My Dear Empress 30

5.4K 525 10
                                    

တ​​ရွေ့​ရွေ့နဲ့သွား​နေတဲ့ လှည်း​ပေါ်မာအရာရာငြိမ်​​နေ​ပေမယ့်
အငြိမ်​မ​နေတာလား ဘသူရှိမလဲကျ​နော့ရဲ့က​လေး​ပေါ့

မြင်​မြင်​ချင်းအချစ်​ဆိုတာယုံလား ကျ​နော်​​တော့ယုံသွားခဲ့ပြီ
က​လေးမ​လေးကိုမြင်​မြင်​ချင်းတည်းက အဆန်း​လေးမို့သ​ဘောကျခဲ့တာ

အမှတ်​မထင်​ ​ကျ​နော့ဇနီး​လေးဖြစ်​လာ​တော့ရူးမတက်​​ပျော်​ခဲ့ရတယ်​ ကျ​နော်​ကိုယ်ပိုင်ဆိုပြီး​​​ပိုင်​ဆိုင်​ချင်​တာ​ပေါ့ ဒါ​ပေမယ့်​ဖြူစင်​လွန်းတဲ့ ကျ​နော့်​က​လေး​လေးကျ​နော့ကို​ကြောက်​သွားမှာကျ​နော်​​ကြောက်​တယ်

တတ်​နိုင်​သ​လောက်​အလိုလိုက်​ပြီးမင်းကိုချစ်​သွားမယ်
မင်းဆီကအချစ်​ကိုလဲကိုယ်​လိုချင်​လှပြီက​လေး​လေး​ရေ

"က​လေး"

ဟင်​ဆိုတဲ့အသံနဲ့အတူလှည့်ကြည့်​လာတဲ့ပြူးတူး​လေး
အူးချစ်​လိုက်​တာ အသဲယားခြင်းများနဲ့အတူ
လီမင်​ပါးနှစ်​ဖက်​ကိုဆွဲညစ်​ပလိုက်​တယ်​ နှစ်​​ယောက်​တည်းရှိ​နေချိန်​​တွေဟာတကယ်​ရှားလွန်းတယ်

"ဒီမျက်​လုံးက​လေးကိုခဏ​လောက်​အနား​ပေးပါဦးလား ပွဲမှာလဲကြည့်​စရာ​တွေကအများကြီးလာဦးမှာ မုန့်​စားကြည့်​ချင်​ရင်​ကို့ကိုကြည့်​"

"ဟိ သူကကြည့်​စရာ​ကောင်းတာကို"

"အမယ်​ က​လေးမ က​လေး​တွေဆိုတာမညာရဘူး ​ချောရင်​​ချောတယ်​​ပေါ့"

"ဆု​တောင်း​လေ"

လီမင်​မှိုရတဲ့မျက်​နှာနဲ့ လက်​နှစ်​ဖက်​ထပ်​ပြီး
"ကို့က​လေးနဲ့တူ​တဲ့သမီး​လေးရရပါလို၏"

"ဟာ လူယုတ်​မာကြီး အကျင့်​ပုပ်​ကြီး"

"ဟက်​ဟက်​ ချီးထုပ်​က​လေး"

.....

"ကျန်းကိုယ်​ရံ​တော်​ ဝမ်​ရယ်​ကအစ​နောက်​သန်​တယ်​​နော်​"

"ချိုင်​အထိန်း​တော်​ထင်​လို့ပါ အရင်​ကကျ​နော်​တို့
ဝမ်​ရယ်ဆိုတာဘယ်​လိုလဲမှမသိဘဲ"

"ရှင်​"

ကျန်း​လော့ဘာမှမ​ပြော​တော့သလို လှည့်​လဲမကြည့်​​တော့တာမို့ ချိုင်​ယွဲ့နဲနဲ​တော့​ထူးဆန်းသလိုမင်းသမီး​လေးကိုလဲစိတ်​ပူသွားတယ်

ချစ်သောမိဖုရား(My dear Empress)Where stories live. Discover now