"33"

69K 9.3K 1.7K
                                    

Zawgyi ❤️

ဖေဖော်ဝါရီလ တစ်ဆယ့်လေးရက်နေ့။

ခြံရှေ့မှ အဆက်မပြတ်အော်မြည်နေသော ဘဲလ်သံကြောင့် ကော်ဖီခါးခါးနှင့် ပေါင်မုန့်မီးကင်နှစ်ချပ်ကို အားရပါးရလွေးနေသော သာလွန်းပိုင်က ခေါင်းထောင်သွားသည်။

"သားရေ ခြံရှေ့ကို ခဏလောက်သွားကြည့်ပေးပါဦး..စောစောစီးစီး ဘာကိစ္စများရှိလို့ပါလိမ့်ကွယ်"

မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော စာဂျပိုးတို့မေမေက ညည်းညည်းညူ ညူဆိုသည်။

"ဟုတ်ကဲ့ပါဗျ"

ပေါင်မုန့်လက်ကျန်များကို ပါးစပ်ထဲ အကုန်ထိုးသိပ်ထည့်လိုက်ပြီး ခြံရှေ့သို့ ခပ်သွက်သွက် ထွက်လာခဲ့လိုက်သည်။

"မင်္ဂလာပါခင်ဗျ..ပစ္စည်းလာပို့ပေးတာပါ"

သပ်သပ်ရပ်ရပ်ထုပ်ပိုးထားသော ခပ်လှလှလက်ဆောင်တိုက်လေးတစ်ခုကို ရင်ဝယ်ပိုက်ထားသော Delivery ဝန်ထမ်းကောင်လေးက သူ့ကိုတွေ့တော့ ရည်ရည်မွန်မွန်ပြုံးပြသည်။

"သြော် ဟုတ်ကဲ့ဗျ"

"ဒီမှာ လက်မှတ်လေးထိုးပေးပါဦး"

လက်မှတ်ရပြီးသွားသောအခါ ကောင်လေးက ပြုံးပြုံးရွှင်ရွှင်ဖြင့် နှုတ်ဆက်စကားဆိုသည်။

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ"

Deliveryကောင်လေး မျက်စိရှေ့မှ ပျောက်သွားသည့်တိုင် စာဂျပိုးတစ်ယောက် ခြံဝတွင် ယောင်နနဖြင့် ရပ်နေမိဆဲ။

ဘယ်က ပို့လိုက်တာပါလိမ့်။

သိလိုစိတ်ကို မထိန်းနိုင်တော့ဘဲ ခြံဝကြီးမှာပင် လက်ထဲက တိုက်လှလှလေးကို ဖွင့်ကြည့်မိသည်။

ဝါဂွမ်းအိအိလေးများကို ဖယ်ရှားပြီးသောအခါ ပထမဦးဆုံး သတိထားမိလိုက်သည်က သေးငယ်သော အနက်ရောင်ပျိုးအိတ်လေးအတွင်းမှ ခြောက်လက်မသာသာလောက်သာရှိဦးမည့် အပင်ပေါက်ငယ်လေး။

တစ်နည်းအားဖြင့် ဆိတ်ဖလူးပင်ငယ်ကလေး။

ပို့ဆောင်ပေးခဲ့သူကို အတွေးဝင်မိချိန်တွင် နှလုံးသားက မထိန်းနိုင်စွာ ဆတ်ခနဲတစ်ချက်တုန်သည်။

My DuDuDin ♡Where stories live. Discover now