"22"

88.5K 10.8K 2.4K
                                    

Zawgyi ❤️

"မင်းအပြင်သွားဖို့မစဉ်းစားနဲ့ Alex..
ငါနဲ့ပန်းချီပြပွဲ လိုက်ခဲ့ရမယ်"

"Damn it!!"

"ညည်းညူမနေနဲ့..မင်းအကြောင်းသိလို့ မင်းdaddyက ငါ့ကိုသေချာမှာထားတာ..
မြန်မာပြည်ကို ခဏလောက်အလည်လာတုန်းလေး လိမ္မာစမ်းပါကွာ"

ဆက်တီတွင် ပုံပျက်ပန်းပျက်၊ လျော့ရိလျော့ရဲထိုင်နေသော ကောင်လေးက စိတ်ပျက်သလို စုတ်တစ်ချက်သပ်၍ အကြည့်လွှဲသည်။ မကြာသောအချိန်တွင် ခွမ်းခနဲအသံကိုပါ တစ်ဆက်တည်းကြားလိုက်ရသည်။

ဦးဘုန်းမြတ်တစ်ယောက် ကြမ်းပြင်ပေါ်တွင် မွစာကြဲသွားသော ပန်းအိုးလေးကို နှမြောတသဖြစ်စွာကြည့်မိသည်။ ဤပန်းအိုးသည် နှယ်နှယ်ရရမဟုတ်။ USတွင်ကျင်းပသော ရှားပါးပစ္စည်းလေလံပွဲမှ သူကိုယ်တိုင် သဘောကျလွန်း၍ ငွေပုံပေးကာ မနည်းအနိုင်ပိုင်းလာရသောပစ္စည်းဖြစ်သည်။

"မင်းဖျက်ဆီးတာတွေ များနေပြီနော် Alex"

Alexက မျက်ခုံးတစ်ချက်ပင့်ကာ တစ်စုံတစ်ခုကို ထိုးပေးလာသည်။
ကြည့်နေစရာပင်မလို။ ဒေါ်လာသိန်းသန်းချီရှိနေသော သူ့ကိုယ်ပိုင်ATM cardများပင် ဖြစ်ပါလိမ့်မည်။

ဒါသူတစ်ခုခုဖျက်ဆီးပြီးတိုင်း လုပ်နေကျ ဖြေရှင်းနည်းတစ်ခု။

ဦးဘုန်းမြတ် သက်ပြင်းကိုသာ တွင်တွင်ချမိသည်။ ငွေကိုနှမြောလို့မဟုတ်ဘဲ တန်ဖိုးထားရသည့်ပစ္စည်းဖြစ်လို့ဆိုတာ ဒီလူဆိုးကောင်လေးကို ဘယ်လိုရှင်းပြရပါ့မလဲ။ တချို့သော အရာတွေဟာ ငွေပုံပေးတိုင်း ဖြေရှင်းလို့မရမှန်း ဒီကောင်လေးကို သိစေချင်လွန်းလှသည်။

"မင်းသိပ်ဆိုးလွန်းတယ် Alex.. ဘယ်တော့များမှ လိမ္မာပြီးရင့်ကျက်မှာလဲ"

Alexက ဟက်ခနဲတစ်ချက်ရယ်ရင်း ထီမထင်မျက်နှာပေးနှင့် သူ့ထံအကြည့်ပို့လာသည်။ ခေါင်းကို ချာခနဲလှည့်လိုက်သည်မို့ နားတစ်ဖက်တွင်ဆွဲထားသော အနက်ရောင်လခြမ်းကွေးလေးက အရှိန်ပြင်းစွာလှုပ်ခတ်သွားသည်။

တစ်ကိုယ်လုံးအနက်ရောင်ဆင်ထားသော စမတ်ကျကျကောင်လေး၏ အကြည့်တို့က သိန်းငှက်တစ်ကောင်လို စူးစူးရဲရဲ။ လှပသော တက်တူးနက်နက်တို့က ဖြူဖွေးသောအသားအရေပေါ်တွင် နေရာအပြည့်ယူထားလျက်ရှိသည်။ အဆင်အယင်နှင့် လိုက်ဖက်ညီစွာ နှုတ်ခမ်းထက် ချိတ်ဆွဲထားသည်က တစ်လောကလုံးကို လူမထင်ဟန်ရှိသော သရော်ပြုံးတစ်ခု။

My DuDuDin ♡حيث تعيش القصص. اكتشف الآن