Chapter - 106

2.8K 472 13
                                    

Unicode

ကျေးဇူးပြုပြီး တပည့်ကို အရုပ်တွေဘယ်လိုပြင်ရမလဲသင်ပေးပါ!
___________

အကြင်နာတရားရှိရမည်ဟု နဉ်ရှုဖြေလေသောအခါ နတ်ဆေးသမားတော်က အေးစက်စွာရယ်သည်။

"ဒီအဖြေက မှားလို့လား?"

နတ်ဆေးသမားတော်က သူမကို သည်းလှိုက်အူလှိုက်ရယ်ချင်နေသောအမူအရာဖြင့်သာကြည့်နေသည်ကို နဉ်ရှုတွေ့သည်၌ သူမကမေးသည်။

"ဒါဆို ဆေးပညာလေ့လာတဲ့လူတွေကရော ဘယ်လိုစိတ်ထားရှိရမှာလဲ?"

နတ်ဆေးသမားတော်က သူမကိုကြည့်ကာ နူးညံ့စွာဆို၏။

"လောကကြီးထဲက သက်ရှိတွေမှန်သမျှက လူတစ်ယောက်ရဲ့လက်ထဲက အရုပ်တွေဆိုတာထက် ဘာမှမပိုဘူး။"

နဉ်ရှု : ...

ကျေးဇူးပြုပြီး လူစကားပြောပေးပါလား!?

နတ်ဆေးသမားတော်ကပြောသည်။

"မင်းက ဆေးပညာသင်ဖို့ မသင့်တော်ဘူး။"

"မဟုတ်ဘူး၊ တပည့်လုပ်နိုင်တယ်။"

နဉ်ရှုက အခိုင်အမာဆိုသည်။

"ဆေးပညာလေ့လာတယ်ဆိုတာက အရာတစ်ခုရဲ့ချို့ငဲ့နေမှုတွေကို တစ်ခြားတစ်ခုကိုသုံးပြီးဖြည့်စွက်တာပဲ။ လူတွေကိုကုသဖို့ ဆေးပင်တွေသုံးတယ်ဆိုတာက လူတွေရဲ့ခန္ဓာကိုယ်ကို ပြန်ထိန်းသိမ်းဖို့ ဆေးပင်တွေသုံးတာပဲ။"

နတ်ဆေးသမားတော်က ပြောသည်။

"မင်း ဘာပြောခဲ့လဲ? အကြင်နာတရားတဲ့လား? အဲ့ဒါဘာကြီးလဲ?"

နဉ်ရှု : ...

သမားတော်တွေက အကြင်နာတတ်ဆုံးတွေလို့ သူတို့မပြောခဲ့ကြဘူးလား? အဲ့ဒါက ဒီမှာ ဘာလို့အဖြေမှားနေရတာလဲ? နတ်ဆေးသမားတော်က အေးစက်စက်အကျင့်စရိုက်ရှိရုံတင်မကဘူး၊ သူ့နှလုံးသားကပါအေးစက်နေတာပဲ။ သူက လူတွေကို ပြင်ဆင်ဖို့လိုအပ်တဲ့အရုပ်ကလေးတွေလို့ လုံးဝသဘောထားနေတာပဲ။ သူ ပျော်နေရင် သူတို့ကို ကလိမယ်၊ ဒါပေမယ့် သူမပျော်ရင်တော့ သူတို့ကို လျစ်လျူရှုထားမယ်။

သူက အပြင်ပန်းကသာအေးစက်ပေမယ့် အတွင်းစိတ်ကတော့ ကြင်နာတတ်တယ်လို့ သူမထင်ထားတာ။ ဒါပေမယ့် သူက ရိုးတွင်းခြင်ဆီအထိ အေးစက်နေတဲ့သူဆိုတာပေါ်လာတယ်။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now