My dear Empress-57🚨

4.6K 183 18
                                    

Zawgyi (Alittle warning)

ချောင်​အာခုသူမဖြစ်​ပျက်​​နေတဲ့အ​ခြေ​အ​နေကိုသိဖို့ မနည်းစဉ်းစားလိုက်​ရတယ်​ ဘာလို့​သာ​ကောက ဒီကို​ရောက်​လာရတာလဲ အ့ပြီးငါ​လေးကို​ရောဘာလို့လာဖက်​ထားရတာလဲ!!

.....

တစ်​ဖက်​မှာလဲ လီမင်​စစ်​​ရေးစစ်​​ရာ​ဆွေး​နွေး​နေချိန်​မို့ စစ်​သူကြီး​တွေ​ရော စစ်​​ရေးအကြံ​ပေး​တွေပါ​အ​လေးနက်​​ခေါင်းစား​နေကြတယ်

အဲ့အချိန်​မှာသူတို့​ဆွေး​နေရာအခန်း​ရှေ့ကို ​ချောင်​အာကိုကာကွယ်​​ပေးရတဲ့အရိပ်​ကိုယ်​ရံ​တော်​​ရောက်​လာတာကိုမြင်​လိုက်​တာနဲ့ လီမင်​မျက်​​မှောင်​ကြုပ်​မိသွားတယ်​ သူက​သူမအနားမှာရှိ​နေရမှာ​လေ

အရိပ်​ကိုယ်​ရံ​တော်​မှာအဖြစ်​ပျက်​​တွေတင်​ပြဖို့ ​ခေါင်းမီး​တောက်​​နေ​ပေမယ့်​ သူ့အဆင့်​သူသိတာ​ကြောင့်​​တောင့်​​တောင့်ကြီးဘဲရပ်​​နေတယ်​ လီမင်​ကလက်​ကိုအချက်​ပြလိုက်​မှ သူ့နားလာကာဖြစ်​သမျှကိုကပ်​တိုး​ပြော​လေ​တော့တယ်

လီမင်​ရဲ့တည်​ငြိမ်​တဲ့မျက်​နှာမှာ ​ဒေါသ​တွေအစားထိုးလာပြီး သူလက်​တင်​ထားတဲ့ခုံကို​ အားနဲ့​ဆောင့်​ချလိုက်​တာခုံမှာ သစ်​သားပုံအဖြစ်​​ပြောင်းလဲသွား​လေ​တယ်

မင်းသားလီ​ဒေါသကြီးတာကိုကြားဖူးကြ​ပေမယ့်​ ​တော်​ရုံဆိုမျက်​နှာတည်​နဲ့ဘဲ​နေတတ်​ပြီး သူစိတ်​ဆိုးတယ်​ဆိုတာတအားရှားတာ​လေ။ မင်းသားလီဟာမိန်းမ​ပွေလီတယ်​လို့ တချိန်​ကအများသိကြ​ပေမယ့်​ စစ်​နတ်​ဘုရားဆိုတဲ့အရှိန်​အဝါ​ကြောင့်​ သူ့ကို​ကြောက်​ရွံ့ကြသူချည်းသာ

လီမင်​အခန်းထဲကဘာမှမ​ပြောဘဲ ထထွက်​သွားတာ​ကြောင့်​ ကျန်​လူများမှာလဲ တစ်​​ယောက်​ကိုတစ်​​ယောက်​​တွေ​တွေကြီးကြည့်​ကာကျန်​ခဲ့​တော့တယ်

...

အရင်​လိုသာဆို ​ချောင်​ဟန်​လိုအိမ်​​ရှေ့စံကသူမဆီလာတာ ကိစ္စမရှိ​ပေမယ့်​ ခုကနန်းမတက်​ရ​သေး​ပေမယ့်​သူက ရှင်​ဘုရင်​ဖြစ်​လာ​တော့မယ်​ဆိုတာက အမှန်​တရားဘဲ​လေ

ချစ်သောမိဖုရား(My dear Empress)Where stories live. Discover now