Chapter - 130

2.7K 462 13
                                    

Unicode

ဂိုဏ်းချုပ်က မိန်းကလေးကိုရှာနေတယ်
________________

ယခုအချိန်တွင်တော့ နဉ်ရှုသည် အားလပ်ချိန်များကို အထုပ်အပိုးပြင်ခြင်းဖြင့်ကုန်ဆုံးစေလျက်ရှိ၏။ ကျော်ကြားတဲ့သမာသမတ်ဂိုဏ်းတွေက နတ်ဆိုးဂိုဏ်းကို တရားမျှတမှုဆိုတဲ့နာမည်နဲ့ လာရောက်တိုက်ခိုက်တော့မည့်အချိန်ရောက်လာတော့မည်လေ။

ထပ်ပြောရလျှင် ယခုဆို ကုန်းဝူမေ့ရဲ့စိတ်အခြေအနေက ပိုဆိုးလာနေပြီဖြစ်၏။ သူမ သူ့အနားမှာ ရစ်သီရစ်သီထပ်မလုပ်ရဲတော့သည်အထိပင်။ သူက အမြဲလိုလို အခန်းထဲကပစ္စည်းတွေကိုပေါက်ခွဲတာ၊ ဒါမှမဟုတ် အစေခံတွေကိုသတ်တာလုပ်နေတတ်သည်။ သူ့ကို နည်းနည်းလေးစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ဘယ်သူမဆို ဆိုးရွားလွန်းတဲ့အဆုံးသတ်နဲ့ရင်ဆိုင်ကြရသည်။

နဉ်ရှု အတော်လေးကြောက်ရွံ့နေပေသည်။ သူမမှာ ကျားဖင်ကိုသွားကိုင်ပြီးမှ ပုန်းရှောင်နေတဲ့သူလိုခံစားနေရသည်။ ကုန်းဝူမေ့က သူမအပေါ် ရုတ်တရက်ကြီးခုန်အုပ်လာမည်ကို သူမလန့်နေ၏။ သူမ သေမလိုကြောက်နေသည်။ သူမကြောက်တာက တွန်းလှဲခံရမှာကိုပင်။ အဆုံးကျတော့လည်း အမျိုးသမီးဇာတ်လိုက်က သေတွင်းတွေကို သူမတူးချင်သလောက်တူးနိုင်သည်လေ။

[သေတွင်းတူးရင်တောင် မသေဘူးလို့ပြောချင်တာ။]

ကုန်းဝူမေ့မှာ သမာသမတ်ဂိုဏ်းတွေက သူ့ဂိုဏ်းကိုတိုက်ခိုက်ဖို့ အစီအစဉ်ဆွဲနေတည်းက စိတ်အခြေအနေမကောင်းတော့တာမှန်း နဉ်ရှု အတော်လေးသေချာနေသည်။

"မိန်းကလေးရှောင်ဟုန်၊ ဂိုဏ်းချုပ်က မိန်းကလေးကိုရှာနေတယ်။"

ကြီးကြပ်ရေးမှူးလျိုက နဉ်ရှုကိုလာရှာသည်။ ယခုတော့ နဉ်ရှုမှာ သည်လူ့ကိုမြင်သည်နှင့်ပင် ရွံ့တွန့်တွန့်ဖြစ်နေမိသည်။ ဒီလူက နဉ်ရှု သူ့ဆီ အဆိပ်ထုပ်တစ်ထုပ်ပစ်ပေါက်ချင်ရလောက်အောင်အထိကို ကုန်းဝူမေ့အပေါ် သောက်ရမ်းသစ္စာရှိလွန်းသည်။ ဒါက မကောင်းကြောင်းပြောနေတုန်း ရောက်ချလာသလိုပင်။

နဉ်ရှုက ကြီးကြပ်ရေးမှူးလျိုရဲ့နောက်ကနေ ခပ်တည်တည်ဖြင့် ကုန်းဝူမေ့အခန်းဆီလိုက်လာသည်။ ရှားရှားပါးပါး တံခါးပိတ်ထားသည်မို့ သူမ အံ့ဩသွားရသည်။ ပုံမှန်ဆို ကုန်းဝူမေ့က လူးလှိမ့်နေချိန်မှာတောင် တံခါးမပိတ်တဲ့အထိကို အထိန်းအကွပ်မရှိတာကို ဘာလို့ နေ့ခင်းကြောင်တောင်ကြီး တံခါးပိတ်ထားရတာလဲ?

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Tempat cerita menjadi hidup. Temukan sekarang