Part 29(Unicode)

883 74 6
                                    

ချစ်ရပါသော ပျို ~
Part - 29

================================

လုလင်ပျိုနှင့်ဝဠာကကားအတူစီးလျက် အရင်ဆုံးထွက်ခွာသွားသည်။

အသီးသီးအိမ်ပြန်ရန်ပြင်ဆင်ကြစဉ် လိုက်ပို့ပေးရန်မျှော်လင့်နေသော မေမြတ်၏မျက်လုံးများကို အားမနာတမ်းပင် သတိုးမျက်နှာလွှဲလိုက်၏။

" အာကာ.. မြတ်နဲ့သက်ကို မင်းတို့ကားနဲ့အိမ်ပြန်ပို့ပေးလိုက်ပါ "

" ဟင်! ဘာလို့လဲ? မြတ်တို့ ခါတိုင်းလိုပဲ အစ်ကို့ကားနဲ့လိုက်မယ်လေ "

" ဒီနေ့တော့ သူတို့ကားနဲ့လိုက်သွားလိုက်ပါ... ကိုယ် တေဇနဲ့ ကိစ္စလေးရှိနေသေးလို့ "

စိတ်ညစ်သွားသည့်အရိပ်အယောင်က မေမြတ်မျက်နှာပေါ်တွင်အထင်းသားပေါ်နေသော်လည်း သတိုးဂရုမစိုက်တော့။

အစကတော့ မေမြတ်လိုမိန်းကလေးမျိုးက ကိုယ့်ကိုဘယ်နည်းနဲ့မှပြန်မကြိုက်လောက်ဘူးဆိုတဲ့အထင်နဲ့ ဟန်ဆောင်crushအဖြစ်ရွေးချယ်ခဲ့မိသည်။ မေမြတ်က တဖြည်းဖြည်းနဲ့ ကိုယ့်အပေါ်စိတ်ယိုင်လာသလိုအရိပ်အယောင်တွေ တွေ့လာရချိန်မှာတော့ သတိုးပြတ်သားရတော့မည်။

ကိုယ်ဟာဘယ်လိုပဲဆိုးသွမ်းနေတဲ့လူလို့ဆိုဆို... ကိုယ့်ကြောင့်တော့ ဘယ်သူ့ကိုမှဒုက္ခမရောက်စေချင်။ ကိုယ့်ကြောင့်နဲ့ မေမြတ်ကအသားလွတ်ကြီးခံစားရမယ့်အဖြစ်မျိုးကိုတော့ သတိုးအဖြစ်မခံနိုင်ပါ။

ဒါကြောင့်... မေမြတ်ကို သူ လစ်လျှူရှုမှဖြစ်မည်။

မလိုက်ချင်လိုက်ချင်နဲ့ မေမြတ်ကတော့အာကာတို့ကားပေါ်ပါသွားလေပြီ။

" မင်းက ငါနဲ့ဘာကိစ္စရှိလို့လဲဟ "

" ဟမ်! "

" မင်းပဲခုနက မေမြတ်ကိုပြောတာလေ... ငါနဲ့ကိစ္စရှိသေးလို့ဆို.. အဲ့ဒါ ဘာကိစ္စလဲလို့ "

" ဪ... ငါ မင်းကို အသိပေးပြီး တောင်းပန်ချင်တာရှိလို့ပါ "

" မင်းက? ငါ့ကို? တောင်းပန်စရာကိစ္စ?
ဟျောင့်... ဘာလဲကွ.. ဟဟ.. မင်းနဲ့ငါ့ကြားမှာ တောင်းပန်စရာကိစ္စရှိဖူးလို့လား "

ခ်စ္​ရပါ​ေသာ  ပ်ိဳ ~  (ချစ်ရပါသော ပျို~) [ZG/ UNI]Where stories live. Discover now