"32"

70.4K 9.2K 643
                                    

Zawgyi ❤️

ဝင်ပေါက်တွင် dreamcatcherများ ချိတ်ဆွဲထားသည့် ခပ်သေးသေးကော်ဖီဆိုင်လေး။

ဖွင့်ထားသည့် Austin Mahone ၏ "All I ever need"သီချင်းက ဆိုင်ငယ်လေးအတွင်း ခပ်တိုးတိုး ပျံ့နှံ့နေသည်။

"ဒီနှစ် သီတင်းကျွတ်ပိတ်ရက် အစ်ကိုပြန်လာမယ်"

Bubble milk teaကို အရသာခံနေသည့် ကောင်လေးက ပြုံးပြုံးကလေးဖြစ်သွားသည်။

"ဟုတ်ကဲ့ဗျ"

"စာမေးပွဲအတွက် အဆင်သင့်ဖြစ်နေပြီလား"

"တစ်မေဂျာလုံးမှာ ကျွန်တော်က စာအတော်ဆုံးပါဗျ"

သူ့ကိုယ်သူ အမွှမ်းတင်နေသည့် ကောင်လေးကို အသည်းယားစွာ ခေါင်းတစ်ချက်ပုတ်မိသည်။

"အစ်ကိုရော စာသင်ရတာ အဆင်ပြေရဲ့လားဗျ"

"အင်း မင်းကိုလွမ်းရတာကလွဲရင် အားလုံးအဆင်ပြေပါတယ်"

"ဟာဗျာ"

မနေတတ်ဖြစ်သွားဟန်ရှိသည့် ကောင်လေးသည် ဘာမှမဖြစ်သည့်ပုံဖမ်းကာ bubble teaကို ငုံ့သောက်နေသော်ငြား နားရွက်ဖျားကလေးတွေက နီနေသေးသည်။

"အစ်ကို့ကိုလည်းတိုက်ပါဦး မျောက်ရှုံးလေးရဲ့"

"အာ ကျွန်တော်သောက်ပြီးသားကြီးကို..အစ်ကိုသောက်ချင်ရင် ကျွန်တော် အသစ်တစ်ခွက်မှာပေးမယ်ဗျ"

"ကိုယ်က မြည်းရုံလေးပဲမြည်းမှာမို့ အသစ်ထပ်မှာရင် အလေအလွင့်ဖြစ်ကုန်ပါ့မယ်..မင်းဆီက တစ်ငုံလောက်တိုက်ရင်ရပြီ"

"ဟုတ်ကဲ့ဗျ"

ကောင်လေးက သူသောက်လက်စ bubble teaခွက်လေးကို သူ့ထံ ကမ်းပေးလာသည်။

ကမ်းပေးလာသည့် ကောင်လေးလက်ကို ပြန်မလွှတ်သေးဘဲ သူ့လက်ဖြင့် အသာအုပ်ကိုင်လိုက်ပြီး ပိုက်မှတစ်ဆင့်  အရသာကို မြည်းစမ်းကြည့်လိုက်သည်။

"တစ်ခုခုလိုနေသလိုပဲနော်"

နားမလည်ဟန်ဖြင့် ကြောင်ကြည့်နေသော ကောင်လေးလက်ကို အသာဆွဲယူကာ နစ်နစ်ဝင်ဝင် နမ်းပစ်လိုက်သည်။

"အင်း အခုမှ အရသာက ပြည့်စုံသွားတာ"

နားရွက်တစ်ခုလုံး ရဲရဲတွတ်လာသော ကောင်လေးက လက်ကို အမြန်ရုပ်သည်။

My DuDuDin ♡Where stories live. Discover now