Part 21(Unicode)

919 86 6
                                    

ချစ်ရပါသော ပျို ~
Part - 21

================================

" စိတ်ကူးယဉ်ခွင့်ပဲရှိတဲ့ ကိုယ့်လိုလူတစ်ယောက်က စိတ်ကူးယဉ်ဆန်တာ ဘာများထူးဆန်းလို့လဲ "

အဝေးကိုငေးရင်းစကားဆိုတဲ့ သတိုးရဲ့မျက်ဝန်းအိမ်တွေက ရီဝေနေလျက်...

စကားသံတွေတိတ်ဆိတ်သွားသောအနေအထားတွင် မေမြတ်ရဲ့ဖုန်းကထမြည်လာသည်။

" Hello "

' ဟဲ့မြတ် နင်ဘယ်ရောက်သွားတာလဲ.. ငါသတိရလို့ကြည့်လိုက်တော့ ငါ့အနားမှာနင်မရှိတော့ဘူး... ငါဂရုမစိုက်မိတာ တောင်းပန်ပါတယ်ဟာ... ငါ့ကိုမထားခဲ့ပါနဲ့မေမြတ်ရယ်... ငါ့အနားကနေထွက်မသွားပါနဲ့နော်.. '

" ဟဲ့ကမ ဘယ်dramaထဲကဒိုင်ယာလော့တွေလာရွတ်ပြနေတာလဲ။ ငါပြခန်းအထွက်ပေါက်နားကပန်းခြံလေးထဲမှာ။ နင့်ကိုပြောပြီးမှထွက်လာမလို့ပဲ.. ဒါပေမယ့် နင်က ပန်းချီတွေထဲမျော..ဟောဟော နေတာနဲ့ မပြောပဲထွက်လာလိုက်တာ "

' သိသားပဲ။ နင်ပျောက်သွားလို့ဆိုပြီးလိုက်ရှာရင်းနဲ့ အဲ့ခြံထဲလည်း ငါရောက်ပြီးပြီ။ နင်နဲ့ကိုသတိုးနဲ့ အချစ်ဥယျာဉ်လေးထဲသာယာနေတာတွေ့တော့ မနှောင့်ယှက်ရက်လို့ အရင်ပြန်သွားနှင့်ပြီသိလား။ အချစ်ဥယျာဉ်လေးထဲ ဆက်လက်ပျော်မြူးနိုင်ပါစေ '

" ဟမ်!! မဟုတ်ပါဘူးဟဲ့... Hello! Hello!! "

တစ်ဖက်ကဖုန်းချသံနဲ့အတူ အသံလှိုင်းလည်းပြတ်တောက်သွားလေသည်။

" ဘာဖြစ်လို့လဲ မြတ် "

" ခင်သက်လေ... မြတ်ကိုမစောင့်ပဲပြန်သွားပြီတဲ့ "

" ဪ... အတူလာကြတာဆို "

" အင်းလေ.. သူပဲအတင်းခေါ်လာပြီးတော့ ခုကျမြတ်ကိုထားသွားတယ်.. ပြန်မယ်ဆိုလည်း နည်းနည်းပါးပါးလာခေါ်မှပေါ့.. ဒီလိုကြီးထားသွားတာတော့ ဘယ်ကောင်းမလဲ "

" ကောင်းပါတယ် "

" ဘာကောင်းတာလဲ... ဒီပြခန်းကို သူခေါ်လို့သာရောက်လာတာ... ဒီကနေ မြတ်အိမ်မပြန်တတ်ဘူးအစ်ကိုရဲ့ သိရဲ့လား.. အီးဟီး.. "

မေမြတ်ကတော့ ပြောနေရင်းငိုသံပါလေပြီ။

" အာ.. မြတ်ကလည်း ကိုယ်တစ်ယောက်လုံးရှိနေတာပဲဟာ။ ကိုယ်ပြန်ပို့ပေးမှာပေါ့ .. ဟုတ်ပြီလား။ ငိုစရာမှမဟုတ်ပဲ "

ခ်စ္​ရပါ​ေသာ  ပ်ိဳ ~  (ချစ်ရပါသော ပျို~) [ZG/ UNI]Where stories live. Discover now