Chapter - 44

4.4K 700 16
                                    

[Zawgyi]

{အချစ်စစ်လေးရောက်လာပြီ}

ချီရှန်းနဲ့နဉ်ရှုတို့က ချီအိမ်တော်ရဲ့အဝင်ဝမှာ စိတ်အားထက်သန်စွာစောင့်ဆိုင်းနေကြသည်။ နောက်ဆုံးတော့ အရံအမျိုးသမီးဇာတ်လိုက်ရောက်လာပေပြီ။

ရထားလုံးက သူမတို့ရှေ့မှာရပ်သွားပြီး လှပတဲ့လက်တစ်စုံက ရထားလုံးလိုက်ကာစကိုမတင်လိုက်သည်။ လီယုဖေးက ဘယ်လိုပုံစံမျိုးလဲဆိုတာမြင်ရဖို့ နဉ်ရှု သူတို့ကိုကြည့်နေလိုက်သည်။

သို့သော်လည်း ထွက်လာသူက ဆံပင်ကိုနှစ်ဖက်ခွဲထုံးထားတဲ့ အစေခံတစ်ယောက်ဖြစ်နေ၏။ အစေခံဆင်းလာပြီးမှသာ နောက်လက်တစ်ဖက်က ရထားလုံးထဲကနေထွက်လာသည်။ အနှီလက်က နှင်းပွင့်လေးလိုနူးညံ့ကာ သွယ်ပျောင်းတင့်တယ်သည်။ ထိုလက်က အစေခံမလေးကမ်းပေးထားတဲ့လက်ပေါ်ကို ကျရောက်သွားသည်။

ချီရှန်းရဲ့စိတ်လှုပ်ရှားနေမှုကို နဉ်ရှုခံစားလို့ရနေသည်။ သူက ရထားလုံးကို မျက်တောင်တစ်ချက်မခတ်ဘဲ စိုက်ကြည့်နေ၏။

အဝါနုရောင်ကိုဝတ်ဆင်ထားတဲ့အမျိုးသမီးတစ်ဦးက ခေါင်းအနည်းငယ်ငုံ့ကာ ရထားလုံးထဲမှထွက်လာပြီး အစေခံမလေးရဲ့အကူအညီနဲ့ အောက်ကိုဆင်းလာသည်။ ထို့နောက် သူမက နတ်သမီးတစ်ပါးလို တင့်တယ်စွာဖြင့် ဖြေးညင်းစွာလျှောက်လှမ်းလာ၏။

သူမရဲ့မျက်နှာက ပြီးပြည့်စုံကာလုံးဝန်းပြီး သူမနှုတ်ခမ်းထက်က အပြုံးဖျော့ဖျော့ကတော့ လှပကြော့ရှင်းပြီးမိန်းမဆန်သောနွေးထွေးသည့်လေထုဖြစ်ပေါ်လာစေသည်။ ဒါကပင် လူတွေကို သူမအားအလိုလိုက်ကာကွယ်ပေးချင်စိတ်ဖြစ်ပေါ်လာစေသည်။

ချီရှန်းက အမြင်ကောင်းရှိသားပဲ။ မုယန်မုန့်ကြောင့်သာမဟုတ်ရင် လီယုဖေးက ကြင်နာနူးညံ့တတ်တဲ့သူပဲဖြစ်နေလောက်တယ်။ ဒါပေမယ့် မနာလိုမှုတွေကြောင့် သူမက ရန်လိုမုန်းတီးတတ်တဲ့ အရံအမျိုးသမီးဇာတ်လိုက်ဖြစ်လာပြီး မုယန်မုန့်ရဲ့ရုပ်ရည်ကို ဖျက်ဆီးပစ်ခဲ့တယ်။

သူမရောက်မလာခင်မှာပင် ချီရှန်းက သူမဆီအပြေးလေးသွားကာ ပြုံးရင်း သူမလက်ကိုကိုင်လိုက်၏။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now