"28"

68.3K 8.5K 599
                                    

Zawgyi ❤️

ဆူဆူညံညံအသံများကြောင့် မည်သူမှမအိပ်နိုင်တော့ဘဲ အိပ်ရာမှလူးလဲထကြရသည်။

"အေးချမ်း ဘယ်နှစ်နာရီရှိပြီလဲ"

သာဒင်က အိပ်ရာထက်မှ မျက်လုံးမဖွင့်သေးဘဲ ဒူးနှစ်ချောင်းထောင်၍ လက်လေးနှစ်ဖက်ယှက်ကာ ငူတူတူလေးထိုင်နေရာမှ တရားသမားကို လှမ်းမေးသည်။စာဂျပိုးက သူတို့အသံကြောင့် အင်းအင်းအဲအဲနှင့် နိုးလာသော်လည်း ချစ်တီးကတော့ အိပ်ရာပေါ်တွင် မှောက်လျက်သားဖြင့် ကားရားရားကြီး အိပ်ကောင်းနေဆဲဖြစ်သည်။

"၄နာရီခွဲတော့မယ်"

"ဘာလို့အစောကြီးထကြတာလဲ"

"တိမ်ပင်လယ်ကြည့်ဖို့လေ"

စာဂျပိုး၏ ညည်းညည်းညူညူအမေးကို နိုင်လွန်က မျက်နှာထက်က ရေစက်တို့ကို တဘက်တစ်ထည်ဖြင့် ပြောင်စင်အောင်သုတ်နေရင်းမှ ဝင်ဖြေသည်။

"မိုးတွင်းကြီးကို တိမ်ပင်လယ်ကမြင်ရလို့လားဗျ"

"မနေ့ညက မိုးရွာထားတော့ ဒီမနက်တိမ်ထွက်လောက်တယ်"

"သြော်"

"သြော်မနေနဲ့..ထပြီးမျက်နှာသစ်ကြတော့..သူများတွေအကုန် သွားကုန်ကြပြီ..နောက်ကျရင် ဓာတ်ပုံရိုက်ဖို့ လူစောင့်နေရလိမ့်မယ်..စောစောရောက်လေကောင်းလေပဲ"

နိုင်လွန်၏ပြောစကားအဆုံးတွင် သုံးယောက်လုံးက ခေါင်းတွေညိတ်ကာ အိပ်ရာမှ ထဖို့ပြင်ကြသည်။

"ချစ်တီးကို နှိုးလိုက်ဦးလေ"

သာဒင်၏ သတိပေးစကားကို စာဂျပိုးက မျက်နှာကြီးရှုံ့မဲ့လျက် ခေါင်းခါပြသည်။

"မနှိုးဘူး..ဒီကာလနဂါးက ဖနောင့်နဲ့ပေါက်ပြီးနှိုးတောင် ထမယ့်ကောင်မဟုတ်ဘူး..အလကားသက်သက် အားကုန်တယ်"

"သူတစ်ယောက်ပဲ ကျန်နေခဲ့မှာပေါ့.. မင်းကလည်း"

"ဒီလောက်အအိပ်မက်တဲ့ကောင်.. တစ်ခါတလေ မှတ်လောက်သားလောက်အောင်ကို ထားပစ်ခဲ့ဦးမယ်"

ပြောရင်းဆိုရင်း စာဂျပိုးက တိတ်တိတ်လေးထသည်။မတ်တတ်ရပ်ပြီးသည့်တိုင် အသံမကြားရသေးသောချစ်တီးကြောင့် ဝမ်းသာအားရဖြင့် လူယုတ်မာပြုံးပြုံးရင်း အခန်းပြင်ထွက်ရန် ခြေလှမ်းကိုအားရပါးရလှမ်းလိုက်သည်။

My DuDuDin ♡Where stories live. Discover now