My Dear Empress 36

5.4K 561 50
                                    

"မင်္ဂလာနံနက်​ခင်းပါ က​လေး​​လေး"

နိုးနိုးချင်းလီမင့်​ကို ကုတင်​​ဘောင်​ကိုလက်​​ထောင်​ပြီးပြုံးကြီး​နေတာမြင်​​တော့​ကြောင်​သွားတာအမှန်

စကားပြန်​​ပြောမလို့လုပ်​ပြီးမှ မျက်​နှာမသစ်​ရ​သေး​တာသတိရပြီး လက်​ဟန်​​ခြေဟန်​နဲ့ထွက်​သွားခိုင်းတာကိုလူကြီးက​ကြောင်ြ​ကည့်​​နေတယ်

ပါးစပ်​​လေးလက်​နဲ့အုပ်​ပြီးရှက်ေ​နတဲ့​ချောင်​အာကို လီမင်​ဆွဲပြီးနဖူးကိုနမ်းလိုက်​တယ်

ကြောင်​အ​နေတဲ့က​လေးမ​လေးက မျက်​လုံး​လေးပြူးပြီး လီမင့်​အမြင်​မှာ တကယ့်​ချစ်​စရာ

"အင်္ကျီလဲပြီးထွက်​လာခဲ့က​လေး မင်း​လေးအတွက်​ကိုလိုက်​ပြစရာရှိတယ်​"

ချိုင်​ယွဲ့တို့အင်္ကျီကူလဲ​ပေး​တော့မ​နေ့ကအဖြစ်​အပျက်​ကို နဲနဲအကြမ်းဖျင်း​တော့သိလိုက်​ရတယ်

"လာ ကိုယ့်​လက်​ကိုတွဲ ​ချော်​လဲကျမယ်​"

လက်​ကိုချိတ်​ဖို့​ပေးတဲ့လီမင့်​ကို ​ချောင်​အာကြည့်​ပြီး​တွေ​ဝေ​နေမိတယ်​ လီမင်​​နောက်​တခါလက်​ကိုထိုး​ပေးမှအသိဝင်​ပြီး ​ချောင်​အာခပ်​ဖွဖွလက်​ချိတ်​လိုက်​တယ်

"ဘယ်​ကိုသွားမာလဲဟင်​"

"အ​နောက်​ဘက်​ဥယျာဉ်​ကို"

"အ​နောက်​ဘက်​ဥယျာဉ်​?" အ​နောက်​ဘက်​မှာကိုယ်​လုပ်​​တော်​​တွေဘဲရှိတာ​လေ ဘယ်​မှာဥယျာဉ်​ရှိလို့လဲ​ရော

.....

အလုပ်​သမား​တွေဟာ ​ဝေလီ​ဝေလင်းက​နေ မွန်းတည့်​တဲ့အထိ သခင်​ကြီးရဲ့အမိန့်​နဲ့ကိုယ်​လုပ်​​တော်​​တွေအ​ဆောင်​ကိုဖျက်​ထားပြီး အသာယာဆုံးဥယျာဉ်​ကို​တည်​​ဆောက်​စိုက်​ပျိုးထားရတယ်

ဟိုးတ​နေ့ကလာတုန်းကနဲ့တခြားစီ ပန်း ပန်း​တွေ ဟိုမှာလဲပန်း​တွေ ပန်းတကာ့ပန်း​တွေ ဘယ်​လိုဖြစ်​ကုန်​တာလဲ

"အိမ်​​တွေက​ရော?"

"ဖျက်​လိုက်​ပြီ"

"အဲ့ဒါဆိုသူတို့က​ရော"

ချစ်သောမိဖုရား(My dear Empress)Where stories live. Discover now