"19"

94.7K 10.6K 1.9K
                                    

Zawgyi ❤️

"လူကလေးတို့ပြန်ရောက်တာ နောက်ကျလှချည်လားကွဲ့..မီးထွန်းပွဲတောင် စလုပြီ..မြန်မြန်သွက်သွက်ပြင်ဆင်ကြ..ဟော ပြောရင်းဆိုရင်း ရွာလယ်ကစတိတ်ရှိုးတောင် စတော့မယ်ထင်တယ်"

ညမှောင်မှ အိမ်ပြန်ရောက်လာကြသော သူတို့ကို သူကြီးက ဝိုင်းဝမှဆီးကြိုနေရင်း နှိုးဆော်သမှုပြုသည်။မှန်ပေသည်။အိမ်အချို့တွင် ဆီမီးတို့ဝေနေပြီဖြစ်သလို ရွာအလယ်ရှိစတိတ်ရှိုးမှလည်း"ဟယ်လို" "ဟယ်လို"နှင့် မိုက်ခ်စမ်းနေသံကို အတိုင်းသားကြားနေရပြီဖြစ်သည်။

"ကြီးတော်နဲ့အမေက ဘာတွေလုပ်နေကြတာတုံးဗျ"

သူကြီးကတော်နှင့်သာဒင့်အမေသည် အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင်  တကုပ်ကုပ်နှင့်အလုပ်ရှုပ်နေကြဟန်ရှိသည်။

"ဆီမီးခွက်လုပ်ဖို့ စက္ကူခေါက်နေတာ သားရေ..တော်ကြာနေကျရင် ရွာဦးတံတားကနေ ရွာကအပျို၊လူပျိုတွေက ဆီမီးတစ်ထောင်မျှောကြမှာလေ.. အမေတို့လည်း တစ်ပိုင်တစ်နိုင်လေးလုပ်ပြီး မျှောမလားလို့"

လှပသော ရောင်စုံဆီမီးခွက်လေးများသည် သူတို့ရှေ့တွင်စီစီရီရီ။စိတ်အထင် အခွက်၃၀လောက်တော့ရှိမည်ထင်သည်။

"ကဲပါလေ..ငေးမနေကြပါနဲ့.. မြန်မြန်ရေသွားချိုးကြ..ပြီးရင် အိမ်ပေါ်အိမ်အောက် ခြံပတ်ပတ်လည်မှာ မီးထွန်းကြတော့..သူများအိမ်တွေမှာ ထွန်းပြီးနေတာ ကြာရော့ကွယ်"

သာဒင့်အမေ၏ ထပ်မံနှိုးဆော်သံကြားမှ အကုန်လုံး ကမန်းကတန်းဖြင့် ရေသွားချိုးရန်ပြင်ဆင်ကြရတော့သည်။

"အစ်ကိုမျိုးမြင့်က ဘာအရောင်ကြိုက်လောက်လဲ.. မင်းတို့သိလား"

သာဒင်တို့၃ယောက် ခပ်မြန်မြန် ပြင်ပြီးဆင်ပြီးသည့်တိုင် စာဂျပိုးက အဝတ်ရွေးလို့မပြီးနိုင်သေး။

"အဖြူနဲ့အစိမ်း မဟုတ်ဘူးလား.. အဲဒါအစ်ကိုမျိုးမြင့် နေ့တိုင်းဝတ်နေတာပဲလေ"

ခပ်သွက်သွက်ဝင်ဖြေသော ချစ်တီး၏ထက်မြက်လှသောခေါင်းကို သာဒင်က နောက်‌စေ့ကနေ တစ်ချက်ပိတ်တီးလိုက်ပြီး ချီးမွမ်းထောပနာပြုလိုက်သည်။

My DuDuDin ♡Where stories live. Discover now