Chapter (33) - လူေပ်ာက္ေၾကျငာစာရြက္ကို မွန္ကန္စြာ အသံုးခ်ျခင္း

1.4K 342 15
                                    

Chapter (33) – လူေပ်ာက္ေၾကျငာစာရြက္ကို မွန္ကန္စြာ အသံုးခ်ျခင္း

သူ႔ေျခလက္ေတြသာ ေပ်ာ့ေခြမေနရင္ ေမ်ာက္ေလးက သူ႔ပါးစပ္ကိုသူ ပိတ္ရိုက္မိၿပီးေလာက္ၿပီ။ ဒီသရဲအိမ္ထဲမွာ ဘယ္ေတာ့မွ သူ႔ကိုယ္သူဂုဏ္မေမာက္ဖို႔ ေမ်ာက္ေလး ဆံုးျဖတ္လိုက္သည္။

လူစုနဲ႔ကြဲၿပီး အကူအညီကင္းမဲ့စြာ ေမွာင္မည္းေနသည့္ ေကာ္ရစ္ဒါမွာ မေကာင္းဆိုးဝါးလိုက္ဖမ္း၍ ေျပးေနရရင္း ၾကည့္ေလရာ အရုပ္မေတြေပၚလာၿပီး ေျခာက္လွန္႔ျခင္းခံေနရတာေၾကာင့္ ေမ်ာက္ေလးရဲ႕အသက္ရႉႏႈန္းက မတည္ၿငိမ္ႏိုင္ေတာ့ေပ။ ဘယ္လိုငရဲျပည္နဲ႔တူတဲ့ သရဲအိမ္ႀကီးလဲ..?

"ဘာေၾကာင့္ အရုပ္မက ဒီမွာေပၚလာၿပီး ဘယ္အခ်ိန္က ငါ့ေနာက္လိုက္လာတာလဲ.. ဘယ္လိုေရြ႕လာႏိုင္တာလဲ.."

ေမ်ာက္ေလးရဲ႕ဦးေႏွာက္ထဲ မဆံုးႏိုင္တဲ့ေမးခြန္းေတြနဲ႔ ရႈပ္ေထြးေနၿပီး သူ႔စိတ္တည္ၿငိမ္မႈေတြ ပ်က္ျပားကာ လက္ထဲကဖုန္းကို တုန္ယင္စြာ ဆုပ္ကိုင္ထားမိသည္။

"ေမ်ာက္ေလး.. နင္ဘယ္မွာလဲ.. ငါ့ကိုလာေခၚပါေတာ့.. ငါက်ိန္ေျပာရဲတယ္.. အရုပ္မမ်က္လံုးေတြက ငါ့ကို စိုက္ၾကည့္ေနၾကတာ.."

ဖုန္းထဲကေန ေအာ္ေျပာေနတဲ့အသံအရ စြတ္လင္းလည္း အေျခအေနေကာင္းပံုမရေပ။

"ညီမေလး.. ငါ နင့္ကို လာကယ္မွာပါ.. ဒါေပမယ့္.. ဘယ္သူက ငါ့ကို လာကယ္မွာလဲ.."

ေမ်ာက္ေလးက ေနာက္ကိုဆုတ္လိုက္စဥ္ ေျခေထာက္က တစ္ခုခုကိုတိုက္မိသြားလို႔ ငံု႔ၾကည့္လိုက္ေတာ့ ခုနက ခပ္လွမ္းလွမ္းမွာရွိေနတဲ့ အရုပ္က သူ႔ေျခေထာက္ေအာက္မွာေရာက္ေနတာ ေတြ႕လိုက္ရသည္။ ဆံပင္နက္နက္ေတြက ဆံပင္အစစ္ေတြျဖစ္ၿပီး မ်က္ႏွာက အေပၚကိုေမာ့ေနသည္။ မ်က္ႏွာပံုက မီးေလာင္လို႔ပ်က္ေနေပမယ့္ ဒီဟာက ျပံဳးေနတယ္လို႔ ခံစားလိုက္ရသည္။ ဘာေၾကာင့္ ဒီလိုထင္ေနရတာလဲ။ ဘာေၾကာင့္ထင္မိသလဲဆိုတာ နားမလည္ေတာ့ေပ။ ဒီ 10 မိနစ္အတြင္း သူၾကံဳလိုက္သမွ်ေတြက သူ႔တည္ၿငိမ္မႈကို တစ္စစီခ်ိဳးဖ်က္လိုက္ေလၿပီ။

