Йой! Нажаль, це зображення не відповідає нашим правилам. Щоб продовжити публікацію, будь ласка, видаліть його або завантажте інше.
အချိန်ကျပြီ..
"ခရက်.."
=================
Chapter (81) – ကလေးတွေ
မစ်ရှင်မှာဖော်ပြထားတာက သန်းခေါင်ယံအချိန်မှာ အနီရောင်အရိပ်ကို ဖမ်းမိဖို့ ပဉ္စမမြောက်အိမ်သာခန်းမှာ နေရမည်ဖြစ်သည်။ အဲ့ဒီနောက် ဘာဆက်ဖြစ်မလဲဆိုတာ Chen Ge မသိပေ။ သူက စိတ်ကူးကြည့်ရုံပဲ တတ်နိုင်သည်။
Chen Ge သည် ဓာတ်မီးပိတ်ကာ စဉ်းစားနေသည်။ အနီရောင်အရိပ် ပေါ်လာမယ်ပြောပြီး ခုပေါ်လာတာက ခြေသံ၂စုံဖြစ်နေသည်။ ဒီကျောင်းအိုကြီးမှာ နှစ်ပေါင်းများစွာပိတ်မိနေပြီး အနီရောင်အရိပ်က သူငယ်ချင်းသစ်များ ရသွားလို့လား..။
အပြင်ဘက်ကခြေသံတွေက အိမ်သာခန်းနား ကပ်လာသောကြောင့် မစ်ရှင်အရဆိုလျှင် Chen Ge က အိမ်သာခန်းလေးထဲ ပုန်းနေရမည်ဖြစ်သည်။ ဒါပေမယ့် ဒါက ထောင်ချောက်ထဲသက်ဆင်းနေသလိုပဲဟု တွေးမိကာ Chen Ge က အိမ်သာခန်းတံခါးနောက်နားမှာ တူကို ကျစ်ကျစ်ပါအောင်ကိုင်ပြီးသာ စောင့်နေမိသည်။ တကယ်လို့ သူတို့ဝင်လာရင် ခေါင်းကိုထုလိုက်ဖို့ တူကိုင်လက်ကို မြှောက်ထားလိုက်သည်။ ခြေသံတွေက ပိုနီးလာပြီး ဒုတိယထပ်ကအိမ်သာနားကို ပိုပိုကပ်လာသည်။ အပြင်မှာ ဘယ်သူတွေလဲ..၊ ဘာလုပ်နေသလဲဆိုတာ မသိရတာက Chen Ge ကို နှိပ်စက်နေသလိုပင်။ Chen Ge က အသံမထွက်ဘဲ တတ်နိုင်သလောက် တိတ်ဆိတ်နေသည်။ စက္ကန့်အနည်းငယ်အကြာမှာ ခြေသံတွေက အိမ်သာခန်းတံခါးနားမှာ ရပ်သွားသည်။
သူတို့လာနေကြပြီ..
Chen Ge ၏နှလုံးက အရှိန်ပြင်းသော မီးရထားခုတ်သလို ပိုခုန်လာပြီး လက်ဝါးထဲမှာ ချွေးစို့လာသည်။ အပြင်မှာ မုန်တိုင်းက ပိုသည်းနေပြီး လျှပ်စီးလက်နေခဲ့သည်။ အိမ်သာခန်းပြတင်းပေါက်ကနေ မိုးတွေပက်ဝင်နေလို့ ကြမ်းပြင်တွေစိုစွတ်သွားသည်။
သူတို့ ဘယ်ရောက်သွားပြီလဲ..
Chen Ge မျှော်လင့်သလို ထိုခြေသံနှစ်စုံက အိမ်သာခန်းထဲဝင်မလာခဲ့ပေ။ Chen Ge က စိတ်ကိုတင်းကာ အိမ်သာခန်းတံခါးကို ရုတ်တရက်ဖွင့်ကြည့်ဖို့လုပ်လိုက်စဉ် လျှပ်စီးကြောင်းကြီးလက်သွားပြီး အိမ်သာခန်းရှေ့ကြမ်းပြင်မှာ အရိပ်၂ခုရှိနေသည်ကို တွေ့လိုက်ရသည်။
သူတို့က တံခါးဝမှာ ရပ်နေတာပဲ..
Chen Ge ၏ခန္ဓာကိုယ် အေးခဲသွားသည်။ သူ ဓာတ်မီးပိတ်ထားသောကြောင့် အမှောင်ထဲမှာ သူဘာမှမတွေ့ခဲ့ရပေ။ ခုတော့ အရိပ်၂ခုက တံခါးအပြင်မှာရောက်နေလေပြီ။
အရိပ်၂ခုက ကလေးတွေလို ခပ်ပုပုဖြစ်သည်။
သူက မပေါ့ဆရဲဘဲ သတိနှင့်စောင့်နေစဉ် ခြေသံတွေက သူထင်သလို အိမ်သာခန်းထဲဝင်မလာဘဲ လှေကားဘက်ဆက်သွားပြီး အောက်ထပ်ကိုဆင်းသွားသံ ကြားလိုက်ရသည်။
ဒီလိုပဲ ထွက်သွားတာလား..
Chen Ge က တံခါးကို ဖြည်းဖြည်းဖွင့်ကြည့်လိုက်တော့ ဘယ်သူ့ကိုမှမတွေ့ရတော့ပေ။ ဒီအရိပ်က ကလေးတွေနဲ့တူပြီး ဖုန်းအနက်ကပြောတဲ့ အနီရောင်အရိပ်နဲ့ လုံးဝကိုကွဲပြားခြားနားသည်။ သူက စောရောက်နေလို့ အနီရောင်အရိပ်ကို မတွေ့ရတာလား..။
Chen Ge က ဓာတ်မီးထွန်းကာ ပဉ္စမအိမ်သာခန်းကို ဖွင့်ကြည့်လိုက်တော့ သာမန်အိမ်သာခန်းလိုပင်။
mission အရဆိုလျှင် သူက ဒီအိမ်သာခန်းထဲ ဝင်စောင့်ရမည်ဖြစ်သည်။ ဒီအခြေအနေအရဆိုရင် မစ်ရှင်လုပ်ရမှာက တတိယထပ်က အိမ်သာမှာများလား။ အရိပ်၂ခု အောက်ထပ်ကိုဆင်းသွားချိန် သူ အပေါ်ထပ်ကိုသွားကြည့်လို့ရသည်။ ထိုစဉ် ဖုန်းမြည်လာပြီး ကြည့်လိုက်တော့ အမည်မသိ ဖုန်းကောလ်ဖြစ်နေသည်။
ဘယ်သူ့ဖုန်းပါလိမ့်..။ Chen Ge မှာ သူငယ်ချင်းနည်းပြီး သူငယ်ချင်းတချို့နှင့် အဆက်အသွယ်ပင် မရှိတော့ပေ။ သူက ခဏတွန့်ဆုတ်နေပြီး ဖုန်းဖြေလိုက်သည်။
"ဟယ်လို.."
