Part - 1 My dear Pyo ~ ( ချစ်​ရပါ​သော...ပျို )

18.3K 1.1K 47
                                    


' ချစ်​ရပါ​သော ပျို ... '

မိုးပြာ​ရောင်​စာအိတ်​​လေးတစ်​အိတ်​။
ပြီး​တော့ အိတ်​ပေါ်မှာရေးထားတာက 'ချစ်​ရပါ​သော ပျို '

" မိုး​တွေရွာတဲ့ အဲဒီ့မနက်​မှာ
မင်းကိုစ​တွေ့ခဲ့တယ်
မ​မျှော်​လင့်​ပါပဲ...
ကိုယ် ​မင်းကိုချစ်​မိသွားခဲ့တယ်​ "

ဘာလား ?

" Wowwww ... ပျိုတို့က​တော့စွံတယ်​​ဟေ့ "

" ​နေစမ်းပါဟာ ... ဘယ်​သူ​နောက်​ပြီး​ရေးထားတာလဲမှမသိတာ
ပို့တဲ့လူရဲ့နာမည်​မပါ လိပ်​စာမပါနဲ့ ...
နင်​တို့လက်​ချက်​ပဲမလား "

" ဟယ်​ ... ပျိုရယ်​ ... ဒါမျိုးက​တော့ ငါတို့တကယ်​မလုပ်​ပါဘူးဟယ်
ပြီး​တော့ ဒီလိုအ​ရေးအသားမျိုး​တွေလည်းမ​ရေးတတ်​ဘူး
ဘုရားစူး ... ငါတို့၂​ယောက်​လက်​ချက်​မဟုတ်​ဘူး "

" ဒါဆို ဒီစာကဘယ်​က​ရောက်​လာတာလဲ
ဘယ်​သူ​ရေးပြီးငါ့ခုံ​ပေါ်လာတင်​ထားတာလဲ
သူက ဘာလုပ်​ဖို့ကြိုးစား​နေတာလဲ "

" ဒါက​တော့ ငါတို့လည်းသိချင်​​နေတာပဲ​လေဟာ
၃​ယောက်​အတူတူ​ကျောင်းလာကြတယ်
ဒီစာကိုလည်း ခုမှတူတူ​တွေ့ကြတဲ့ဟာကို
ငါတို့လည်းဘယ်​သိမှာလဲလို့
နော်​ ... မြတ်​မ "

" ​အေး​လေ ပျိုရယ်​ ... သက်​​ရော နင်​​ရော ငါ​ရော ခုမှဒီစာကိစ္စသိရတာချင်းအတူတူကို ငါတို့ကိုလာ​မေး​နေလို့ဘာသိရမှာလဲ​ပြော "

" ဟင်း .....
ဒါ​ဆို ငါကဒီစာကိုဘာလုပ်​ရမှာလဲ "

" နင်​မလိုချင်​လည်း လွှင့်​ပစ်​လိုက်​​ပေါ့။
ဒါ​ပေမယ့်​ လွှင့်​ပစ်​ရင်​လည်း စာအိတ်​မှာကနင့်​နာမည်​ကြီးနဲ့။
နောက်​ပြီး အ​ရေးအသားအရ စာပို့တဲ့လူက​ယောက်ျား​လေးဖြစ်​နိုင်​​နေတယ်​ဆို​တော့ သူများ​တွေမြင်​သွားရင်​ ... "

" ဟုတ်​တယ်​ပျို ... သက်​​ပြောသလိုပဲ ... စာက နင့်​နာမည်​နဲ့လာတာဆို​တော့ ခု​လော​လောဆယ်​ နင်​ပဲသိမ်းထားလိုက်​သင့်​တယ်
နင့်​အိမ်​​ရောက်​မှ လွှင့်​ပစ်​ချင်​လည်း သ​ဘော​ပေါ့ဟာ "

ချစ်​ရပါ​သော  ပျို ~  (ချစ်ရပါသော ပျို~) [ZG/ UNI]Where stories live. Discover now