"18"

95.6K 11.8K 2.3K
                                    

Zawgyi ❤️

မနက်၆နာရီအထိုးမှာ သာဒင်တို့ အိပ်ရာမှ အလျင်အမြန် ထကြရသည်။
ယနေ့ သီတင်းကျွတ်လပြည့်နေ့။

အိမ်ပေါ်ရှိဘုရားခန်းမှ ကြီးတော်ရွှေခင်၏ စိတ်နှလုံးအေးချမ်းစရာ ဘုရားရှိခိုးသံကို ပီပီပြင်ပြင် ကြားရသည်။မျက်နှာသစ်ရန် ထွက်လာကြတော့ ဘုန်းကြီးကျောင်းသို့သွားရန် အဆင်သင့်ဖြစ်နေပြီဖြစ်သော သာဒင့်အမေနှင့်အဘကို တွေ့ရသည်။

"ဒေါ်ဒေါ်တို့ သွားကြတော့မလို့လားဗျ"

အာသွက်လျှာသွက် ချစ်တီးက မေးတော့ အမေတို့က ပြုံးပြရင်း...

"အေးကွယ့် သားတို့လည်း မျက်နှာသစ်၊မနက်စာစားပြီးရင် လိုက်ခဲ့ကြတော့နော်.. ဒေါ်ဒေါ်တို့က ဘုန်းဘုရားကို ကပ်စရာလေးရှိလို့ အရင်သွားနှင့်လိုက်တော့မယ်"

လေးယောက်သား ခေါင်းလေးတညိတ်ညိတ်နှင့် ကျန်ခဲ့သည်။မျက်နှာသစ်ပြီးသောအခါ ရှပ်အင်္ကျီအဖြူနှင့် ယောဂီရောင်ပုဆိုးတို့ကို အကျအန ဝတ်လိုက်ကြသည်။မသပ်မရပ်ဖြစ်နေသော ဆံပင်များကို ဖြီးသင်ရန် ဘီးလိုက်ရှာတော့ တစ်ချောင်းတည်းရှိသည်မို့ လုကြရသေးသည်။

"ငါ အရင်ဖြီးမှာ"

ချစ်တီးက ဘီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး မှန်ရှေ့ပြေးသွားသည်။စာဂျပိုးကလည်း တစ်ယောက်သောသူကို အမြန်တွေ့ချင်နေပြီမို့ သူအရင်ဖြီးရရေးအတွက် ပုဆိုးကို မ ကာ သိုင်းကွက်နင်းလျက် မှန်ကိုပြေးလုသည်။

"သာလွန်းပိုင် မင်း မှန်ကို ခုပေးမှာလား မပေးဘူးလား..မပေးရင် အရင်လက ငါ့ဆီကချေးထားတဲ့ ပိုက်ဆံ၅သောင်းကို ၁၅ကျပ်တိုးနဲ့ ခုချက်ချင်း ပြန်ဆပ်"

"ဘာ မင်းပြောတော့ အချင်းချင်းမို့ ၅ကျပ်တိုးဆို ယုတ်မာလှချည်လား"

"ယုတ်သင့်ရင် ယုတ်ရမှာပဲ"

"အေး အဲလိုယုတ်မာလို့ ခုထိကြိုက်မယ့်သူ ရှာမတွေ့တာပေါ့..ငါနဲ့ဘီးလုပြီး ဖြီးနေရအောင် မင်းမှာ ငါ့လို ခေါင်းဖြီးပြီး သွားပြစရာလူ ရှိလို့လား"

"..."

ချစ်တီးက စာဂျပိုး၏ အကြီးမားဆုံးထိုးနှက်ချက်ကြီးကြောင့် ဘာမှပြန်မပြောနိုင်တော့ဘဲ ဆွံ့အသွားသည်။ဒါကိုမြင်တော့ သာဒင်က လက်ခုပ်လက်ဝါးတီးလျက် ထရယ်သည်။တရားသမားကတော့ အေးချမ်းစွာ ထိုင်ခုံလေးပေါ်ထိုင်လျက် သူဘီးရမည့်အချိန်ကို စိတ်ရှည်လက်ရှည်  စောင့်နေရှာသည်။

My DuDuDin ♡Where stories live. Discover now