"မင်းက လွိရွှယ်ရဲ့ အတန်းဖော်လား.. စိတ်ပိုင်းဆိုင်ရာပြဿနာရှိတယ်လို့ သံသယရှိတဲ့ကလေးတစ်ယောက်ကို မင်း တွေ့ခဲ့တယ်လို့ကြားတယ်.."
ဖုန်းတစ်ဖက်ကအသံက ဆွဲဆောင်မှုရှိပြီး လူကို ယုံကြည်စိတ်ချစေသည်။
"ဟုတ်ပါတယ်.. ခင်ဗျားက..?"
"ငါက လွိရွှယ်ရဲ့အဖေပါ.."
ဟော်စန်းက သူ့ဖုန်းနံပါတ်ကို ကောင်းလွိရွှယ်ဆီပေးလိုက်တာက အသုံးဝင်သွားပုံရသည်။
"မင်း အဲ့ဒီကလေးအကြောင်း အသေးစိတ်ပြောပြလို့ရမလား.. စိတ်ပိုင်းဆိုင်ရာပြဿနာက အဆိပ်နဲ့တူတယ်.. ဒီဟာကို အချိန်မှီမဖြေရှင်းနိုင်ရင် ဒီကလေးရဲ့အနာဂတ်ဘဝက ပျက်စီးသွားလိမ့်မယ်.."
ကောင်းလွိရွှယ်၏အဖေက စိတ်ပိုင်းဆိုင်ရာပြဿနာကို ကျွမ်းကျင်ပြီး ထိုအရာ၏နောက်ဆက်တွဲအန္တရာယ်ကို ကောင်းစွာသိသူဖြစ်သည်။
"ဒီကလေးက ၈နှစ်လောက်ရှိပြီ.. သူ့ရုပ်ပိုင်းဆိုင်ရာက ကောင်းပေမယ့် သူ့စိတ်က လက်တွေ့ဘဝနဲ့ ကင်းကွာနေသလိုပဲ.. သူက တခြားလူတွေကို ဆက်ဆံပြောဆိုဖို့ ငြင်းပြီး အမှောင်ကိုပိုကြိုက်တယ်.."
"တခြားလက္ခဏာတွေရှိသေးလား.. ဖြစ်နိုင်ရင် ငါ့ကို အသေးစိတ်ပြောပြပေးနိုင်မလား.."
"သရဲအိမ်ကြောင့် သူနဲ့ဆုံခဲ့တာပါ.. ဒီကလေးက သရဲအိမ်ထဲဝင်ရတာ သဘောကျတယ်လို့ သူကပြောခဲ့တယ်.. သရဲအိမ်ထဲမှာ လူတိုင်းကြောက်ရွံ့စိုးရိမ်ကြပေမယ့် ဒီကလေးက ဘာမှမခံစားရဘူး.. ပြီးတော့ သူက နေရောင်အောက်မှာထက် မှောင်တဲ့နေရာမှာနေရတာကို ပိုသက်တောင့်သက်သာရှိသလိုပဲ.. အမှောင်က သူ့ကို လုံခြုံမှုပေးနေသလိုပဲ.."
တကယ်လို့ ဒီကလေးကို အပြင်မှာသာမဆုံခဲ့ရင် Chen Ge က လုံးဝယုံနိုင်မှာမဟုတ်ပေ။
"8နှစ်အရွယ်ကလေးတစ်ယောက်က သရဲအိမ်ကို သဘောကျတာလား.. သူက မကြောက်ဘူးလား.."
"ဟုတ်ပါတယ်.. သူက မသာမိတ်ကပ်လိမ်းထားတဲ့ သရုပ်ဆောင်ကိုတောင် စိတ်ဝင်တစား ကြည့်ခဲ့သေးတယ်.."
ဖုန်းတစ်ဖက်က တိတ်သွားပြီးမှ ဆက်ပြောခဲ့သည်။
"တကယ်လို့ ဒီကလေးက အကြောက်လုံးဝမရှိရင် အော်တီဇင်ဖြစ်နိုင်တယ်.. ဒါက စိတ်ခံစားချက်ကို လှုံ့ဆော်ပေးတဲ့အကျိတ် ပျက်စီးလို့ဖြစ်တဲ့လက္ခဏာပဲ.."
"တောင်းပန်ပါတယ်.. ကျွန်တော် နားမလည်လိုက်ဘူးခင်ဗျ.."
"စိတ်ခံစားချက်ကို လှုံ့ဆော်ပေးတဲ့ Amygdala အကျိတ်ဆိုတာ မှတ်ဉာဏ်ကို သိုလှောင်ပေးတဲ့နေရာဖြစ်တယ်.. ဒီနေရာကနေ ကိုယ်မှတ်ထားတာအပေါ် အခြေခံပြီး ကြောက်ရွံ့တာမျိုး ခံစားချက်ကို ဖြစ်စေတယ်.. တကယ်လို့ ဒီအကျိတ်ပျက်စီးနေရင် လူတစ်ယောက်က မြွေပွေးပဲဖြစ်ဖြစ်၊ ခြင်္သေ့ပဲဖြစ်ဖြစ် တွေ့လည်း မကြောက်တတ်တော့ဘူး.. ဒါကြောင့် သရဲအိမ်ထဲမှာ ကြောက်ရွံ့တာမရှိတာ ဖြစ်နိုင်တယ်.."
ဒါပေမယ့် ဒါက ဖန်းယွီ၏ပုံစံနဲ့ လုံးဝမတူပေ။
"ဒေါက်တာကောင်း.. ခုကလေးက ဘာမှမကြောက်တာတော့မဟုတ်ဘူး.. သူက နေရောင်ကိုကြောက်တယ်.. နေရောင်အောက်မှာ လမ်းလျှောက်ရတာမကြိုက်ဘူး.. သူက သရဲအိမ်ရဲ့အတွင်းဘက်ကို သဘောကျတယ်.. နေရောင်အောက်နဲ့ သရဲအိမ်ထဲမှာဆိုရင် အမူအယာက လုံးဝဆန့်ကျင်ဘက် ဖြစ်သွားတယ်ခင်ဗျ.. သူက သရဲအိမ်ထဲမှာဆိုရင် စကားပြောပေမယ့် နေရောင်အောက်ရောက်သွားရင် လုံးဝစကားမပြောတော့ဘူး.. သူက သရဲအိမ်ကနေ မပြန်ချင်လို့ သူ့အဒေါ်ကိုတောင် ဆွဲကုတ်လိုက်တာမြင်ရတယ်ဗျ.."
