'အမယ် ညီသု ယောကျာ်းဆီမီးကောင်တဲ့....
စိတ်မကောင်းဖြစ်တယ်ပြောပြောပြီး စိတ်ကောက်နေတတ်တာကလဲ သူ့အပြင်နှစ်ယောက်မရှိ........'

အနားသို့သွားကာ ပြေးဖက်လိုက်ပြီး

"ကိုကလဲ ညီကချစ်လို့စတာကို....
မချစ်ရဘူးလားပြော....."

ခါးအထက်သို့သိုင်းဖက်ကာ ပခုံးပေါ်ခေါင်းတင်ပြီး လည်တိုင်ကိုကျော်ကာ ဘေးတစ်စောင်းမြင်နေရသည့် ကိုဉာဏ်သုရဲ့ မေးရိုးဂျောလိုင်းများနှင့် ခန့်ညားတည်ကြည်သောမျက်နှာထားအား ငေးမောကာ ကြည့်ရင်းထိုသို့ပြောလိုက်ပါသည်။

'အမယ် ညီသု မာယာ သဲအဖြာတစ်ရာကွ.... '

"ကိုက ညီ့ကိုစကားမပြောချင်လောက်အောင် စိတ်ဆိုးနေပြီပေါ့..... ညီက ကို့ကိုလေ ကလေးလိုဆိုးကြည့်ချင်တာ...."

ဘုရားသခင် အဲ့စကားတွေပြောနေတာ ညီသုဆိုတဲ့
ကျွန်တော့်လင်လေးတဲ့လား။ မဖြစ်မဖြစ်၊ ပျော့လို့မဖြစ်သေး
လူကိုမတရားနှိပ်စက်ထားတာ ခဏတော့တင်းခံသင့်တယ်။
စိတ်ဆိုးချင်ယောင်ဆက်ဆောင်ရမည်။

"ဟိုလေ ညီကလေ ဟိုဂျပန်ဆပ်ပြာနှစ်ကောင်ပို့ပေးတဲ့
Blစီးရီးတွေထဲကလို သူတို့ဘဲကြီးတွေကို ချွဲသလိုလေးလေ..."

ပြန်လည်သိုင်းဖက်မလာပါပဲ တောင့်တောင့်ကြီးသာရပ်၍စိတ်ကောက်နေသည့် ယောကျာ်းဖြစ်သူအား ပြုံးစိစိနဲ့ကြည့်ကာ သနားစရာအသံလေးဖြင့် မျက်နှာအမူအရာလေးသည်လည်း စိတ်မကောင်းဖြစ်နေသူလို ဟန်ဆောင်ကာ ညီသုတစ်ယောက် အကြံဇိုးတွေထုတ်ပြီး ပလီပလာများကိုပြောနေလေတော့သည်။

"ချွဲကြည့်ချင်တာ ကိုဉာဏ်ဆိုတဲ့
ဘဲချိုကြီးကို ချွဲချင်တာလို့ ယောကျာ်းရေလို့............"

ခါးအားဖက်ထားပြီးမှီတွယ်နေရာမှ ပခုံးပေါ်ခေါင်းတင်လာပြီး ခါးအားသိုင်းဖက်ထားသော လက်နှစ်ဖက်ဖြင့် လှုပ်ယမ်းကာ အသံပါဝါတုန်းကိုလည်း တရုတ်မတွေချွဲသည့်အသံနှင့်တယောကပွန်းရော၊ ရုံးပဒေသီးပါပေါင်းစပ်ထားသောအသံတို့ဖြင့် ပြောလာသည့် ညီက ဒီလိုလဲချွဲတတ်တာပဲလား။
ခြေနှစ်ဖက်ကိုလဲ မြက်ခင်းပြင်လေးဖြင့် စောင့်ကာ ဖက်တွယ်မှီတွယ်ထားသည်ကိုလဲ မလွှတ်သေးပေ။ လည်တိုင်နားတွင် တိုက်ခတ်နေသည့်လေငွေ့တစ်ချို့က သမာဓိမရှိသည့်ကျွန်တော် စျာန်ပါထက်လျောနိုင်သည်။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now