကျော်ပြီဖြစ်သော်လည်း နောက်ထပ်ဘာမိဖုရား ဘာကြင်ယာတော် ကိုယ်လုပ်တော့မှမတော်ကောက်ပေ။

ဤအခြင်းရာကို တိုင်းသူပြည်သားများမှာလည်း အထူးပင်ဂုဏ်ယူကျေနပ်ကြလေသည်။ အချို့ဆိုလျှင် ကြင်ရာတော်သစ်တော်ကောက်ပါက သောင်းကြန်းမည်ဟုကြွေးကြော်ရလောက်သည်အထိ ဘုရင့်ဇနီးမောင်နှံကိုဝန်းရံသူများရှိကြလေသည်။

တစ်ဖက်မှာလဲ မကျေနပ်သူများရှိကြလေသည်။ သူတို့မှာအတွင်းဝန်ကြီးများနှင့် မှူးမတ်များသာဖြစ်ကြလေသည်။ သူတို့၏ညီမ,သမီးတစ်ဦးဦးသာ တော်ကောက်ခံရမည်ဆိုလျှင် စစ်ရေးစစ်ရာသာမက ညီလာခံတွင်ပါအင်အားကြီးမားလာမည်မှာ အသေချာပင်။

သို့သော်အင်ပါယာဘုရင်မှာ မိဖုရားခေါင်ကြီးမှလွဲ၍မည်သူ့မှ လက်မခံဆိုတာကိုလည်းသိသည်။ ထို့ပြင်ငယ်ရွယ်သောမိန်းမငယ်လေးတစ်ဦးအားကောက်ယူရန် အကြံပြုလျှင်လည်း မိဖုရားခေါင်ကြီးမှာ၁၈နှစ်ကျော်သာရှိသေးကာ ပြစ်ချက်မရှိသည့်အလှမျိုးကိုပိုင်ဆိုင်ပြီး သူမတွင်ကျောထောက်နောက်ခံ ချောင်နိုင်ငံတစ်ခုလုံးရှိသေးလေသည်။ ထိုအရာအားလုံးထက်ကျော်လွန်လှပသည့်အမျိုးသမီးငယ်များမှာလည်း သူတို့ထံ၌မရှိကြပါလေ...

ဤမျှစိတ်ရှုပ်စရာကောင်းသော လောက်ကောင်တို့သည် ညီလာခံတွင်လည်း "မင်းကောင်းမင်းမြတ်တို့မည်သည် မိန်းမကောင်းများစွာတို့၏အလုပ်အကျွေးကိုခံယူထိုက်သည်။ သားသမီးမြေးမြစ်တိုးပွားစေရန် ကြင်ယာတော်များကို ရွေးချယ်တော်မူပါ" ဟုပင် အခွင့်ရေးရတာနဲ့တကျီကျီအော်နေတတ်ကြလေသည်။

ခ်စ္ေသာမိဖုရား(My dear Empress)Where stories live. Discover now