"မင်းပြောပုံအရဆိုရင် ဒီကလေးက အစွန်းနှစ်ဖက်စိတ်ရောဂါ (bipolar) ဖြစ်နေပုံရတယ်.. ဒါကြောင့် သူ့ပုံစံက သရဲအိမ်အတွင်းနဲ့ သရဲအိမ်အပြင်ဘက်မှာဆို လုံးဝဆန့်ကျင်ဘက်ကို ပြောင်းလဲသွားတာပဲ.. ငါ့အမြင်အရပြောရရင် ဒီကလေးက သူဖန်တီးထားတဲ့ကမ္ဘာလေးက သရဲအိမ်နဲ့ ဆက်စပ်နေပုံရတယ်.. သူငယ်ငယ်က သရဲအိမ်ထဲမှာ တစ်ခုခုဖြစ်ခဲ့လို့ စိတ်ဒဏ်ရာရနေတာမျိုး ဖြစ်နိုင်တယ်.. ဒီကလေးငယ်ငယ်က သရဲအိမ်ထဲ တစ်ခုခုဖြစ်ခဲ့ဖူးလား.. သူ့မိဘတွေကရော သရဲအိမ်မှာ အလုပ်လုပ်ဖူးသလား.."
ဒေါက်တာကောင်း၏ သုံးသပ်ချက်ကိုကြားတော့ Chen Ge စိတ်ထဲ ထင်မြင်ချက်တစ်ခု ပေါ်လာသည်။ ဒီကလေးရဲ့ သရဲအိမ်ထဲကအမူအကျင့်အရ သူ့သရဲအိမ်နဲ့စာရင် ဒီကောင်လေးရဲ့သရဲအိမ်က တကယ့်ကို ခြောက်လှန့်နိုင်ပုံရသည်။
==================
Chapter (82) – တစ်ဦးတည်းသော သက်သေခံ
ဖန်းယွီက သရဲအိမ်ကိုသဘောကျတာက သရဲအိမ်ထဲမှာ သရဲတစ်စုရှိနေလို့လား..။ ဒေါက်တာကောင်းရဲ့စကားကို ကြားပြီးနောက် ဒီဟာက မဟုတ်သလို ခံစားရပြန်သည်။
"ငါ လူနာတစ်ယောက်ရဲ့ ရောဂါလက္ခဏာကို လွယ်လွယ်ကောက်ချက်မချချင်ဘူး.. မင်း အချိန်ရရင် ဒီကလေးကို ငါ့ဆီခေါ်လာပေးပါလား.."
ဒေါက်တာကောင်းက တွေ့ရခဲသောလူနာကို ကိုယ်တိုင်စစ်ဆေးကြည့်ချင်လာသည်။ စိတ်ရောဂါဖြစ်စေတဲ့အကြောင်းအရင်းက များစွာရှိပြီး လူနာရဲ့လူနေမှုပတ်ဝန်းကျင်၊ စိတ်ဒဏ်ရာ၊ ဒါမှမဟုတ် ဗီဇကြောင့်လည်း ဖြစ်နိုင်သည်။
Chen Ge က ဘယ်လိုတွေးတွေး အဖြေမထွက်ပေ။ ဖန်းယွီက သရဲတွေနဲ့ပေါင်းသင်းရတာ ကြိုက်တာလား..။ ဒီလိုတွေးမိတော့ ကြောက်စရာအတွေးတစ်ခု ပေါ်လာသည်။ သူက အိတ်ကပ်ထဲက အိမ်အမည်းနဲ့လူနီပုံများ ရေးဆွဲထားသည့်စာရွက်ကို ထုတ်လိုက်သည်။
ဒီမုယန်အထက်တန်းကျောင်းကို ရောက်မလာခင်က ဒီအိမ်မည်းက ကျောင်းလို့ထင်ခဲ့ပေမယ့် ခုတော့ တစ်ခုမှမတူပေ။ ပုံထဲကအိမ်မည်းက ဖန်းယွီတို့တူဝရီးနေသည့် အိမ်နှင့်ပင် ပိုတူနေသေးသည်။
ဖန်းယွီက သူနေသည့်အိမ်ကိုသာ ရေးဆွဲထားရင် ဒီလူနီတွေက...
ဒီလိုတွေးမိတော့ Chen Ge ၏ဆံပင်များ ထောင်ထလာအောင် လန့်လာခဲ့သည်။ ဖန်းယွီနေသောအိမ်က သရဲတွေနဲ့ပြည့်နေတာလား။ ဖန်းယွီ၏အခန်းကို သွားစဉ်က ဒီကလေးက ခေါင်းငုံ့ကာ အာရုံစိုက်ပြီး ပုံရေးဆွဲနေသည်ကို သတိရလာသည်။ သူဆွဲကာ ပစ်ချထားသောပုံများက ရုတ်တရက်ကြည့်ရင် တူတယ်ထင်ရပေမယ့် တကယ်တော့ ကွဲလွဲနေသည်ကို သတိရလာသည်။ လူနီတွေရဲ့အနေအထားက နည်းနည်းစီကွဲနေသည်။ ဒီပုံအားလုံး အနီနဲ့အနက်ကိုပဲသုံးကာ အိမ်နဲ့လူနီတွေပဲ ဆွဲထားသည်။ ပထမ ဖန်းယွီက လျှောက်ဆွဲထားသည်ထင်ပေမယ့် Chen Ge သေချာစဉ်းစားမိတော့ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဒီကလေးက သူတို့အိမ်ထဲမှာရှိနေသော မကောင်းသည့်အရာများ၏ပုံကို ရေးဆွဲထားခြင်းဖြစ်သည်။
ဖန်းယွီက ဒါတွေကို ဘယ်လိုမြင်နိုင်တာလဲ..။
သရဲအိမ်ထဲရှိစဉ် ဖန်းယွီ၏အမူအယာကို ပြန်တွေးလိုက်တော့ ဒီကလေးက သူနဲ့စကားပြောနေစဉ် သူ့နောက်ကအရိပ်ကိုပဲ စိုက်ကြည့်နေခဲ့သည်။ ဖန်းယွီက သရဲအိမ်ထဲမှာ စကား၂ခွန်းပဲပြောခဲ့ပေမယ့် ဒါတွေက Chen Ge ကိုပဲ ရည်ညွှန်းနေသည်။ ပထမတော့ ဖန်းယွီ သူ့ကို သဘောကျတယ်ထင်ပေမယ့် ခုပြန်တွေးကြည့်တော့ ဖန်းယွီက သူ့ကို ကြင်နာသောဝိညာဉ်လို သဘောထားပုံရသည်။
