Part 7(Unicode)

1.3K 127 1
                                    

ချစ်ရပါသော ပျို ~
Part - 7

====================

< Bell Ringing ... >

" ဟဲ့ ပျို "

" ဟင် ဘာလဲ? "

" အခု FAအတန်းချိန်က ဆရာအသစ်ဝင်မှာတဲ့။
နင်သိပြီးပြီလား? "

" ဟေ ... ဟုတ်လား "

" အေးဆို။ အသက်ကြီးကြီးဆရာလို့ပြောသံကြားတယ်။ ကျောင်းဥက္ကဌကြီးတွေကိုတောင်သင်ခဲ့တာဆိုလားပဲ "

" အမယ်။ သက်မ သိလှချည်လား "

" ဟဲဟဲ။ ဒီကျောင်းမှာ ခင်သက်တို့က အထူးသတင်းထောက်ပဲလေ။ ကျောင်းအုပ်ကြီးsmallဆွဲတာကအစ၊ ကျောင်းစောင့်ကြီးမွေးထားတဲ့ခွေး ကလေးမွေးတာအဆုံး၊ ခင်သက်မသိတာဘာမှမရှိ "

" အေးပါဟယ်...အေးပါ။
'ခင်သက် knows everything'ပါ "

" ခုလိုအသိအမှတ်ပြုပေးတာ ကျေးဇူးအထူးပါ အစ်မမေမြတ်ရှင့် "

" ရပါတယ်ရှင့် "

" နင်တို့နှစ်ယောက်က ဘယ်လိုတောင်ကျပ်မပြည့်ကြတာလဲဟာ "

""" ဟားဟား ဟားဟား ဟားဟား """

သူငယ်ချင်း၃ယောက် တူညီစွာရယ်မောမိကြသည်။

ထိုစဉ် အတန်းထဲသို့ ဆရာဝင်လာသောကြောင့် အတန်းခေါင်းဆောင်ကမတ်တပ်ထရပ်လိုက်ပြီး ...

" အားလုံးပဲ ဆရာ့ကိုနှုတ်ဆက်မယ် "

""" မင်္ဂလာပါ ဆရာ """

" အေး ထိုင်ကြ "

""" ကျေးဇူးတင်ပါတယ် ဆရာ """

ဆရာအသစ်မို့ ပျိုတို့အားလုံး သေချာလိုက်ကြည့်မိသည်။

လည်ကတုံးအဖြူပေါ် တိုက်ပုံထပ်ဝတ်ပြီး
ပုဆိုးနှင့်စာလာသင်သောဆရာသည် "The Universe"ကျောင်းဝင်းတစ်ခုလုံးတွင် ဒီဆရာတစ်ယောက်သာရှိလိမ့်မည်။
အသက်က၇၀ကျော်လောက်ပြီဟုပင် ထင်ရလျက်
ဒေါသကြီးမှန်းသိသာနေသောမျက်နှာနှင့် ဆရာသည် အတန်းထဲဝင်လာကတည်းက သစ်သားတုတ်တစ်ချောင်းကို လက်ကကိုင်လာသည်။

" ကဲ သင်ခန်းစာ စမယ်။
စာမျက်နှာ ၁၈ကိုလှန် "

ကျောင်းသားအားလုံး တုတ်တုတ်မျှမလှုပ်ရဲပဲ
ဆရာတွက်ပြသော accounting ပုစ္ဆာများကိုလိုက်ကြည့်နေချိန်တွင် ဘေးခုံမှ စပ်စုစိန်ခင်သက်က ပျို့နားကပ်ကာစကားတိုးတိုးလာပြောသည်။

ခ်စ္​ရပါ​ေသာ  ပ်ိဳ ~  (ချစ်ရပါသော ပျို~) [ZG/ UNI]Where stories live. Discover now