"10"

98.7K 13.3K 1.2K
                                    

Zawgyi

ထိန်ညီး၏ဘဝသည် အများအမြင်တွင် လှပလွန်းသော ပန်းချီကားတစ်ချပ်၊ လူတိုင်းအားကျ ငေးမောရလောက်သည့် စင်ပေါ်မှ ကြယ်တစ်ပွင့် ဖြစ်ကောင်းဖြစ်လိမ့်မည်မှန်သော်လည်း အစစ်အမှန်၌ မည်မျှအထိ အကျည်းတန်ကြောင်းကိုမူ သူ့ကိုယ်သူသာ အသိဆုံးဖြစ်သည်။

သူ့အဖေ ဦးရောင်နီသစ္စာ နှင့် သူ့အမေ ဒေါ်ကေသာဟန် သည် မိဘချင်းသဘောတူညီမှုကြောင့် အချစ်မပါသောအိမ်ထောင်ရေးကို တည်ဆောက်ခဲ့ကြသူများဖြစ်သည်။လက်ထပ်ပြီး၃နှစ်အကြာတွင် ထိန်ညီးသစ္စာ ဟူသော သားငယ်လေးကို သူတို့ဘဝထဲ ခေါ်ဆောင်ခဲ့ကြသည်။မွေးကတည်းက ရွှေဇွန်းကိုက်၍မွေးဖွားလာသော ထိန်ညီးသည် ဆွေမျိုးအသိုင်းအဝိုင်းများအလယ်တွင် အချစ်များစွာခံယူရင်း အပူအပင်ကင်းစွာ ကြီးပြင်းလာခဲ့သည်။

သူ့ဖေဖေဦးရောင်နီသည် မိန်းမဖြစ်သူကိုမချစ်သော်လည်း တစ်ဦးတည်းရှိသော သားကလေးကိုမူ ငုံထားမတတ်ချစ်ကာ အလိုလိုက်သည်။ လင့်ဝတ္တရားကိုလည်း ကျေပွန်သော ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပြီး မိန်းမဖြစ်သူနှင့် အချေအတင် စကားများကြသည်ဟူ၍ပင် မရှိရအောင် ကောင်းမွန်စွာနေထိုင်သူဖြစ်သည်။

ထိုနေ့။
ထိုနေ့သို့ မရောက်ခင်အထိ ဖေဖေနှင့်မေမေ အကြီးအကျယ် စကားများကြသည်ကို သူမမြင်ဖူးခဲ့ပါ။ ထိုနေ့က သူ၏၅နှစ်ပြည့်မွေးနေ့ဖြစ်ပြီး ကျောင်းမှအိမ်သို့ ပြန်ရောက်ချိန်တွင် ဧည့်ခန်းထဲတွင် စကားများနေကြသော မိဘနှစ်ပါးကို မြင်လိုက်ရခြင်းဖြစ်သည်။

မေမေသည် ဖေဖေ့အား ဒေါသတကြီးဖြင့် လက်ညှိုးငေါက်ငေါက်ထိုးလျက်

"ဒီမှာ ကိုရောင်နီ..ရှင့်မှာအရှက်မရှိဘူးလား.. ရှင့်ဂုဏ်သိက္ခာတွေကို မြောင်းထဲလွှင့်ပစ်ရလောက်တဲ့ထိ သူက အရေးပါလား..ပြောစမ်းပါ..ရှင် ကျွန်မကို ပြောလိုက်စမ်းပါ"

"ငါ့မှာ မင်းကိုဖြေရှင်းစရာ ဘာစကားမှမရှိဘူး"

"အဟင်းဟင်း ဘယ်ရှိမလဲ.. လူသိမခံဝံ့လောက်တဲ့ ရှက်စရာကိစ္စကြီးဖြစ်နေတာကိုး"

"မင်း.....တော်လိုက်တော့ ကေသာဟန်"

"အို...မတော်နိုင်ပါဘူး.. ပြောစရာရှိတာတော့ပြောရမှာပဲ.. အိမ်ထောင်ရေးဖောက်ပြန်နေတဲ့ယောက်ကျားကို အိမ်မှာထိုင်ပြီး လက်ခုပ်တီးပေးနေရလောက်တဲ့အထိတော့  ကျွန်မသဘောထားမကြီးနိုင်ဘူး"

My DuDuDin ♡Dove le storie prendono vita. Scoprilo ora