သူက နေရောင်ကိုကြောက်တာ မထူးဆန်းတော့ပေ။ ဒီကလေးရဲ့အမြင်တွေက လုံးဝကိုဆန်းကြယ်နေသည်။ Chen Ge က ဖုန်းကိုကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။ သူ့အဒေါ်၏ ထူးဆန်းသောထွက်ဆိုချက်က Chen Ge ကို ကြောက်စရာ ထင်မြင်ချက်တွေ ဖြစ်လာစေသည်။ တခြားရှုထောင့်ကကြည့်ရင် ဖန်းယွီရဲ့မိဘတွေကို သတ်မယ်ဆိုရင် အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ရမည်။ ပြီးရင် အလောင်းနဲ့ခြေရာလက်ရာတွေကို သေချာဖျောက်ဖျက်ရမည်။ ဒါဆိုရင် ထိုအခင်းဖြစ်ပွားရာဆီ ကလေးကို ဘာကြောင့်သွားခွင့်ပြုလိုက်ရတာလဲ..။
သူ့မိဘတွေ ကောင်းကင်ဘုံပေါ်တက်သွားပြီလို့ ပြောပေမယ့် ဖန်းယွီက ရေတွင်းနားကိုသွားခဲ့သည်။ ဒါက သူ့မိဘတွေ ရေတွင်းထဲမှာရှိတာကို သိသည့်သဘောပဲ။ ဒါဆို လူသတ်သမားက သူ့ကို ဘာကြောင့် အသက်ရှင်ခွင့်ပေးထားတာလဲ။ Chen Ge ရဲ့မျက်ဝန်းတွေက ကျဉ်းမြောင်းသွားသည်။ လူသတ်သမားက ကောင်လေးခုလိုသိတာကို မသိလို့လား။ ဒါမှမဟုတ် ဒီကလေးက လူသတ်သမားလား။
ဘာပဲဖြစ်ဖြစ် Chen Ge က ကြောက်ရွံ့လာခဲ့သည်။ ဒီသဲလွန်စတွေက ဖန်းယွီ၏အဒေါ်ဆီကို ညွှန်ပြလို့နေသည်။ သူတို့အိမ်ထဲမှာရှိစဉ် ထိုအမျိုးသမီးက မီးဖိုထဲ အကြာကြီးနေခဲ့သည်။ တကယ်ဆို အဲ့ဒီလောက်မကြာသင့်ပေ။ ပြီးတော့ သူအိမ်ကမထွက်ခင် အမျိုးသမီးက သူ့ကို ရေသောက်ဖို့ပြောခဲ့သည်။ ဒီရေခွက်ထဲ ဆေးခတ်ထားတာဖြစ်နိုင်သည်။ ထိုစဉ်က အမျိုးသမီးက ကြင်နာတတ်သည်ဟု ထင်ပေမယ့် ခုတော့ သူမက ဆေးခတ်ချင်လို့ဆိုတာ ထင်ရှားသည်။
တကယ်လို့ အမျိုးသမီးက ဖန်းယွီ၏မိဘတွေကို သတ်ခဲ့ရင် ဘာကြောင့်ဒီကလေးကို ကျွေးမွေးစောင့်ရှောက်နေဦးမလဲ..။ အမျိုးသမီးက ဖန်းယွီကို တကယ်ချစ်ပုံရသည်။ ဒီကလေးကို ဆရာဝန်တွေနဲ့ပြဖို့ သူမဘာမှမစားရက်၊ မသုံးရက်အောင် ချွေတာနေသည်။ ဒီမိန်းမက တကယ်ပဲ လူသတ်သမားကောဟုတ်ရဲ့လား။ ရိုးရိုးသားသားပြောရရင် Chen Ge က ဒီမိန်းမရဲ့သန်မာမှုကို အကောင်းမြင်စိတ်ရှိနေသည်။ တကယ်လို့ အမျိုးသမီးက လူသတ်သမားမဟုတ်ရင် အဓိကသံသယတရားခံက ကလေးလေးသာဖြစ်ရမည်။
ဒီကလေးက အသက်ရှင်ကျန်ရစ်သော တစ်ဦးတည်းသော သက်သေဖြစ်ပေမယ့် သူက ကလေးဖြစ်လို့ Chen Ge က လုံးဝမထင်ခဲ့ပေ။ ဒါပေမယ့် ဒီပန်းချီကားကိုရေးဆွဲနိုင်ပုံအရ သူက ကလေးကို လျှော့တွက်ခဲ့မိသည်။ ဖန်းယွီက သရဲတွေကိုမြင်နိုင်သည့် ထူးခြားသောမျက်လုံးတစ်စုံရှိပြီး သူတို့နဲ့ တောက်လျှောက်ဆက်ဆံနေရလို့ သရဲမကြောက်တာဖြစ်မည်။ ဒါကြောင့် သူက ဘယ်လိုရှင်သန်ရမလဲဆိုတာ သိနေတာဖြစ်မည်။ သူက သရဲတွေကိုတောင် ထိန်းချုပ်နိုင်စွမ်းရှိနေသလားဟု Chen Ge သံသယဝင်လာသည်။
သူက သရဲတွေ၊ ဝိညာဉ်တွေရဲ့ နှစ်သက်မှုကိုခံရပေမယ့် Chen Ge က ဒါကို လုံးဝသဘောမကျပေ။ တကယ်လို့ ကောင်လေးက လူသတ်သမားဖြစ်ရင် ဘာကြောင့်လုပ်ခဲ့ရတာလဲ။ ဒီမိန်းမနဲ့ဒီကလေးက သူတို့ရဲ့မိသားစုဝင်ကိုသတ်ဖို့ အကြောင်းအရင်းလုံးဝမရှိပေ။
အဲ့ဒီနေ့က တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ။ ဖန်းယွီရဲ့မိဘတွေက ကျောင်းကရေတွင်းထဲ ပြုတ်ကျသွားခဲ့တယ်။ ဘာကြောင့် ဒီမုယန်အထက်တန်းကျောင်းမှာ ဒီကိစ္စတွေအားလုံး လာဖြစ်နေရတာလဲ..။
Chen Ge က ပုံကို သေချာပြန်သိမ်းလိုက်ပြီး ဖုန်းက ယခုထိ ချိတ်ဆက်နေဆဲဖြစ်လို့ Chen Ge တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ် ခင်ဗျာ.. ကျွန်တော် စိတ်ပျံ့သွားလို့ပါ.."
