Chapter - 8

7.1K 992 35
                                    

[Zawgyi]

<စိတ်ဒဏ်ရာမှတ် +5>

ဒီခန္ဓာကိုယ်က သူ့အလိုလိုပင် ဆွဲဆောင်မှုအရှိဆုံးအမူအရာကို ပြုလုပ်နေပြီးဖြစ်သည်။ သူမရဲ့ခါးက ဒီလိုပုံစံမျိုးယိမ်းနွဲ့နေတာတောင် သူမ သက်တောင့်သက်သာဖြစ်နေဆဲဆိုပေမယ့်လည်း နဉ်ရှုက သူမရဲ့တင်ပါးတွေကိုကျုံ့လိုက်ကာ တင်ပါးတွေလှုပ်ခါနေမှုရပ်တန့်သွားအောင် အတင်းအကြပ်လုပ်ဆောင်လိုက်သည်။ ပြီးနောက် ထိုပုံစံအတိုင်းပင် စစ်ထူချင်းယွီထံသို့ အတောင့်လိုက်လျှောက်သွားလေ၏။

စစ်ထူချင်းယွီက သူ့အပေါ်ဝတ်တွေကို အလျင်အမြန်ချွတ်လိုက်ကာ သူ့ရဲ့သန်မာတောင့်တင်းတဲ့ခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်သည်။ ဒီလိုရင်သပ်ရှုမောဖွယ်မြင်ကွင်းကို ဖျက်ဆီးနေတဲ့တစ်ခုတည်းသောအရာက သူ့လက်မောင်းဆီမှ သွေးစီးကြောင်းပင်။

စစ်ထူချင်းယွီက ညင်သာစွာပြောလာသည်။

"ဒီစစ်သူကြီးရဲ့ဒဏ်ရာကို ပတ်တီးစည်းပေး။"

နဉ်ရှု လေးတွဲ့စွာပင် ပြန်ဖြေလိုက်သည်။

"ဘယ်လိုလုပ်ရမယ်ဆိုတာ ကျွန်မ မသိဘူး။"

"ဟမ်?"

စစ်ထူချင်းယွီက သူမကိုကြည့်နေတဲ့သူ့မျက်လုံးတွေကို အန္တရာယ်ရှိတဲ့အမူအရာနဲ့ ကျဉ်းမြောင်းလိုက်သည်။

"ဒဏ်ရာတစ်ခုကို ဘယ်လိုပတ်တီးစည်းပေးရမယ်ဆိုတာတောင် မင်းမသိဘူးလား? မင်းက ချမ်းသာတဲ့မိသားစုရဲ့ အလိုလိုက်ခံထားရတဲ့သမီးလေးပဲ။"

စစ်ထူချင်းယွီရဲ့လေသံက လှောင်သံစွက်နေသည်။ သူက အေးစက်စွာပြောလာလေ၏။

"မင်းလိုမိန်းမမျိုးတွေက တစ်ခြားသူတွေအပေါ် အထင်သေးတတ်ကြတယ်။ ဒါပေမယ့် အခု မင်းက ငါ့အကျဉ်းသားပဲ။ ဒါကြောင့် မင်းငါခိုင်းတာမှန်သမျှလုပ်ရမယ်။"

နဉ်ရှု သူမနှုတ်ခမ်းတွေကို မနှစ်မြို့စွာတွန့်ကွေးလိုက်ကာ စစ်ထူချင်းယွီရဲ့ဒဏ်ရာတစ်ဝိုက်မှာ ယွဲ့လန်ပြင်ပေးထားတဲ့ အဝတ်ပိုင်းတွေကို စတင်စည်းနှောင်ပေးလိုက်သည်။ စစ်ထူချင်းယွီက ဆိုးရွားတဲ့အမှတ်တရတစ်ချို့ကို သတိရသွားဟန်ဖြင့် နဉ်ရှုကို အလိုမကျမှု၊ မနှစ်မြို့မှုတို့ဖြင့် ကြည့်လာလေ၏။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Opowieści tętniące życiem. Odkryj je teraz