Birthday present (2) 🎁 [ ထနောင်းပင်ရွာကလေးသို့ အလည်တစ်ခေါက် ]

45.6K 4.8K 2.3K
                                    

Unicode

"ကျွန်တော် ပွင့်ပွင့်လင်းလင်း မေးကြည့်တာပါ..တကယ်သိချင်လို့"

နိုင်လွန်၏ အလေးအနက်ကြီးဖြစ်နေသော စကားသံကြောင့် သူကြီးကတော်ပြင်ဆင်ပေးထားသော ရွာလုပ်အချိုမုန့်များကို မြည်းစမ်းကြည့်နေကြသော ထိန်ညီး၊ ဆရာလေးနှင့် Alexတို့က နိုင်လွန့်ထံ အကြည့်ပို့လိုက်ကြသည်။

"သူတို့ကိုလေ တစ်ရက်မှာ ဘယ်နှစ်ကြိမ်လောက်များ နမ်းခွင့်ရကြသလဲ"

ဆရာလေးက ချောင်းတစ်ချက်ဟန့်ရင်း မျက်နှာလွှဲသွားသည်။ ထိန်ညီးက မျက်ခုံးပင့်သွားပြီး Alexကတော့ စိတ်ဝင်တစားဖြစ်လာပုံရသည်။

"ကိုထိန်ညီးကတော့ ထားပါတော့..ယူထားပြီးသားလူတွေဆိုတော့"

နိုင်လွန့်စကားကိုကြားတော့ ထိန်ညီးက သဘောတကျရယ်သည်။ မျက်ဝန်းအကြည့်များ ရုတ်ခြည်းနူးညံ့သွားပုံအရ သာဒင့်အကြောင်း တွေးလိုက်မိခြင်းဖြစ်ဟန်တူ၏။

"အရမ်းအထင်ကြီးမနေပါနဲ့ကွာ...အဲကောင်ကလေးက ရှက်တတ်တာနဲ့ပဲ မနက်အိပ်ရာထတဲ့အခါ တစ်ကြိမ်၊ ညအိပ်ရာဝင်တဲ့အခါ တစ်ကြိမ်၊ တစ်နေ့နှစ်ကြိမ်ပဲ နဖူးလေးကိုနမ်းမိတယ်"

စကားသံတို့တွင် အနည်းငယ်မျှပင် အထိအခိုက်မခံနိုင်သော ချစ်မြတ်နိုးမှုတို့ကို အထင်းသားပင် မြင်နေရသည်။ ထိန်ညီးသစ္စာဟူသော ထိုလူသားသည် လွန်းမြတ်သာဒင်ဟူသည့် ကောင်ငယ်လေး၏ သဘောဆန္ဒမပါလျှင် မည်သို့သောအရာမျိုးကိုသော်မျှ စိတ်ပင်ကူးကြည့်လိမ့်မည်မဟုတ်။

မြင့်မားသော အရပ်အမောင်း၊ လိုက်ဖက်ညီသော ကိုယ်ဟန်အနေအထားနှင့် ချောမောထက်မြက်မှုတို့ အချိုးကျပေါင်းစပ်ထားသည့် မျက်နှာသွင်ပြင်က ယခုထိတိုင် ကျား/မ,မရွေးတို့အတွက် ရူးလောက်အောင်မိမိုက်နေဆဲ။ ထိုသို့ အဘက်ဘက်မှ ပြည့်စုံလွန်းလှသည့် စီးပွားရေး ဧကရာဇ်၏ နှလုံးသည်းပွတ်ကလေးသည်ကား လူတိုင်းအတွက် အားကျဖွယ်ရာ။

"ဒါဆို ဆရာလေးတို့ကရော"

မဖြေချင်၍ မျက်နှာလွှဲသူကိုလည်း နိုင်လွန်က အလွတ်မပေး။ ရှောင်လို့မရမှန်းသိတော့မှ ဆရာလေးက သက်ပြင်းကိုချသည်။

My DuDuDin ♡Tahanan ng mga kuwento. Tumuklas ngayon