Renal Transplantation

5.2K 288 18
                                    

About renal transplantation

Renal transplantation/ ကျောက်ကပ်အစားထိုးကုသခြင်းဆိုတာက ကိုယ်ခန္ဓာအစားထိုးကုသခြင်းတွေထဲမှာ အောင်မြင်မှုအများဆုံးနဲ့ အန္တရာယ်အကင်းဆုံးကုသမှုပါ။ ကျောက်ကပ်အစားထိုးကုသရင် မအောင်မြင်ဘူးဆိုတာကရှားပါတယ်။ But ကိုယ့်ရဲ့ficထဲမှာကျ ကျောက်ကပ်အစားထိုးရင်း သတိုးကပြန်မလာနိုင်တော့ဘူးဖြစ်သွားတယ်ပေါ့။ ဘာကြောင့်လဲ?

ခွဲစိတ်ကုသမှုတွေတိုင်းမှာ လူ့ခန္ဓာကိုယ်ကပြန်နလန်ထဖို့အချိန်လိုပါတယ်။ ခံနိုင်ရည်ရှိဖို့လည်းလိုတယ်။ ကိုယ်အင်္ဂါအစားထိုးခွဲစိတ်မှုတွေဆိုရင်တော့ ပိုဆိုးတာပေါ့။ Body organ donorရော patientမှာပါ လုံလောက်တဲ့ကျန်းမာရေးအခြေအနေရှိရပါတယ်။ အကယ်၍များliving donorမှာ လုံလောက်တဲ့ကျန်းမာရေးအခြေအနေ၊ အာဟာရပြည့်ဝမှု၊ ကိုယ်ခံအားတွေမရှိဘူးဆိုရင် တာဝန်ခံဆရာဝန်ဟာလည်း လှူဒါန်းဖို့ခွင့်မပြုပါဘူး။ ဒါကြောင့် သတိုးဖြစ်သွားသလိုပုံစံမျိုးဟာ အပြင်မှာမဖြစ်နိုင်ပါဘူး။

ကျောက်ကပ်အစားထိုးကုသရင်းနဲ့ မအောင်မြင်ဘူးဆိုတာတွေရှိပါတယ်။ ကိုက်ညီတဲ့donorကလှူဒါန်းပေမယ့် patientရဲ့ခန္ဓာကိုယ်ကလက်မခံတဲ့အခါမျိုးနဲ့ ကျန်းမာတဲ့donorဖြစ်နေပေမယ့် လှူဒါန်းလိုက်ပြီးတဲ့အခါ donorကပြန်နိုးထမလာနိုင်တဲ့အခါမျိုးတွေမှာပါ။

သတိုးဟာ living donorပါ။
Living donorတွေရဲ့ side effectအများစုကတော့ သွေးပေါင်တက်တာ၊ ကင်ဆာရောဂါဖြစ်လွယ်တာ၊ ကိုယ်ခန္ဓာကအရင်လောက်မကျန်းမာတော့တာတွေဖြစ်နိုင်ပါတယ်။
လုံလုံလောက်လောက်အိပ်စက်အနားယူထားတယ်၊ အာဟာပြည့်ဝတယ်၊ ကျန်းမာရေးကောင်းမွန်တယ် ဆိုတဲ့အချက်တွေနဲ့ပြည့်စုံတဲ့ donorတွေမှာတောင် အခန့်မသင့်ရင် ခွဲစိတ်ပြီးနောက်ပိုင်းမှာ comaဝင်ပြီး သတိရမလာတော့တာတွေရှိပါတယ်။ (ဒါပေမယ့် တော်တော်ရှားပါတယ်)

ပြောချင်တာက ကျောက်ကပ်လှူဒါန်းပေးလိုက်ရုံနဲ့ မသေနိုင်ပါဘူး။
သတိုးဟာ ဝဠာ့ကို ကျောက်ကပ်ပေးလိုက်လို့ ဒီလိုဖြစ်သွားရတာမဟုတ်ပါဘူး။
လုံလုံလောက်လောက်မအိပ်ထားဘူး၊ အာဟာရပြည့်ဝမှုမရှိဘူး၊ မကျန်းမာဘူး ဆိုတဲ့အနေအထားတွေမှာလှူဒါန်းလိုက်လို့သာ ခွဲစိတ်ပြီးနောက်ပိုင်း ခန္ဓာကိုယ်ပြန်runဖို့ကိုယ်ခံအားမလုံလောက်တဲ့အတွက် ဆုံးရှုံးလိုက်ရတာပါ။ အပြင်မှာတော့ ဒီလိုအနေအထားမျိုးနဲ့လူကို ဆရာဝန်က လုံးဝ(လုံးဝ)ပေးလှူခွင့်မပြုပါဘူးနော်။ Fictionထဲမှာကျတော့ fictionဖြစ်တဲ့အတွက်ရယ်၊ ဝဠာတို့မိသားစုကအင်အားကြီးတော့ မဖြစ်နိုင်ဘူးဆိုတာမရှိတဲ့အတွက်ရယ်၊ ဝဠာကလည်း အချိန်ထပ်ဆွဲလို့မရတဲ့အနေအထားဖြစ်နေတာတွေရယ်ကြောင့် သတိုးကိုလှူခွင့်ပေးလိုက်တာပါ။

#ကိုယ်လည်းဆရာဝန်မဟုတ်တော့ အသေချာကြီးမသိပေမယ့် Googleကရှာပြီး တတ်သလောက်မှတ်သလောက်လေးပြန် ရှင်းပြတာပါ။ လုံးဝမဖြစ်နိုင်တာကိုရေးထားတာမဟုတ်ပဲ ဖြစ်နိုင်ချေတွေထဲကပဲရွေးချယ်ပြီးရေးခဲ့တာပါ။ ကိုယ်မသိလိုက်တာတွေထဲကလိုအပ်ချက်တွေများရှိခဲ့ရင် ထောက်ပြပေးနိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်။
Elena_D_97.

ချစ်​ရပါ​သော  ပျို ~  (ချစ်ရပါသော ပျို~) [ZG/ UNI]Where stories live. Discover now