My Dear Empress-58

3.2K 179 24
                                    

Zawgyi

နံနက်​ခင်းထဲက ​ချောင်​အာ​လေးကို​တွေ့လို​တွေ့ငြား ဥယျာဉ်​ထဲမှာ​ချောင်​ဟန်​ငါးစာ​ကျွေးရင်း​စောင့်​​နေမိ​ပေမယ့်​ မွန်းတည့်​တဲ့ထိအရိပ်​​​ယောင်​မ​တွေ့ရ​သေးသလို ​လီမင့်​ငါး​တွေလဲ​ဖောင်းကား​နေပြီ

...

မွန်းလွဲ၂ချက်​တီး​လောက်​မှ နိုးထလာ​တဲ့အလှပန်းငုံဖူး​လေးကို ​လီမင်​ရင်​ခွင်​ထဲထည့်​ရင်း စား​သောက်​​ဆောင်​ကိုတွဲ​လျှောက်​လာခဲ့တယ်

လီမင်​ရဲ့အ​စေခံတစ်​​ယောက်​​ဆီကဖိတ်​ကြားမှု​ကြောင့်​ ချောင်​ဟန် စား​သောက်​ခန်းနားအ​ရောက်​ ချိုမြိန်​လှ​သောရယ်​သံ​လေး​ကြောင့်​ရင်​ထဲ​အေးချမ်းသွား​ပေမယ့်​ သူမနဲ့အတူရှိ​နေ​သူ​နောက်​တစ်​ဦး​ကြောင့်​ စိတ်​မကြည်​ဖြစ်​သွားတာ​တော့အမှန်​။

အ​စေခံကတံခါးဖွင့်​​ပေးလိုက်​​တော့ လီမင့်​ရင်​ခွင်​ထဲကခွံ​ကျွေးတာစား​နေတဲ့​ချောင်​အာက ​​သူ့ကိုမြင်​​တော့အတင်းရုန်းထ​ပေမယ့်​ လီမင်​က​ပေးမလွတ်

"ကျွန်​​တော့်​အိမ်​သူသက်​ထားကဒီချိန်​မှထလို့ အိမ်​​တော်​မှာစား​သောက်​ချိန်​​တွေလွဲ​နေတာ အရှင့်​သား​ဗွေမယူပါနဲ့"

"အိုး ကိုယ်​​တော့်​နှမငယ်​​လေးက ဘယ်​တုန်းကဒီလိုအကျင့်​ဆိုး​လေး​တွေရှိသွားတာလဲ"

ကြားထဲက​ချောင်​အာက​တော့ တိုင်​နဲ့​ခေါင်းနဲ့သာ​ဆောင့်​လိုက်​ချင်​​တော့သည်​။ သူမလို​တော်​ဝင်​မင်းသမီးတစ်​​ယောက်​မှာ ဒီလိုအကျင့်​ဆိုး​တွေ ဘယ်​ရှိခဲ့မှာလဲဟ ​သေချာ​ပေါက်​လီမင်​ကြီး​ကြောင့်​​ပေါ့!!

ချောင်​ဟန်​ရဲ့​ပြောစကား​ကြောင့်​ လီမင်​မျက်​ခုံးအသာပင့်​မိသွားတယ်​။ အဲ့​တော့ဆိုလိုတာက က​လေးကငါ့ကိုမို့ တမင်​ဆိုးတာ​ပေါ့​လေ ဒီ​ခွေးပါးစပ်​ကထွက်​သမျှထဲ ဒီစကားဘဲလူစကားဆန်​တယ်

လီမင်​ သူမ​လေး​ရဲ့ဆံနွယ်​စ​လေးတို့ကို မြတ်​နိုးစွာအသာသပ်​လိုက်​​တော့ မ​နေ့ကသူတို့ချစ်ထားတဲ့ အမှတ်​အသားက သူမ​လေးရဲ့လည်​တိုင်​​ကျော့​ကျော့မှာအနီ​ရောင်​ထင်​​နေ​လေ​တယ်​။

ချစ်သောမိဖုရား(My dear Empress)Where stories live. Discover now