Part 14(Unicode)

1K 97 2
                                    

ချစ်ရပါသော ပျို ~
Part - 14

================================

" ဟယ် ... မသေကောင်းမပျောက်ကောင်း ပျိုရယ်။ မတော်တဆ နင်တစ်ခုခုဖြစ်သွားရင် ... အမလေး!! ငါတွေးတောင်မတွေးရဲဘူး "

" အင်း... ငါလည်းလေ အရမ်းလန့်သွားတာသိလား "

လုလင်ပျိုတစ်ယောက်
သခင့်ထံမှဂရုစိုက်မှုကိုလိုချင်၍ အသနားခံနေသောခွေးကလေးလိုမျက်နှာမျိုးဖြင့် မနေ့ညကျအဖြစ်သနစ်များကို မေမြတ်ထံ အစအဆုံးသံတော်ဦးတင်နေခြင်း။

" အစ်ကိုဝဠာသာရောက်မလာရင် နင့်ဘဝတော့ ရေတိမ်နစ်ပြီ "

မျက်နှာငယ်လေးနှင့် ခေါင်းသာညိမ့်ပြနေသော လုလင်ပျို။

မသိရင်
တစ်လောကလုံးမှာ သနားစရာအကောင်းဆုံးလူသားလိုလို ဘာလိုလို။

ထိုစဉ် ဆရာမဝင်သေးသောစာသင်ခန်းထဲသို့ မြင်းလိုကဆုန်ပေါက်ကာ ဝုန်းဒိုင်းကြဲပြေးဝင်လာသော ခင်သက်။

" ဟဲ့ ဟဲ့ ဟဲ့ !!! Breaking News.. ကိုတေဇလေ...မျက်နှာမှာဒဏ်ရာတွေနဲ့သိလား!! ညိုမည်းနေတာပဲ။ မနေ့က ဘယ်သူတွေနဲ့တစ်ပွဲနွှဲလာတာလဲမသိဘူး... နင်တို့အဲ့ကိစ္စမသိသေးဘူးမလား?? နင်တို့မသိသေးဘူးဆိုတာငါသိတယ်... အာ့ကြောင့် အသည်းအသန်ပြေးလာပြီးပြောရတာ။ Aigoo... မောလိုက်တာဟယ် ... အဲဒီ့ရေ ငါ့တိုက်စမ်းပါ "

ကျောင်းဝတ်စုံမီနီစကပ်အနီကွက်ကလေးကို သူများတွေလိုလှလှပပမဝတ်ပဲ အားကစားဘောင်းဘီရှည်ကြီးအောက်ကခံဝတ်ထားကာ ဖြစ်သလိုထုံးထားသောဆံပင်ထဲတွင် ခဲတံတစ်ချောင်းအမြဲထိုးထားလေ့ရှိသောခင်သက်က ဘယ်လိုကြည့်ကြည့်မိန်းကလေးမဆန်။ ( A/N: ခင်သက်ပုံစံက ရွှေမင်းသားလေးချစ်ပုံပြင်ထဲက မင်းသမီးရဲ့စတိုင်မျိုးပါ )

ငယ်ကတည်းကတွဲလာတဲ့သူငယ်ချင်းတွေဖြစ်ပေမယ့် မေမြတ်ကမိန်းကလေးဆန်ဆန်နဲ့လှလှပပနေသလောက် ခင်သက်ကတော့တစ်ခြားစီ။ စကားကိုလည်းတုတ်ထိုးအိုးပေါက်ပြောတတ်ပြီး သွားတာလာတာအနေအထိုင်က တခြားမိန်းကလေးတွေလိုလုံးဝကြွကြွယွယွလေးမနေ။

အခုလည်း ပျို့လက်ထဲကရေဘူးကိုဆတ်ခနဲဆွဲကာ အသည်းအသန်မော့သောက်နေပြန်သည်။

ခ်စ္​ရပါ​ေသာ  ပ်ိဳ ~  (ချစ်ရပါသော ပျို~) [ZG/ UNI]Where stories live. Discover now