My Dear Empress-45

4.6K 504 66
                                    

Zawgyi

သာယာလှတဲ့မနက်​ခင်း​လေးတစ်​ခုမှာ အိမ်​​တော်​​နောက်​ကပန်းခြံထဲမှာ​ချောင်​အာ​လေးစားဖို့မနက်​စာကို လီမင်​ကိုယ်​တိုင်​အ​ဖော်​ပြု​ပေး​နေတယ်​ ချစ်​ရသူနဲ့ရှိတဲ့မနက်​ခင်းတိုင်းဟာ​ ​သေချာ​ပေါက်​သာယာတာ​ပေါ့
(May-ဟုတ်​ဘူးလားစာဖတ်​သူအ​ပေါင်းတို့≧◔◡◔≦)

"အိမ်​​ရှေ့စံ ​ချောင်​နိုင်​ငံကစာ​တော်​ပါးလိုက်​ပါတယ်​"

လီမင်​ယူပြီးဖတ်​ပြီးသည်​အထိ ​ချောင်​အာ​ဘေးမှာငြိမ်​ငြိမ်​​လေးထိုင်​စား​နေလိုက်​တယ်

"က​လေး က​လေးမှာအကိုရှိတယ်​ဟုတ်​"

"မရှိ အွန်းရှိတယ်​" တစ်​ဦးတည်း​သောသမီးဖြစ်​တဲ့​ချောင်​အာ​လေး ရုတ်​တရက်​မို့​မေ့သွား​သော​ကြောင့်​စကားကိုအမြန်​ပြန်​ဖာလိုက်​​လေတယ်

ဤခဏတဖြတ်​​လေးကဘဲ လီမင်​ကိုမသင်္ကာသဝန်​တိုစရာအဖြစ်​​ ​ပြောင်းသွားတာကို ​ချောင်​အာသတိမထားလိုက်​မိ​လေဘူး

"​ချောင်​နိုင်​ငံကအိမ်​​ရှေ့စံလက်​ဆက်​​တော့မယ်​တဲ့ က​လေး"

ချောင်​အာကဘာမှထူးခြားပုံ​တော့ပြလာမလာ​ပေမဲ့ သူမမျက်ရိုး​လေးတွန့်​ချိုးလာကာ

"ဘသူနဲ့လဲ"

"စာလွှာထဲမှာ​ရေးထားတာက လန်​မင်းသမီးတဲ့"

ဟွင်းခနဲဆိုကာ ဆက်​လက်​၍သူမ​လေးရဲ့မနက်​စာကိုသာဆက်​စား​နေ​တော့သည်

"ဘာလို့လဲ က​လေးကသ​ဘောမကျလို့လား"

"လန်​လန်​မင်းသမီးက စိတ်​ထားမ​ကောင်းဘူးရယ်​"

"​သြော်​ က​လေးကက​လေးအကိုကိုစိုးရိမ်​​နေပုံရတယ်​ " လီမင်​က​တော့ သူ့​ချောင်​အာ​လေးကိုအထင်​လွဲပြီး အကိုအကိုအကိုဆိုသည်​များကိုသာ​ခေါင်းထဲဝင်​​အောင်​​ပြော​နေ​လေသည်

"မပူပါနဲ့ ​က​လေးရဲ့အကိုကလဲ​ယောကျာင်္းဘဲ​လေ က​လေး​ပြောသလိုလန်​မင်းသမီးကမ​ကောင်းရင်​ သူ​နောက်​ဇနီး​တွေကိုယ်​လုပ်​​တော်​​တွေယူလို့ရပါ​သေးတယ်​"

ချစ်သောမိဖုရား(My dear Empress)Where stories live. Discover now