"35"

71.3K 8.4K 829
                                    

Zawgyi ❤️

"သားတို့ရောက်လာကြပြီလား လာ လာ အထဲဝင်ကြ"

ကားပေါ်မှဆင်းလျှင်ဆင်းချင်း ကြားလိုက်ရသောအသံကြောင့် သူ့တစ်ကိုယ်လုံး တောင့်တောင့်ကြီးဖြစ်သွားသည်။

ဘေးနားမှာ လာရပ်သည့် အစ်ကိုက သူ့ကိုနားလည်စွာ အေးစက်စက်လက်ကလေးတစ်ဖက်ကို ခပ်တင်းတင်း ဆုပ်ကိုင်သည်။

"မျောက်ရှုံးလေး မကြောက်နဲ့..ဘာတွေပဲဖြစ်လာလာ အစ်ကိုက မင်းဘက်မှာပဲရှိနေမယ်"

ဘယ်ကရောက်လာမှန်းမသိတဲ့ အားအင်တွေကြောင့် ခေါင်းကို ခပ်သာသာညိတ်မိသည်။ဆုပ်ကိုင်ထားသည့် လက်ဖဝါးနှစ်ဖက်မှ သူ့ခန္ဓာကိုယ်ထဲ ရဲဝံ့ခြင်းနဲ့အတူ တစ်ပြိုင်နက်တည်း စိမ့်ဝင်လာသည်က လုံခြုံနွေးထွေးခြင်း။

အစ်ကို့လက်ကိုတင်းတင်းပြန်ဆုပ်ကိုင်ရင်း အစ်ကိုဆွဲခေါ်ရာနောက် အသာလိုက်ခဲ့သည်။

အနီရောင်ဆက်တီခုံကြီးပေါ်တွင် ယှဉ်လျက်ထိုင်နေသော အစ်ကို့မိဘနှစ်ပါးက သူတို့ကိုမြင်တော့ အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်ပြီးသည်အထိ အစ်ကိုက တွဲထားသည့်လက်တို့ကိုမဖြုတ်။

အစ်ကို့မိဘတွေကို အားနာစွာ အုပ်ကိုင်ထားသောအစ်ကို့လက်ထဲမှ ရုန်းဟန်ပြုလိုက်တော့ အစ်ကိုက ပို၍အားထည့်ကာ ဆုပ်ကိုင်လာသည်။

"ဒါ ကျွန်တော်ပြောထားတဲ့ ကျွန်တော့်ကောင်လေးပါ ဖေဖေနဲ့မေမေ"

အနည်းငယ်မျှပင် စိတ်လှုပ်ရှားဟန်မရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် စကားဆိုနေသော အစ်ကို့ကို သူအံ့သြရပါသည်။

အတန်ကြာသည်အထိ စကားသံထွက်မလာသေးသောသူ့ကို အစ်ကိုက လှည့်ကြည့်လာရင်း "မျောက်ရှုံးလေး နှုတ်ဆက်လိုက်ဦးလေ"ဟု ခပ်တိုးတိုးဆိုသည်။

"မင်္ဂလာပါခင်ဗျ...သာလွန်းပိုင်လို့ ခေါ်ပါတယ်ခင်ဗျ"

မတ်တတ်ရပ်လျက် လက်အုပ်လေးချီကာ နှုတ်ဆက်စကားဆိုတော့ အစ်ကို့အဖေက ခေါင်းတစ်ချက်ညိတ်ကာ အသိအမှတ်ပြုသလို အစ်ကို့အမေကလည်း လှိုက်လှိုက်လှဲလှဲပြုံးပြသည်။

My DuDuDin ♡Where stories live. Discover now