"ဘာမှလဲမပြောရသေးဘူးလေ...."

အဖွားဘာတွေစိတ်မရှည်သည်မသိ ဘာမှမပြောရသေးသည့် ကျွန်တော့်ကိုစိတ်မရှည်ကြချေ။ အကြောင်းရယ်က နွားနို့ကြော်ကို ဆီအိုးထဲထည့်ပြီး ခေါင်းစိုက်ကာ ကြော်နေခြင်းကြောင့်နေမည်။

"သားတွေရော....."

"ကိုဇေနဲ့ နန္ဒခေါ်သွားတယ်.....သူတို့မမက ပူတင်းဖုတ်တယ်တဲ့လေ...ကလေးတွေကိုကျွေးရအောင်လို့တဲ့..."

"ညီရောပါသွားတာလား...."

"အိပ်ချင်လို့ဆိုပြီး အပေါ်တက်သွားတယ်လေ အခန်းထဲမရှိဘူးလား....."

"အခန်းထဲမရှိရင် ဟိုဘက်အိမ်သွားကြည့်ဟယ်...."

ဒေါ်လေးရှင်းပြနေသည်ကိုပဲ စိတ်မရှည်သည့်အဖွားရယ်ပါ။
ထိုအမျိုးသမီး၅ဦးအား လျစ်လျူရှူလိုက်ပြီး အပေါ်ထက်အခန်းသို့အပြေးတက်သွားလိုက်သည်။ တွေ့ရပါပြီ။

'မှောက်ယားထိုးလေးအိပ်နေသည့် ညီ.....
မို့မောက်နေသည့် အသားလုံးလေးနှစ်ခုက မိုးမျှော်ကြည့်နေသည့်အလား။ ကော့ညွတ်လို့နေသည်။ ကျွန်တော်ကိုင်လွန်းအား တစ်ခါတလေ ဖျစ်ညှစ်လွန်းသည်ကြောင့် အိုးလေးကိတ်လာသည်ပဲနေမည်။

ညအိပ်ဝတ်စုံကိုပါလဲပီးကို အကျအနအိပ်နေသည့် ညီ ရှိရာသို့ ဖြေးဖြေးလေးကပ်သွားလိုက်သည်။

မှောက်လျားထိုးကာ တစ်ဖက်မျက်နှာလှည့်ထား၍ အိပ်နေသည်ကြောင့် မြင်တွေ့ရသည့် လည်တိုင်ကျော့ကျော့ ဝင်းဝင်းဝါဝါလေး။ ခပ်စောင်းစောင်းမြင်လိုက်ရသည့် လည်စိလေးက ယောကျာ်းပီသမှု၏သက်သေပင်။ အိပ်နေပုံလေးသည်က ဘယ်လိုလေးမှန်းပင်မသိချေ။  ပါးတစ်ဖက်စောင်းထားသည်မို့ မြင်နေရသည့် နှုတ်ခမ်းလေးကလည်း စုထော်ကာ ဟစိဟစိလေးနဲ့ကွာ ရူးတော့မှာပဲ။

'အား...ညီ ရာ စိတ်တွေမထိန်းနိုင်တော့ဘူး....
ကိုယ်မင်းကို နမ်းပြီပဲ....'

လည်တိုင်ထက်ပူနွေးနွေးနဲ့ စိုစွတ်စွတ်အထိအတွေ့၊ စိတ်ထဲနေရသည်ကလည်း မရိုးမရွဖြစ်နေသည်ကအမှန်ပင်။
ပူလွန်းသည်မို့ လေအေးပေးစကျကို အအေးအမြင့်ဆုံးထားကာ အိပ်နေခြင်းပေ။ ယခုတော့နွေးနေပြီး ပူနေသလိုလို။
အတွေးတို့မဆုံးသေး ပါးပြင်ပေါ်ကျလာသည့် အနမ်းများက မရေမတွက်နိုင်ပေ။ နဖူး၊ နှာခေါင်း၊ မေးဖျား ၊ နောက်ဆုံးတွင် နှုတ်ခမ်းဖျားပေါ်ဂိတ်ဆုံးသည် ပြီးနောက် ဘေးတွင်ဝင်လှဲလိုက်၍ထင် မွေ့ယာကအိကျသွားတော့သည်။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now