ဇာတ်သိမ်း

1.8K 49 19
                                    

တစ်နှစ်ကြာပြီးသော်......

" သတိုးသတင်း ဘာကြားသေးလဲဝဠာ။ "

သည်တစ်နှစ်အတွင်း နေရာပေါင်းစုံမှာ သတိုးကိုရှာခဲ့သည်။ လည်ခဲ့ဖူးတဲ့နေရာတွေ၊ သွားချင်တယ်လို့ပြောဖူးတဲ့မြို့တွေ၊ ဘန်ကောက်နဲ့ စင်ကာပူကဆေးရုံတွေအထိ ဝဠာစုံစမ်းခဲ့သည်။

" ဘာမှမထူးသေးပါဘူးတေကြီးရာ။ ဒါပေမယ့် ငါလက်မလျှော့သေးဘူး။ သတိုးကိုငါရအောင်ရှာမှာ။ "

" အေးပါ။ ငါတို့လည်းဝိုင်းစုံစမ်းပေးနေပါတယ်။ ဪ ဒါနဲ့ ငါတို့သတိမထားမိတဲ့နေရာများရှိနေလောက်ဦးမလား။ ဥပမာကွာ သတိုးပြောဖူးတာတွေထဲက သူအသက်ကြီးရင်သွားနေချင်တဲ့နေရာတို့၊ အလုပ်သွားလုပ်ချင်တဲ့နေရာတို့ဖြစ်ဖြစ်ပေါ့။ မင်းမှတ်မိတာမရှိဘူးလား။ "

" ငါမှတ်မိတဲ့နေရာတွေအကုန်သွားပြီးပြီ။ ကျန်တာမရှိတော့... "

နေဦး။ သတိုးက သူအသက်ကြီးလာရင် တောင်ပေါ်မြို့လေးကဘုရားကျောင်းတွေမှာ ကလေးတွေကိုထိန်းကျောင်းပေးရင်းနေသွားချင်တယ်လို့ပြောခဲ့ဖူးတယ်ထင်တယ်။

ဟုတ်တယ်။ တက္ကသိုလ်တွေစတက်ကြတော့ စာမလုပ်ချင်တဲ့အကြောင်းကန်တင်းမှာပြောကြရင်း သတိုးကအဲ့လိုပြောခဲ့တာ။

" ဝဠာ။ မင်းတစ်ခုခုသတိထားမိလို့လား "

" တောင်ပေါ်မြို့ကဘုရားကျောင်းတွေ။ "

" တောင်ပေါ်မြို့ကဘုရားကျောင်း ဟုတ်လား။ "

" ဟုတ်တယ်။ သတိုးက သူအသက်ကြီးလာရင် အဲ့မှာပဲနေသွားချင်တယ်လို့ပြောခဲ့ဖူးတယ်။ အထူးသဖြင့် ရှမ်းပြည်။ "

" ဟုတ်ပြီ။ ဒါဆို ရှမ်းပြည်ကဘုရားကျောင်းတွေကိုအရင်ရှာလိုက်မယ်။ ပြီးမှ လှမ်းစုံစမ်းကြတာပေါ့။ "

" မဟုတ်ဘူးတေဇ။ ငါကိုယ်တိုင်သွားမယ်။ "

" များမယ်ထင်တယ်နော်။ မင်းသွားနိုင်ပါ့မလား။ "

" ရပါတယ်။ အိပ်မက်နောက်လိုက်ရတာပဲ။ မပင်ပန်းပါဘူး။ "

အချိန်တစ်ပတ်အတွင်းမှာပဲ ဝဠာအထုတ်အပိုးတွေပြင်ပြီး ခရီးထွက်ဖို့ပြင်သည်။

ခ်စ္​ရပါ​ေသာ  ပ်ိဳ ~  (ချစ်ရပါသော ပျို~) [ZG/ UNI]Where stories live. Discover now