Part 8(Unicode)

1.3K 115 2
                                    

ချစ်ရပါသော ပျို ~
Part - 8

==============================

(The next day...)

" ချာတိတ် "

တေဇနဲ့ကန်တင်းဆီလမ်းလျှောက်သွားနေရင်း ဝဠာကလှမ်းခေါ်သည်မို့

" ဗျာ "

" ရော့ မနေ့ကဘောပင်။ ငှါးပေးတဲ့အတွက်ကျေးဇူး "

" ဟုတ် ရပါတယ် "

" မင်းကိုငါ နေ့လည်စာပြန်ဝယ်ကျွေးမယ်။ ကန်တင်းလိုက်ခဲ့ "

" ဗျာ ... "

" သွားမယ်။ လာ "

'လာ'ဆိုတဲ့ခေါ်သံနဲ့အတူ ကျွန်တော့်ရင်ခွင်ထဲမှာပိုက်ထားတဲ့ကျောပိုးအိတ်အမည်းလေးကို ဆွဲယူပြီးထွက်သွားတဲ့ ဝဠာ။

ရုတ်တရက်မို့ မှင်သက်နေမိသည်။

" ဟေ့ ငါ့ကိုစာရှင်းပြဖို့ကရော "

" အမ် "

" မလာဘူးလား? ဘာလုပ်နေတာလဲ? "

" ဟမ် "

တေဇက စာရှင်းပြဖို့ခေါ်တယ်။
ဝဠာက နေ့လည်စာအတူစားဖို့ခေါ်တယ်။
သူတို့နှစ်ယောက်ကြား ကျွန်တော်ဗျာများရပြီ။

ဘယ်လိုလုပ်ရမလဲ ??

တေဇနဲ့ကလည်း ပြောပြီးဆိုပြီး။
ဝဠာနဲ့ကလည်း ... အင်း ... ။

မသိဘူးကွာ။
ကိုယ့်ရဲ့ဆောင်ပုဒ်ကိုက
'အစားအသောက်က နံပတ် ၁
အစားအသောက်က နံပတ် ၂
အစားအသောက်က နံပတ် ၃' ဆိုတော့လည်း ... ... ...

" ဟိုလူကြီး ခင်ဗျားကို မနက်ဖြန်မှပဲရှင်းပြတော့မယ်ဗျာ။ ဒီနေ့တစ်ရက် စာသင်ချိန်နားတယ်လို့သဘောထားလိုက်။ အခုတော့ ထမင်းသွားစားလိုက်ဦးမယ်။ တာ့တာ "

" ဟာ... ဟေ့!! ဟေ့!! "

ဘယ်လိုခေါ်ခေါ်မရတော့။
ပျိုကတော့ ဝဠာ့နောက်ကို ကောက်ကောက်ပါအောင်လိုက်သွားလေပြီ... ။

" ဟျောင့် သားကြီး။
ဘာလို့ အရှုပ်ထုတ်ကိုခေါ်လာတာလဲ "

ကန်တင်းအဝင်မှာရပ်စောင့်နေတဲ့သတိုးက
လုလင်ပျိုကိုမေးငေါ့ပြပြီး မေးသည်။

" အရှုပ်ထုတ်မဟုတ်ဘူး။
သူကငါ့ရဲ့ ကျေးဇူးရှင်ဖြစ်သွားပြီ။
အဲ့ဒါကြောင့် မင်းတို့ကောင်တွေလည်း ဒီနေ့ကစပြီး ဒီချာတိတ်ကိုအနိုင်ကျင့်ဖို့မစဉ်းစားနဲ့တော့။ အကယ်၍များ သူ့ကိုအနိုင်ကျင့်နေတာတွေ့ခဲ့ရင် ဘယ်သူ့ကိုမှ ငါချမ်းသာပေးမှာမဟုတ်ဘူး "

ခ်စ္​ရပါ​ေသာ  ပ်ိဳ ~  (ချစ်ရပါသော ပျို~) [ZG/ UNI]Where stories live. Discover now