ဒီဇာတ်ကွက်ဖြစ်လာတာကြီးက အရမ်းရုတ်တရက်ဆန်လွန်းတယ်။ သူမတို့ကြားထဲ ဆက်ဆံရေးတိုးတက်မှုလည်းမရှိဘဲနဲ့ သူက သူမကို ဘာလို့ ဒီလေသံကြီးနဲ့လာပြောနေရတာလဲ!?

သူမ သူမရဲ့ပန်ဒါမျက်လုံးတွေနဲ့ သူ့ကိုရှုပ်ထွေးစွာကြည့်လိုက်သည်။ သူ့ခေါင်းက တစ်ခုခုများလွဲနေလေရော့သလား?

ချီရှန်းက နဉ်ရှုလက်ကိုကိုင်ဖို့လုပ်လိုက်တာကြောင့် နဉ်ရှုက အရင်လက်ဦးမှုရယူကာ သူ့လက်ကိုကိုင်လိုက်သည်။ ဝက်ဆီတုံးကြီးက သူ့ကိုကိုင်လိုက်သလို ချီရှန်းခံစားလိုက်ရသည်။ ဒီစေးကပ်ပြီးအဆီတွေပြန်နေတဲ့လက်ရဲ့ထိတွေ့မှုက စကားလုံးနဲ့ဖော်ပြလို့မရလောက်အောင်ကြမ်းတမ်းတယ်။

ချီရှန်း သူမကိုင်ထားတဲ့သူ့လက်ကို ပြန်ရုတ်လိုက်ပြီး လက်ကိုင်ပဝါတစ်ခုနဲ့ အလျင်အမြန်ပင်သုတ်လိုက်ရသည်။ ဒီထိတ်လန့်စရာအတွေ့အကြုံကိုခံစားရပြီးနောက် သူ သူမလက်ကို နောက်တစ်ကြိမ်ထပ်ကိုင်ဖို့မကြိုးစားရဲတော့ချေ။

နဉ်ရှု သူ့ကိုရှက်ရွံ့သလိုကြည့်ကာမေးလိုက်သည်။

"ဘာဖြစ်လို့ပါလဲ သခင်လေး?"

ချီရှန်းက နဉ်ရှုကို နားလည်မှု၊ စာနာသနားမှု၊ စိုးရိမ်ပူပန်မှုတို့ပြည့်နေသောမျက်ဝန်းဖြင့်ကြည့်လာ၏။ ထိုအကြည့်က နဉ်ရှုကို ဆံပင်များထောင်ထသွားစေသည်။ ဘညလဲဟ? ပြောစရာရှိရင် ပြောလိုက်လေ! ဒီလိုကြောက်စရာအကြည့်ကြီးနဲ့ ကြည့်ဖို့လိုလို့လား?

"ငါ မင်းအကြောင်းသိပြီးပြီ။ မင်း တကယ်ကို အရမ်းခံစားခဲ့ရတာပဲ။"

ချီရှန်းက 'ငါနားလည်တယ်၊ ငါအကုန်နားလည်ပါတယ်'ဆိုတဲ့စကားလုံးတွေကို သူ့မျက်ဝန်းတွေမှာထင်ဟပ်စေရင်း ပြောလေ၏။

နဉ်ရှု : Oh my fucking god! လူစကားလေးပြောပါဟဲ့!

သူမက ရှုပ်ထွေးနေကာ အရမ်းတုံးအပြီးရိုသားဖြူ စင်တဲ့နတ်သမီးလေးတစ်ပါးပုံစံနဲ့ ပြောလေ၏။

"သခင်လေးဘာပြောနေတယ်ဆိုတာ ဒီအစေခံမသိပါဘူး။"

ချီရှနက 'ငါနာကျင်လိုက်တာ'ဆိုတဲ့အမူအရာနဲ့ ခေါင်းယမ်းကာဆိုသည်။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now