Part 38 (Unicode)

1K 32 13
                                    

သတိုးအတွက်
သတိုးရဲ့ချစ်ခြင်းမေတ္တာတွေအတွက်...

ငိုင်သွားတဲ့ဝဠာ့ကိုကြည့်ပြီး တေဇကပြောသည်။

" မင်း ဆေးသွင်းလက်စနဲ့တော့ ၂ရက်လောက်နားလိုက်ဦး။ မင်းဒယ်ဒီလည်း ဒီရက်ထဲမှာပြန်လာတော့မှာမလား "

" ဟုတ်တယ်။ ဒါပေမယ့် ငါနားလို့မရသေးဘူး "

" ဘာဖြစ်ပြန်ပြီလဲ "

" နောက်လထဲမှာ ကုမ္ပဏီနှစ်ပတ်လည်ပွဲရှိတယ်။ ငါစီစဉ်ပေးရဦးမယ်။ ဒယ်ဒီကလည်းအဲ့နေ့မှပွဲအမှီပြန်လာမှာဆိုတော့ "

" မင်းကျန်းမာရေးထက်တောင်အရေးကြီးတာလား "

" ငါလုပ်မှဖြစ်မယ်...
ဒီပွဲပြီးရင် ကုမ္ပဏီကိစ္စတွေကနေ ခဏနားဖို့စဉ်းစားထားတယ်။ "

ကုမ္ပဏီလက်လွှဲယူဖို့ကြိုးစားနေရတဲ့အချိန်မှာ ခဏနားမည်ဆိုသောသူ့စကားကို တေဇကနားမလည်သလိုပြန်ကြည့်သည်။

" ငါ သတိုးအတွက် အချိန်ပေးချင်လို့ "

••••••••••••••••••••••••••••••

တေဇကဝက်ဝံရုပ်လှမ်းပေးလိုက်တော့ ကမ်းယူပြီးငိုင်ကြည့်နေသောသတိုးကို အခန်းတံခါးအပြင်ကနေ သူလှမ်းမြင်ရသည်။

' တောင်းပန်ပါတယ်... ပျော်ရွှင်မှုတွေပျောက်ဆုံးအောင်လုပ်ခဲ့မိလို့ '

ရပ်ကြည့်နေရာကနေ ဝဠာလှည့်ထွက်လာခဲ့လိုက်သည်။

သူကုမ္ပဏီသွားရဦးမည်...

_______________________________________

နှစ်ပတ်လည်ပွဲအတွက်အဓိကတာဝန်ယူထားရသူမို့ ဝဠာတစ်ယောက်အနားယူချိန်မရလောက်အောင်အလုပ်များလွန်းနေသည်။ အရင်လို ဆေးရုံနဲ့ကုမ္ပဏီ အသွားအပြန်လုပ်နေဖို့ကို အချိန်မပေးနိုင်တော့။ သတိုးဆီလည်း တစ်ပတ်မှတစ်ရက်၊ နှစ်ပတ်မှတစ်ရက်လောက်သာ ခဏတစ်ဖြုတ်သွားကြည့်နိုင်တော့သည်။

မည်မျှပင်အလုပ်များပြီးပင်ပန်းနေစေကာမူ ဝဠာခြေကုန်လက်ပမ်းကျသွားသည်မရှိပါ။ အရင်ကဘဝကိုပေါ့ပေါ့ပါးပါးနေလာခဲ့တဲ့ဝဠာဟာ အခုတော့ရည်မှန်းချက်တွေ၊ အိပ်မက်တွေရှိလာသလိုခံစားရသည်။

ခ်စ္​ရပါ​ေသာ  ပ်ိဳ ~  (ချစ်ရပါသော ပျို~) [ZG/ UNI]Where stories live. Discover now