ချောင်အာ

25.6K 1.1K 22
                                    

"Mornee ချောင်အာ"
"Mornee မေ့ရှီး"ဟုပြန်လည်ပြောရင် သူမ၏မနက်ခင်းလေးစတင်ခဲ့တယ်

"ချောင်အာလေးဒီနေ့လဲလှနေလိုက်တာကွာ"
"ချောင်အာနဲ့ မသေခင်ရည်းစားဖြစ်ဖူးချင်ရဲ့"
"ချောင်အာ..".."

ထိုစကားတို့သည်ချောင်အာအတွက် မနက်ခင်းဖွင့်နေကြသီချင်းတွေကဲ့သို့သာ

ချောင်အာပြုံးလိုက်သည် ဟုတ်သည်သူမသည်ကျောင်း၏queen သူမသည် အိနြေ္ဒမာနကြီးကာ လူများအားစိတ်ဝင်မစားဟုထင်ကောင်းထင်မည်

သို့သော်သူမကိုထိုသူမြှောက်ပင့်လျှင် ချောင်အာသိပ်ပျော်သည်သူမကိုကောင်လေးတွေဝိုင်းကြိုက်ကြလျှင် ချောင်အာကျေနပ်သည်

ဘယ်သူသိမှာလဲ အဲ့ဒီ အိနြေ္ဒဆိုသည့်coverထဲတွင် အင်မတိအင်မတန် စပ်စလူးဓာတ်ဘူးမလေးချောင်အာရှိမည်ဆိုသည်ကို

ချောင်အာကိုမေမေသည်အမြဲမှာသည် ယောကျာ်းလေးများနှင့်ကင်းကင်းနေရန် ရည်းစားမထားရန် ပညာရေးတွင်သာစိတ်နှစ်ထားရန်တို့ကို

ကောင်လေးများသူမကိုကြိုက်လျှင်မသိချင်ယောင်ဆောင်ပေမယ့် ချင်းအာသိတယ်

အဲ့လိုဘဲသူမကိုကြိုက်တဲ့ကောင်လေးတစ်ယောက်ယောက် အခြားကောင်မလေးကိုကြိုက်လျှင် အဲ့ကောင်လေးကို​ချောင်​အာမကြိုက်ပါသော်လည်း ချောင်အာမကျေနပ်

သို့သော်ထိုအရာများကိုမည်သူတောင်မသိ ချောင်အာစိတ်ထဲတွင်သာရှိသည်

ဤသို့တစ်ယူသန်သောတစ်ကိုယ်ကောင်းစိတ်ကို ချောင်အာကိုယ်တိုင်သိသည်
သို့သော်သူမကိုယ်တိုင်ကပြင်ရန်စိတ်ကူးမရှိပေ
................

"ချောင်အာ တဖြည်းဖြည်းနဲ့ငါတို့လဲတစ်နှစ်ပြီးတော့မယ်နော်"

"အင်း"ဟုဆိုကာမေ့ရှီး၏လာမည့်စကားကိုဆက်နားထောင်နေလိုက်သည်

"ဆရာမကပြောတယ် ဒီတစ်ခေါက်ကျောင်းပိတ်ပွဲမှာလုပ်တဲ့ပြဇာတ်ကို ထူးထူးခြားခြားလေးဖြစ်စေချင်တယ်တဲ့ ငါကတော့စဉ်းစားထားတယ် နန်းတွင်းပုံစံလေးလုပ်မလားလို့"

"နန်းတွင်း?"မျက်လုံးပြူးပြူးလေးနဲ့ ပြန်လည်မေးခွန်းထုတ်လာသည့်ချောင်အာလေးကိုကြည့်ကာမေ့ရှီး ပြုံးမိသည် ဖြူစင်လိုက်တဲ့ချောင်အာလေး😊

ချစ်သောမိဖုရား(My dear Empress)Where stories live. Discover now