"ကိစ္စမရှိဘူး.. ငါလည်း ဂျာနယ်တွေမှာ ပြန်ရှာနေတာ.. ဒီကလေးကိစ္စကို ငါတကယ် စိတ်ဝင်စားတယ်.. သူ့ကို သေချာစမ်းသပ်ဖို့ အခွင့်ကြုံရင် ငါ့ဆီခေါ်လာပေးပါလား.."
ဒေါက်တာကောင်းက စိတ်ရှည်စွာစောင့်ကာ ပြောခဲ့သည်။
"ဟုတ်ကဲ့ပါ.. သေချာခေါ်လာပါ့မယ် ခင်ဗျာ.."
"ကျေးဇူးပဲ.. ဒါက ငါ့သီးသန့်ဖုန်းနံပါတ်ပဲ.. မင်းလာမယ်ဆိုရင် ဖုန်းတစ်ချက်ကြိုဆက်ပေးပါ.."
ဒေါက်တာကောင်းက တစ်ခုခုပြောဖို့ တုံ့ဆိုင်းနေပုံရလို့ Chen Ge က မေးလိုက်သည်။
"ဘာများရှိသေးလဲခင်ဗျာ.."
"ဒီလိုလူနာမျိုးက အရမ်းစိတ်ရှည်ရတယ်.. ရောဂါပြင်းထန်တဲ့လူဆိုရင် သူတို့ကိုယ်ကိုယ် ထိခိုက်အောင်လုပ်နိုင်တယ်.. မင်း သူ့ကိုခေါ်လာရင် သူစိတ်လှုပ်ရှားအောင် မလုပ်မိအောင် သတိထားပါ.."
==================
Chapter (83) – ဒီမစ်ရှင်ကိုပြီးအောင် ငါဘယ်လိုလုပ်ရပါ့မလဲ..
"ဒီကလေးပြန်ကောင်းဖို့နဲ့ မင်းလုံခြုံရေးအတွက် သေချာဂရုစိုက်ပါ.."
"ကျွန်တော်သိပါပြီ.. သေချာဂရုစိုက်ပါ့မယ်ခင်ဗျာ.."
ဖုန်းချပြီးတော့ Chen Ge က နံရံကိုမှီကာ ခေါင်းတစ်ခုလုံး ရှုပ်လို့နေသည်။ ဖန်းယွီနဲ့သူ့အဒေါ်က အဓိကသံသယတရားခံများ ဖြစ်နေသည်။ သားကောင်များက သူတို့ရဲ့အရင်းနှီးဆုံးမိသားစုဝင်တွေ ဖြစ်နေတာလား..။
ဘာပဲဖြစ်ဖြစ် ဖန်းယွီအဒေါ်က Chen Ge ကို တစ်ခုခုဖုံးကွယ်ထားခဲ့သည်။ လွန်ခဲ့သောခုနှစ်၊ မိုးရွာသောနေ့က တစ်ခုခုဖြစ်ခဲ့သည်။ အရင်းနှီးဆုံးမိသားစုက လူသတ်သမားဖြစ်သွားသည့်ကိစ္စက Chen Ge အတွက် လျှို့ဝှက်သောအချက်ဖြစ်နေသည်။ ရာဇဝတ်မှုဖြစ်သည့်နေရာက ဒီကျောင်းဝင်းထဲဖြစ်လို့ သဲလွန်စကျန်ရှိနေနိုင်သည်။
Chen Ge က Live ကိုကြည့်လိုက်တော့ လွှင့်နေဆဲဖြစ်ပြီး Chatting များတက်နေဆဲဖြစ်သည်။ Video က ပိုရှင်းလင်းကြည်လင်လာလေပြီ။ Chen Ge က viewer များကိုတောင်းပန်ကာ တူကိုကိုင်ပြီး စင်္ကြန်အပြင်ကိုထွက်လိုက်သည်။ ဓာတ်မီးကို ကြမ်းပြင်ကိုထိုးကြည့်တော့ ဘာခြေရာမှမကျန်ရှိပေ။ ခြေသံနှစ်စုံက ဒီအခန်းရှေ့က သေချာပေါက်ဖြတ်သွားပေမယ့် ခြေရာမကျန်တာက ဝိညာဉ်တွေကြောင့်ဖြစ်မည်။
Chen Ge က လှေကားဘက်ကို ထွက်လာသည်။ ခြေသံ၂စုံက အောက်ထပ်ဆင်းသွားပေမယ့် ဒီဟာက သူ့မစ်ရှင်နဲ့မပတ်သက်လို့ Risk မယူတော့ဘဲ တတိယထပ်တက်သည့်လှေကားပေါ် တက်လာသည်။ ဒါပေမယ့် သူ လှေကားနှစ်ထစ်ပဲ တက်ရသေးသည်။ အောက်ထပ်က အပေါ်ကိုတက်လာသည့်ခြေသံကို ကြားလိုက်ရသဖြင့် Chen Ge ဓာတ်မီးပိတ်ကာ ငြိမ်နေသည်။ ခြေသံက ဘေးချင်းယှဉ်ကာ လှေကားပေါ်တက်လာပုံရသည်။
သူတို့ ငါ့ကိုတွေ့သွားကြမှာလား...
