Part 33(Unicode)

1K 81 13
                                    

ချစ်ရပါသော ပျို ~
Part - 33

================================

ညနေ၄နာရီ။ 
Five Starsငါးယောက်သာ သီးသန့်လေ့ကျင့်သောလက်ဝှေ့ရုံထဲတွင်ဖြစ်၏။

ဝဠာတစ်ယောက်တည်းသဲအိတ်ကိုအဆက်မပြတ်ထိုးရင်းလေ့ကျင့်နေစဉ် တီရှပ်အဖြူ၊ ပေါ့ပေါ့ပါးပါးဘောင်းဘီတိုတစ်ထည်နှင့် လွယ်အိတ်စလွယ်သိုင်းပြီးရောက်ရှိလာသော သတိုး။ သတိုးဝင်လာသည်ကိုမြင်သည်နှင့် ဝဠာလေ့ကျင့်မှုကိုရပ်လိုက်သည်။

" ရောက်လာပြီလား "

သတိုးထံမှ အဖြေစကားမကြားရ။
ဘောင်းဘီအိတ်ထဲလက်ထည့်လျက် မတ်တပ်အနေအထားအတိုင်းသာနေနေသောသတိုးထံ ဝဠာက လက်အိတ်တစ်စုံပစ်ပေးလိုက်သည်။ ထို့နောက် ကြိုးဝိုင်းပေါ်သို့တက်သွားသည်။

" လာပါ... တစ်ပွဲလောက် ယှဉ်ထိုးကြည့်ရအောင်။ မင်းနဲ့ငါ ဒီလိုမလေ့ကျင့်ဖြစ်တာ ကြာပြီမလား "

လွယ်အိတ်ကိုချ၊ လက်အိတ်သေချာစွပ်ပြီး သတိုးလည်းတက်သွားလိုက်သည်။
လေ့ကျင့်မှုဖြစ်၍ ပြိုင်ပွဲများလိုမပြင်းထန်။ အလိုက်သင့်သာ သူတစ်လှည့် ကိုယ်တစ်လှည့်ကစားနေကြသည်မို့ ဝဠာကလက်ဝှေ့ထိုးနေရင်းမှာပဲ ရယ်လျက် စကားပြောသည်။

" ဟျောင့်... ရုပ်ကတည်လှချည်လား "

" ဒါ ငါနေနေကျပုံစံပဲ "

သတိုးလေသံနှင့် အကြည့်တို့က အလွန်တရာအေးစက်နေသယောင်။ ပေါ့ပေါ့ပါးပါး အပြန်အလှန်စကားပြောလို့ရမည့်အနေအထားမျိုးမဟုတ်မှန်း ဝဠာခံစားမိသည်မို့ လိုရင်းကိုသာပြောဖို့ဆုံးဖြတ်လိုက်တော့သည်။

" မနေ့ကကိစ္စ မရှိခဲ့ဘူးလို့သတ်မှတ်လိုက်မယ် "

" ... ... "

" မင်းလည်းဘာမှမပြောခဲ့သလို ငါလည်းဘာမှမကြားလိုက်ဘူး။ မင်းကအရင်အတိုင်း သတိုး၊ ငါကအရင်အတိုင်း မင်းမြတ်ဝဠာ။ မင်းနဲ့ငါကြားမှာ ဘာမှမဖြစ်ခဲ့သလို ဘာမှလည်းမပြောင်းလဲဘူး။ "

သတိုးရဲ့လက်တွေ ဆတ်ခနဲရပ်တန့်သွားပြီး ဝဠာ့ကိုအကြည့်တစ်မျိုးနှင့်ကြည့်သည်။ ဝဠာကလည်းရပ်လိုက်ပြီး ပြောလက်စစကားကို ဆက်ပြောသည်။

ခ်စ္​ရပါ​ေသာ  ပ်ိဳ ~  (ချစ်ရပါသော ပျို~) [ZG/ UNI]Where stories live. Discover now