ရုပ်ဆိုးထိပ်ပြောင်

8.1K 936 30
                                    

ဘာာာာာ!!!!!
ချောင်အာရဲ့အော်သံကြောင့် သစ်ပင်ကြားတွေမှာနားနေတဲ့ငှက်တွေတောင်လှုပ်လှုပ်ရှားရှားဖြစ်ကုန်တယ်

"ဘာဖြစ်တယ်ငါ ငါလေးက အိုးဟိုး အဓိပ္ပါယ်မရှိတာ နင်မသိဘဲနဲ့ချိုင်ယွဲ့

ခမည်းတော်ကတဝေကိုလက်ဆောင်ပေးမယ်ပြောတာလေ ငါ့ကိုလက်ထပ်ခိုင်းတာတစ်ခွန်းမှမပါဘဲဟာ"

ချိုင်ယွဲ့လဲအပြိုင်ငြင်းရတာ အသဲတွေယားလွန်းလို့ခြေဆောင့်ပြီးဘဲငိုချင်လာတယ် ဘယ်လိုဖြစ်လို့မင်းသမီးလေးကကပ်သီးကပ်သတ်တွေပြောနေရတာလဲ

ချောင်အာတို့ဒီကိစ္စကိုတိုင်ပင်နေတာ ၅နာရီလောက်ရှိတော့မယ် ခုထိလက်မခံနိုင်သေးဘူး

ချောင်အာထင်နေတာက သူမအတွက်အကယ်၍သာလက်ထပ်ရမယ်ဆိုရင်တောင် အလွန်ဆုံးရှိလှ ကော(ချောင်ဟန်)ပေါ့

အာ့ကြောင့်ကြိုးရှည်ရှည်နဲ့လှမ်းထားပြီး အကဲခတ်နေတာ

ခုတော့ဘယ်နဲ့ ဘာကြီး ဘယ်သူမှန်းမသိတဲ့လူတိုင်းပြည်ကိုသွား တူတူလက်ထပ်ရအောင်ငါ့ကိုရှေးခေတ်ကများမှတ်နေလားဟွန်း သြော် အေး ဒါရှေ့ခေတ်ဘဲ😣

စိတ်တွေလဲညစ်တယ်နော်.. "ချိုင်ယွဲ့တဝေနဲ့ အဲ့လူအကြောင်းနင်သိသလောက်ပြောပြ"

"နူးဘီသိတာကတော့ တဝေက ချောင်နိုင်ငံထက်ပိုကြီးတယ် အဲ့တိုင်းပြည်ကစည်ကားတယ်

အဟီးအထူးသဖြင့် ယောကျာ်းလေးတွေချောတယ်တဲ့ မယုံပေမယ့် အမတ်စန်းကိုကြည့်ပြီးလက်ခံသင့်တယ်လို့ထင်တယ်"

ချောင်အာမျက်စောင်းထိုးလိုက်တော့ ချိုင်ယွဲ့ရုပ်တည်သွားပြီးဆက်ပြောတယ် "ကျန်တာကတော့ သတင်းသွားယူတဲ့အစေခံလာမှဘဲနူးဘီဆက်ပြောပြမယ်နော်"

ပြောနေတုန်းမှာဘဲ အစေခံတစ်ယောက်ဝင်လာပြီးချိုင်ယွဲ့ကို တိတ်တိတ်လေးကပ်ပြီးပြောနေလေရဲ့

"အဟမ်း အခုနူးဘီ အဟမ်းသိသွားပါပြီ"

"ဘာကိုအဟမ်းနေတာလဲ မြန်မြန်ပြောလေ"

"ဟုတ် မင်းသမီးလေးလက်ဆက်ရမယ့်မင်းသားကအိမ်ရှေ့စံပါတဲ့ "

ချစ်သောမိဖုရား(My dear Empress)Where stories live. Discover now