Chen Ge က နံရံကိုကျောကပ်ကာ လှေကားခုံအတက်နေရာကို စိုက်ကြည့်နေသည်။ ခြေသံတွေက ဆက်တိုက်ထွက်လာပြီး သူတို့က ဒုတိယထပ်ဘက်လျှောက်သွားကာ အိမ်သာခန်းတံခါးဖွင့်ကာ ဝင်သွားပုံရသည်။ အိမ်သာခန်းထဲက တံခါးတွေ တစ်ခုပြီးတစ်ခု လိုက်ဖွင့်သံကို ကြားလိုက်ရသည်။ အိမ်သာခန်းထဲက အသံတွေအရ ဘာဖြစ်နေသလဲဆိုတာ Chen Ge စိတ်ကူးထဲ ထင်ရှားစွာပေါ်လာသည်။ အိမ်သာခန်းထဲက ခြေသံထပ်ထွက်လာပုံအရ သူတို့က အိမ်သာခန်းလေးတစ်ခုထဲဝင်ကာ ပုန်းနေပုံရသည်။ Chen Ge က စိတ်ဓာတ်ကြံ့ခိုင်တယ်ဆိုပေမယ့် မကြောက်တတ်တာတော့မဟုတ်ပေ။ အိမ်သာခန်းလေးထဲ သရဲလေးတွေရှိနေတယ်ဆိုတဲ့အသိက သူ့ကို အတော်ခြောက်ခြားစေသည်။
သရဲလေး ၂ကောင်က ဒုတိယထပ်ကအိမ်သာခန်းထဲ ပုန်းနေချိန်မှာ သူတတိယထပ်အိမ်သာခန်းကို ပြေးကြည့်ဖို့ အခွင့်အရေးရတာပေါ့။ Chen Ge က မီးမထွန်းရဲပေမယ့် 'ယင်-ယန် မျက်လုံး' ကြောင့် အမှောင်ထဲမှာ ပြတ်သားစွာမြင်ရသေးသည်။ ဒီဟာက ဖုန်းအနက်က ဖော်ပြသလို မှော်ဆန်တဲ့စွမ်းအားမရှိပေမယ့် အမှောင်ထဲမှာ ပုံမှန်လူထက် ကောင်းကောင်းမြင်နိုင်တာပဲဖြစ်သည်။
ကောင်းကင်ထက်က လျှပ်စီးလက်သွားချိန် သူ့ပတ်ဝန်းကျင်ကို ထင်းခနဲမြင်လိုက်ရပေမယ့် Chen Ge က မမြင်သင့်သည့် ရုပ်ပျက်ဆင်းပျက်များ မြင်ရမလားဆိုပြီး ရင်ထဲ တထိတ်ထိတ်ဖြစ်နေသည်။ ဒီအခြေအနေက ကျောချမ်းဖွယ်လေထုကို ဖြစ်ပေါ်စေသည်။
Chen Ge က တတိယထပ်က အိမ်သာခန်းရှေ့မှာရပ်ပြီး ဘယ်ညာကိုတစ်ချက်ကြည့်ကာ ဘာမှမတွေ့မှ အိမ်သာခန်းတံခါးကိုဖွင့်ကာ ဝင်လိုက်သည်။ တတိယထပ်အိမ်သာခန်းက ပထမနှင့် ဒုတိယထပ်ထက် ပိုပြီးယိုယွင်းကာ ကျောင်းမပိတ်ခင်ကတည်းက ဒီအထပ်ကို စွန့်ပစ်ထားသလိုထင်ရသည်။ အိမ်သာခန်း ၆ခန်းလုံး ပိတ်ထားသဖြင့် Chen Ge က ပထမထပ်မှာလို ပဉ္စမနဲ့ဆဋ္ဌမအိမ်သာခန်းက သန့်ရှင်းရေးသုံးပစ္စည်းများ သိမ်းဆည်းရာနေရာများဖြစ်နေမလားဟု ထင်နေသည်။
Chen Ge က ပထမအိမ်သာခန်းလေးနား သွားကြည့်တော့ အခန်းထဲက သူမျှော်လင့်ထားသလို ကလေးတွေ၊ မိန်းကလေးတွေရဲ့စကားသံကို မကြားရပေ။ သူက သတ္တိမွေးပြီး ကြမ်းပြင်တွင်ဒူးထောက်ကာ အောက်ကငုံ့ကြည့်လိုက်သည်။
ဘာမှမရှိဘူးလား..
တံမြက်စည်းတံတွေမရှိသလို ရပ်နေသောခြေထောက်တစ်စုံလည်း မရှိလို့ ဒါက ပုံမှန်အိမ်သာခန်းသာဖြစ်သည်။ Chen Ge က တံခါးဖွင့်ကြည့်လိုက်တော့ ဒီအိမ်သာခန်းက ဖုန်တက်နေတာကလွဲရင် အရမ်းသန့်ရှင်းလို့နေသည်။ မသိလျှင် နေ့တိုင်း သန့်ရှင်းရေးလုပ်ထားသလား ထင်ရသည်။ ဒီစာသင်ဆောင်တစ်ထပ်လုံးက မီးလောင်ထားပေမယ့် ဒီအိမ်သာခန်းက မီးလောင်ထားသည့်အရိပ်အယောင် လုံးဝမရှိပေ။ ဒါက ပထမထပ်က စာသင်ခန်းတွေနဲ့တူနေလို့ Chen Ge ကို စိတ်ဝင်စားလာစေသည်။ ဒီနေရာက သူ မစ်ရှင်ဆောင်ရွက်ရမည့်နေရာဆိုတာ သိသာသည်။ သူက ပဉ္စမအိမ်သာခန်းရှေ့မရောက်ခင် ကျန်အိမ်သာခန်းများကို လိုက်ဖွင့်ကြည့်လိုက်သည်။
Chen Ge ၏ရင်ထဲ မကောင်းသည့်နိမိတ်ကို ခံစားလိုက်ရသောကြောင့် သူ့အိတ်ကပ်ထဲကအရုပ်ကို တင်းတင်းဆုပ်ကိုင်လိုက်မိသည်။
Chen Ge က တူကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ ပဉ္စမမြောက်အိမ်သာခန်းတံခါးကို ဖွင့်ကြည့်လိုက်တော့ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်မိသည်။ ထိုအိမ်သာခန်းနံရံမှာ လူမျက်လုံးအရွယ်ကဲ့သို့ မျက်လုံးပုံများ နံရံနှင့်အပြည့် ဆွဲထားသည်ကို တွေ့လိုက်ရသည်။ တံခါးမဖွင့်ခင် သွေးတွေနဲ့မိန်းကလေးကို တွေ့ရမလား၊ မကောင်းဆိုးဝါး တွေ့ရမလားဟု တွေးထားပေမယ့် ခုလို မျက်လုံးပုံတွေတွေ့ရဖို့ စိတ်ပင်မကူးထားမိပေ။
ဘာကြောင့်မျက်လုံးပုံတွေကို နံရံနဲ့အပြည့် ကပ်ထားရတာလဲ..
