Part 5(Unicode)

1.5K 130 2
                                    

ချစ်ရပါသော ... ပျို ~
Part - 5

" ပျို ~

မင်းဟာပန်းချီဆရာဆို...
ကိုယ်က ပိတ်ကားပေါ့

ကိုယ့်ဘဝကို ကြိုက်သလိုဆေးခြယ် "

မှတ်မှတ်ရရ ... ဒါက ဆယ်စောင်မြောက် စာ။

အပတ်စဉ် တနင်္လာနေ့တိုင်း ကျွန်တော့်ခုံပေါ်မှာ စာတစ်စောင်ရှိနေတတ်ခဲ့တာ ၂လကျော်ပြီ။

အမြဲလိုလို 'ချစ်ရပါသော ပျို' လို့ ရေးထားတာကလွဲရင် တခြားဘာနာမည်မှမပါ။

" ဟဲ့ ပျို ... ဒီစာတွေဘယ်သူပို့နေလဲဆိုတာ နင်မသိချင်ဘူးလား? "

" အေးလေ ... ငါတို့တွေ ဒီကသန့်ရှင်းရေးအဒေါ်ကြီးတွေကိုဖြစ်ဖြစ်မေးကြည့်လိုက်ကြမလား "

" ဟာ ... နင်တို့နှစ်ယောက်ကလည်းစိတ်ချည်းပဲ ... သွားမေးလို့ကောင်းမလားဟ ... သူတို့ကဘယ်လိုလုပ်သိမှာလဲ "

" ဟဲ့ အဲ့အဒေါ်ကြီးတွေကလေ ငါတို့တွေကျောင်းမရောက်ခင်ကတည်းက သူတို့ကကြိုရောက်နေပြီးအလုပ်လုပ်ရတာလေ။ အဲ့တော့ ဒီအခန်းထဲကိုဘယ်သူဝင်လာတယ်၊ ဒီခုံပေါ်ဘယ်သူစာထားသွားတယ်ဆိုတာ မြင်လိုက်နိုင်တာပဲ။ အို ... ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့သွားမေးကြည့်မှာ ... ဒီကျောင်းက သန့်ရှင်းရေးအဒေါ်ကြီးတွေနဲ့လည်း ငါကရင်းနှီးပြီးသားဆိုတော့ အားနာနေစရာမလိုဘူး ... ငါသွားပြီ "

" ဟဲ့ ... သက်မ ... ခင်သက်ရေ ... ဟဲ့ ... "

ခင်သက်ကတော့ လှမ်းခေါ်လို့တောင်မရတော့။
အခန်းထဲကနေ ပြေးထွက်သွားလိုက်တာများ လှစ်ခနဲပဲ။

" ဟင်း ... သက်မတို့ကတော့ ဘာတွေလုပ်ချလာဦးမလဲမသိဘူး "

" နင်ကလည်းဟယ် သူစပ်စုတတ်တာသိရဲ့သားနဲ့ ... သတင်းထူးသိရဖို့ဆို အရမ်းတွေတက်ကြွနေတာ "

" အေးဟာ ... အဲ့ စသုံးလုံးမယ်တော်ကိုလည်း ဘယ်လိုထိန်းရမလဲကိုမသိတော့ဘူး "
[Author's note : စသုံးလုံး ဆိုတာ စပ်စုစိန် ရဲ့အတိုကောက်ပါ ]

" ဘယ်လိုမှထိန်းလို့မရဘူးပျိုရေ ... လွှတ်သာထားလိုက် "

" အေးပါကွာ ... "

ခ်စ္​ရပါ​ေသာ  ပ်ိဳ ~  (ချစ်ရပါသော ပျို~) [ZG/ UNI]Where stories live. Discover now