"37"

63.9K 8.4K 1.2K
                                    

Zawgyi ❤️

Alex သူ့ရှေ့က မကြည်မလင်ဖြစ်နေပုံရသည့် မျက်မှန်ဝိုင်းလေးကို သွားဖြီးပြလိုက်ရင်း အလျင်အမြန် မျက်နှာချိုသွေးရသည်။

ပိတ်ရက်မှာ နှစ်ကိုယ်တူယှဉ်တွဲ၍ ကြည်ကြည်နူးနူးdateရန် အားခဲထားသော်ငြား အိမ်တွင်းအောင်းပြီး အကြွေးစာရင်းသာတွက်ချင်နေသော ကိုယ်တော်ချောကြောင့် မရမက အတင်းဆွဲထုတ်လာရခြင်းဖြစ်သည်။

"ဘာလဲ မင်းက ပြောင်စပ်စပ်နဲ့"

သေစမ်း...၊၊
ကြိုးစားပမ်းစားနဲ့ မိမိုက်နေအောင်ပြုံးပြလိုက်တာကို ပြောင်စပ်စပ်ရုပ်ထွက်သွားသတဲ့လား။

ရင်ထဲတွင် အကြီးကြီးနင်သွားရသည်။

"ပြောင်ပြောင် မင်းဘာလုပ်ဦးမှာလဲ"

"ဘာလို့လဲ ကိုကို"

"ပြန်မလို့ပေါ့ကွ"

"နေပါဦး ကိုကိုရာ"

"ဘာကွ"

ဟိန်းထွက်လာသော အသံပြာပြာကြီးကြောင့် နားနှစ်ဖက်ကို ကမန်းကတန်းပိတ်လိုက်ရသည်။

"ရုပ်ရှင်လည်းကြည့်ပြီးပြီ.. gameလည်းအတူဆော့ပေးပြီးပြီ.. မြို့အနှံ့ကားပတ်မောင်းတာလည်း လိုက်ပေးပြီးပြီ..မုန့်တွေလည်း တူတူအများကြီးစားပေးပြီးပြီ..မနက်၇နာရီကတည်းက အိမ်ကထွက်လာတာ ခုညနေ ၅နာရီခွဲနေပြီကွ သိရဲ့လား"

မျက်မှန်ကြီးကို ပင့်ကာပင့်ကာနှင့် ပါးစပ်ကလည်း ကရားရေလွှတ်သလို တတွတ်တွတ်ရွတ်ကာ ဒေါသထွက်လွန်းသဖြင့် ပါးတွေပါနီလာသော ချစ်တီးဟာ မုန့်မရ၍ စိတ်လုပ်နေသော ကလေးငယ်လေးသဖွယ်။

အသည်းတယားယားနှင့်ချစ်ချင်စဖွယ်ကောင်းလှသည်။

"relax relax ကိုကို..ခဏနေရင် ကျွန်တော်ပြန်ပို့မယ် နော်"

"မင်းက အခု ဘာလုပ်ဦးမလို့လဲ"

Alexက အဓိပ္ပာယ်ပါပါပြုံးသည်။

"အခုတော့ ကျွန်တော်ပြောမယ့်စကားလေးတွေကို ငြိမ်ငြိမ်လေး နားထောင်ပေးပါဦး"

"အားအားယားယား နားမထောင်နိုင်ပါဘူး..နောက်မှပြောလည်းရတာပဲ..အခုအိမ်ပြန်မယ် လာ"

My DuDuDin ♡Donde viven las historias. Descúbrelo ahora