Part 1(Unicode)

3.8K 200 8
                                    


' ချစ်ရပါသော ပျို ... '

မိုးပြာရောင်စာအိတ်လေးတစ်အိတ်။
ပြီးတော့ အိတ်ပေါ်မှာရေးထားတာက 'ချစ်ရပါသော ပျို '

" မိုးတွေရွာတဲ့ အဲဒီ့မနက်မှာ
မင်းကိုစတွေ့ခဲ့တယ်
မမျှော်လင့်ပါပဲ...
ကိုယ် မင်းကိုချစ်မိသွားခဲ့တယ် "

ဘာလား ?

" Wowwww ... ပျိုတို့ကတော့စွံတယ်ဟေ့ "

" နေစမ်းပါဟာ ... ဘယ်သူနောက်ပြီးရေးထားတာလဲမှမသိတာ
ပို့တဲ့လူရဲ့နာမည်မပါ လိပ်စာမပါနဲ့ ...
နင်တို့လက်ချက်ပဲမလား "

" ဟယ် ... ပျိုရယ် ... ဒါမျိုးကတော့ ငါတို့မလုပ်ပါဘူးဟယ်။
ပြီးတော့ ငါတို့လို ကျားကျားယားယားမိန်းမသားကြီးတွေက ဒီလိုအရေးအသားမျိုးတွေလည်းမရေးတတ်ပါဘူး။
ဘုရားစူး ... ငါတို့၂ယောက်လက်ချက်မဟုတ်ဘူး "

" ဒါဆို ဒီစာကဘယ်ကရောက်လာတာလဲ
ဘယ်သူရေးပြီးငါ့ခုံပေါ်လာတင်ထားတာလဲ
သူက ဘာလုပ်ဖို့ကြိုးစားနေတာလဲ "

" ဒါကတော့ ငါတို့လည်းသိချင်နေတာပဲလေဟာ။ ၃ယောက်အတူတူကျောင်းလာကြတယ်။ ဒီစာကိုလည်း ခုမှတူတူတွေ့ကြတဲ့ဟာကို။ ငါတို့လည်းဘယ်သိမှာလဲလို့။ နော် ... မြတ်မ "

" အေးလေ ပျိုရယ် ... သက်ရော နင်ရော ငါရော ခုမှဒီစာကိစ္စသိရတာချင်းအတူတူကို ငါတို့ကိုလာမေးနေလို့ဘာသိရမှာလဲပြော "

" ဟင်း .....
ဒါဆို ငါကဒီစာကိုဘာလုပ်ရမှာလဲ "

" နင်မလိုချင်လည်း လွှင့်ပစ်လိုက်ပေါ့။
ဒါပေမယ့် လွှင့်ပစ်ရင်လည်း စာအိတ်မှာကနင့်နာမည်ကြီးနဲ့။
နောက်ပြီး အရေးအသားအရ စာပို့တဲ့လူကယောကျ်ားလေးဖြစ်နိုင်နေတယ်ဆိုတော့ သူများတွေမြင်သွားရင်

ပျိုရေ... နင်တော့ဂေးပြီ "

" ဟဲ့ခင်သက်မ ငါကတောင်နှစ်ဆယ်ဝတ်မင်းယောကျ်ားဟဲ့။ ဂေးစရာဘာအကြောင်းမှမရှိဘူး။ နင့်စကားကိုပြန်ပြင်ပြောလိုက်စမ်း "

" ဟုတ်တယ်ပျို ... သက်ပြောသလိုပဲ ... စာက နင့်နာမည်နဲ့လာတာဆိုတော့ ခုလောလောဆယ် နင်ပဲသိမ်းထားလိုက်သင့်တယ်
နင့်အိမ်ရောက်မှ လွှင့်ပစ်ချင်လည်း သဘောပေါ့ဟာ။ မဟုတ်ရင်တော့ အခုပုံစံအတိုင်းက ဘယ်သူမြင်မြင်အစ်ကိုနဲ့ညီဇာတ်လမ်းလေးဖြစ်နေတာအမှန်ပဲ "

ခ်စ္​ရပါ​ေသာ  ပ်ိဳ ~  (ချစ်ရပါသော ပျို~) [ZG/ UNI]Where stories live. Discover now