ဒီမျက်လုံးတွေက တကယ့်လူတွေ သူ့ကိုဝိုင်းစိုက်ကြည့်နေသလို ခံစားရပြီး Chen Ge ၏ကျောရိုးထဲက စိမ့်တက်လာခဲ့သည်။ အပြင်ကကြည့်နေတာတောင် ဒီလောက်ကြောက်စရာကောင်းတာ အထဲမှာဝင်ထိုင်နေရင် ဘယ်လိုတောင်ခံစားလိုက်ရမလဲ..။
ဘယ်လိုအရူးက ဒါကိုလုပ်ထားတာလဲ..၊ ဘာကြောင့်လုပ်ထားတာလဲ..။
ဒါက ပန်းချီကားပိုစတာတွေဆိုပေမယ့် မျက်လုံးတွေဝိုင်းစိုက်ကြည့်တာခံနေရတာ သူ့အတွက် အဆင်မပြေလို့ သူက အိမ်သာတံခါးကို ပိတ်လိုက်သည်။
ငါက မစ်ရှင်လုပ်ရမယ့်နေရာတော့ တွေ့ပြီ..။ ဒါပေမယ့် မျက်လုံးတွေဝိုင်းစိုက်ကြည့်နေတဲ့ အိမ်သာခန်းထဲထိုင်ပြီး အနီရောင်အရိပ်ကို စောင့်ရမှာ မများလွန်းဘူးလား..။
Chen Ge က ဆဋ္ဌမအိမ်သာခန်းကို ဖွင့်ကြည့်တော့ ပဉ္စမအိမ်သာခန်းနှင့်ကပ်လျက် နံရံပေါ်မှာပဲ မျက်လုံးတွေဆွဲထားပြီး ကျန်နံရံက ဘာမှခြယ်မထားပေ။
===================
Chapter (84) – အချိန်ကျပြီ
Chen Ge လည်း စိတ်ရှုပ်လာပြီး ၄ခုမြောက်အိမ်သာခန်းကို ဖွင့်ကြည့်လိုက်တော့ နံရံပေါ်မှာ ဘာမှရေးဆွဲမထားတာ တွေ့ရသည်။ ဒါဆို ပုံက ကျောင်းသားတွေရေးဆွဲထားတာလား၊ သူတို့က ဘာကြောင့် ပဉ္စမအိမ်သာခန်းမှာပဲ အပြည့်ဆွဲထားတာလဲ။ ပထမဆုံးနဲ့ နောက်ဆုံးခန်းကို ဘာကြောင့်မဆွဲကြတာလဲ..။ အမှန်တရားကိုသိဖို့ Chen Ge က ဆဋ္ဌမအိမ်သာခန်းထဲ တုံ့ဆိုင်းစွာ ဝင်ကြည့်လိုက်သည်။ ရေပိုက်တွေအားလုံးက ထိုအိမ်သာခန်းကနေ သွယ်တန်းလာကြပြီး တခြားအိမ်သာခန်းထက်စာရင် သေးငယ်နေသည်။
ဒီအခန်းက ဘာမှလုပ်လို့မရဘူး။ ဒါပေမယ့် ဒီအိမ်သာခန်း၂ခန်းမှာပဲ မျက်လုံးပုံဆွဲထားတာက ထူးဆန်းနေသည်။ Chen Ge က ဆဋ္ဌမအိမ်သာခန်း၏နံရံပေါ်က မျက်လုံးပုံကို လက်နှင့်ခပ်ဖွဖွထိကြည့်လိုက်သည်။ ဒီ၂ခန်းက ဘာကြောင့် မျက်လုံးပုံဆွဲထားတာလဲ။ ဘာကို ဖုံးကွယ်ချင်လို့လဲ..။
Chen Ge က နံရံပေါ်ကမျက်လုံးပုံကို အတော်ကြာစိုက်ကြည့်နေမိသည်။ Chen Ge က မျက်လုံးပုံတွေကို လက်နှင့်အသာထိကြည့်ရင်း ဒူးလောက်နေရာမှာ ထူးခြားတာတွေ့လိုက်ရသည်။
ငါထင်တာ မှန်နေပြီ..
သူ ထိုင်ချပြီး မီးနဲ့သေချာထိုးကြည့်တော့ လူ့မျက်လုံးအရွယ်အစား အပေါက်၂ခုကို တွေ့လိုက်ရသည်။ ဒီအပေါက်က မျက်လုံးမျက်ဆံနှင့် ကွက်တိဖြစ်လို့ မျက်လုံးအပြည့်ဆွဲထားသောအခန်းထဲမှာ ရှိသောသူက ဒီမျက်လုံးက ပုံဆွဲထားတာလား၊ တကယ်လားဆိုတာ ဘယ်လိုမှ ခွဲခြားသိနိုင်မည်မဟုတ်ပေ။ Chen Ge က ဒီမျက်လုံးနေရာကို ကပ်ကြည့်လိုက်တော့ ဒါက ပဉ္စမအိမ်သာခန်းကို ချောင်းကြည့်ဖို့ လုပ်ထားသည့်ပေါက်ဆိုတာ သိလိုက်ရသည်။
တကယ်လို့ ခြေထောက်တွေကို ပိုက်တန်းတွေပေါ်တင်ထားရင် အပြင်ကကြည့်လည်း လူရှိမှန်းမသိနိုင်ပေ။
Chen Ge က အမှောင်ရိပ်ထဲမှတစ်ဆင့် စိတ်မချမ်းမြေ့စွာကြည့်နေမိသည်။ ဒါဆိုလျှင် ပဉ္စမအိမ်သာခန်းထဲက အနီရောင်အရိပ်က ချောင်းကြည့်ခံလိုက်ရသည့် သားကောင်ဖြစ်ရမည်။
အခု ပဉ္စမအခန်းလျှို့ဝှက်ချက်ကို ငါဖော်မိသွားပြီဆိုတော့ ဒီမစ်ရှင်ပြီးအောင် ဘယ်လိုလုပ်ရပါ့မလဲ..။ အနီရောင်အရိပ်ကို စောင့်ကြည့်ဖို့ ပဉ္စမအိမ်သာခန်းထဲမှာ ငါ စောင့်နေရမှာမဟုတ်လား။
Chen Ge က တူကိုလေထဲဝှေ့ယမ်းလိုက်သည်။ တကယ်လို့ ချောင်းကြည့်သူက အနီရောင်အရိပ်ဆိုရင် သူက မျက်စိကန်းအောင်လုပ်လိုက်မိမှာပင်။
Chen Ge က မစ်ရှင်ပြီးအောင် ဘယ်လိုလုပ်ရမလဲ စဉ်းစားနေစဉ် ခြေသံနှစ်စုံက တတိယထပ်ကိုတက်လာသံ ကြားလိုက်ရသည်။
ခြေသံတွေက ဘာကြောင့် အလျင်လိုနေတာလဲ..။ ငါက ပဉ္စမမြောက်အိမ်သာခန်းတံခါးကို ဖွင့်လိုက်မိလို့လား။ ဒါလည်း မဟုတ်သေးပါဘူး။ ငါဖွင့်လိုက်တာ ကြာပြီလေ.. ခြေသံတွေက ဘာကြောင့် ခုမှ ပြေးလွှားတက်လာတာလဲ..။
သူစဉ်းစားနေခိုက် ခြေသံတွေက တတိယထပ်ပေါ်ရောက်လာပြီး အိမ်သာခန်းဘက် ဦးတည်လာလို့ သူရောက်နေသည့် ဆဋ္ဌမအိမ်သာခန်းတံခါးကိုသာ အမြန်ဆွဲပိတ်လိုက်ရသည်။ ကွက်တိပင်၊ သူတံခါးပိတ်လိုက်တာနဲ့ ခြေသံတွေက အိမ်သာခန်းထဲဝင်လာတော့သည်။
အချိန်ကျပြီ..
Chen Ge က တူကိုမြှောက်ကာ ထုဖို့အသင့်ပြင်ထားပေမယ့် ခြေသံတွေက ဘယ်အိမ်သာတံခါးကိုမှ ဖွင့်မကြည့်ဘဲ ပဉ္စမအိမ်သာခန်းထဲ တိုက်ရိုက်ဝင်ကာ တံခါးပိတ်လိုက်ကြသည်။ အိမ်သာခန်းတစ်ခုလုံး လုံးဝငြိမ်သက်သွားခဲ့သည်။
သူတို့က ငါ့ဘေးဘက်ကအိမ်သာထဲမှာ ရှိနေလို့ တူနဲ့လွှဲရိုက်လို့မရဘူး။ ပြီးတော့ မစ်ရှင်ပြီးဖို့ ငါက ပဉ္စမအိမ်သာခန်းထဲမှာ ရှိနေရမှာမဟုတ်လား။
အခန်းက အတော်ကြာတိတ်သွားလို့ Chen Ge က ဘေးခန်းကလူကို စိတ်ဝင်စားနေသည်။ ဒါကြောင့် သူက ချောင်းကြည့်ပေါက်ကနေ အသာလေး တစ်ဖက်ခန်းထဲကြည့်လိုက်သည်။ အပေါက်တစ်ဖက်မှာ အနီရောင်အရိပ်နဲ့ သွေးရောင်မျက်လုံးတစ်စုံအစား ၃၊ ၄နှစ်အရွယ် ကလေးနှစ်ဦးကိုသာ တွေ့လိုက်ရသည်။ ကောင်လေးနှင့်ကောင်မလေးက ကြောက်ရွံ့စွာ တစ်ယောက်လက်တစ်ယောက် ကိုင်ထားပြီး ကြောက်နေကြသည်။
ဒါက အနီရောင်အရိပ် ဖြစ်သင့်တာမဟုတ်ဘူးလား..။ ဘာကြောင့် ကလေးနှစ်ယောက် ရှိနေတာလဲ..။ Chen Ge က ချောင်းကြည့်ပေါက်ကနေ ခွာလိုက်သည်။ ကလေးနှစ်ယောက်ဆိုရင် ကြောက်စရာမကောင်းတော့ပေ။
တခြား side mission က မောင်နှမနှစ်ယောက်နဲ့ ပတ်သက်နေသည်။ ဒီကလေးတွေက ဖန်းယွီနဲ့လည်း ပတ်သက်နေပုံရသည်။ တကယ်လို့ ဒီကလေးတွေက ဖန်းယွီအဒေါ်ရဲ့ ကလေးတွေဖြစ်ရင် သူတို့ဘာကြောင့် ဒီမှာပေါ်လာတာလဲ။ သူတို့ကို တစ်ခုခုက လိုက်ဖမ်းနေပုံရသည်။
Chen Ge ရဲ့ခေါင်းထဲ မေးခွန်းတွေပေါ်လာသည်။ ဒီသရဲလေးနှစ်ယောက်နဲ့ချရင် သူနိုင်မယ်လို့ ယုံကြည်သည်။ ဒါပေမယ့် ကိစ္စတွေက ရိုးရှင်းပုံမရပေ။ သူ ခဏစောင့်ဖို့ ဆုံးဖြတ်လိုက်သည်။
ညအမှောင်ထဲ ကော်ရစ်ဒါဘက်က နောက်ထပ်ခြေသံတစ်စုံကို ကြားလိုက်ရသည်။ Chen Ge က တံခါးကို အသာလေးဟကြည့်စဉ် ခြေသံက အိမ်သာဝင်ပေါက်ရှေ့မှာ ရပ်သွားခဲ့သည်။ အနီရောင်အရိပ်တစ်ခုက အိမ်သာခန်းတံခါးမှာ ထင်ဟပ်လို့နေသည်။
နောက်ဆုံးတော့ ပေါ်လာပြီပေါ့...
Chen Ge ရဲ့မစ်ရှင် target က ရောက်လာပြီဖြစ်လို့ Chen Ge က မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။ ခြေသံက ပိုပိုရှင်းလာပြီး အနီရောင်အရိပ်က အိမ်သာထဲကိုဝင်လာခဲ့သည်။
"ခရက်.."
ပထမအိမ်သာခန်းတံခါးကို ဆွဲဖွင့်ပြီး အနီရောင်အရိပ်က အထဲကိုခေါင်းဝင်ကြည့်လိုက်သည်။ ပြီးတော့ ဒုတိယအိမ်သာခန်းတံခါးဆီ ရောက်လာသည်။ ပထမဆုံးအကြိမ်အဖြစ် တံခါးဖွင့်သံက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းသည်ဟု Chen Ge ခံစားလိုက်ရသည်။ အနီရောင်အရိပ်က တံခါး၄ခုကို ဆက်တိုက်ဖွင့်ပြီး ၅ခုမြောက်အခန်းရှေ့ကို ရောက်လာသည်။ ဒီအဖြစ်အပျက်ကိုစောင့်နေရင်း သူ့တစ်ကိုယ်လုံး ပေါက်ကွဲတော့မလို တင်းကျပ်လာခဲ့သည်။ မစ်ရှင်ညွှန်ကြားချက်အရ သူက ပဉ္စမအိမ်သာခန်းထဲ ရှိနေရင် အနီရောင်အရိပ်က တံခါးကိုဆွဲဖွင့်လိုက်ရင် ဘာတွေများဖြစ်လာမှာလဲ..။
တိတ်ဆိတ်နေသည့်အမှောင်ထဲ ပဉ္စမအိမ်သာခန်းတံခါးက ဖြည်းညင်းစွာ ဆွဲဖွင့်ခံလိုက်ရသည်။ ကလေးတွေငိုသံနှင့်အတူ ရယ်သံကြီးပေါ်လာပေမယ့် အနီရောင်အရိပ်က အခန်းထဲကိုမဝင်ပေ။ ထိုအရိပ်က နောက်ဆုံးအိမ်သာခန်းဆီမလာခင် ဘယ်ညာကို လှည့်ကြည့်လိုက်သည်။
=================
သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now