ေမ်ာက္ေလးက ႏႈတ္ခမ္းကိုကိုက္ၿပီး ဒီေနရာကထြက္ေျပးဖို႔ ေျခႂကြဖို႔ႀကိဳးစားလိုက္ေပမယ့္ ေျခသလံုးႂကြက္သားဆီက စူးေအာင့္နာက်င္လာေတာ့သည္။

ေသစမ္း.. ႂကြက္တက္ေနၿပီ..။

ေမ်ာက္ေလးက ၾကမ္းျပင္ေပၚလဲက်သြားၿပီး သိကၡာေတြမထိန္းႏိုင္ေတာ့ဘဲ ေအာ္ေခၚလိုက္ေတာ့သည္။

"တစ္ေယာက္ေယာက္ရွိလား.. ကယ္ၾကပါဦး.. ကြ်န္ေတာ္ထြက္ေတာ့မယ္.."

Chen Ge နဲ႔ Xiao Wan က ပထမထပ္မွာ ေလာင္ဘုန္းကိုေျခာက္ေနစဥ္ တတိယထပ္က ေၾကာက္လန္႔တၾကား ေအာ္သံၾကားလိုက္ရလို႔ Chen Ge က အျမန္ေျပးတက္လာခဲ့သည္။ လံုျခံဳေရးက ပထမျဖစ္လို႔ သူတို႔ မေႏွာင့္ေႏွးရဲဘဲ ေျပးတက္လာၾကသည္။ တတိယထပ္ေရာက္ေတာ့ ေမ်ာက္ေလးက ၾကမ္းျပင္ေပၚမွာလူးလွိမ့္ေနလို႔ Chen Ge က Xiao Wan ကိုတားလိုက္ၿပီး သူ႔ဆီေလွ်ာက္သြားရင္း ဓာတ္မီးႏွင့္ထိုးကာ ေမးလိုက္သည္။

"မင္း.. အဆင္ေျပရဲ႕လား.."

"ကြ်န္ေတာ္အရႈံးေပးၿပီ.. ကြ်န္ေတာ္ ဒီက ထြက္ပါရေစေတာ့.."

ေမ်ာက္ေလးက လံုးဝေျပာင္းလဲသြားတယ္လို႔ ေျပာႏိုင္သည္။ Chen Ge က ေမ်ာက္ေလးရဲ႕ဒူးေခါင္းကို ဖိခ်ၿပီး ေျပာလိုက္သည္။

"အားစိုက္ၿပီး ေျခေထာက္ကို ဆန္႔လိုက္ပါ.."

သူက ေမ်ာက္ေလးနာက်င္တာ သက္သာေအာင္ ကူေပးေနရင္း ပတ္ဝန္းက်င္ကို တစ္ခ်က္ေဝ့ၾကည့္ေတာ့ ၾကမ္းျပင္ေပၚမွာ အရုပ္မ၂ခု ရွိေနတာကလြဲရင္ ဘာမွ ထူးထူးျခားျခားမရွိေပ။ သူနဲ႔ Xiao Wan ဒီအထပ္ကို မေရာက္လာေသးဘဲ ဘာေၾကာင့္ ဒီေလာက္ ေၾကာက္လန္႔စရာျဖစ္ေနတယ္ဆိုတာ သူေတြးမရေတာ့ေပ။ Chen Ge က ေမ်ာက္ေလးကို ေမးလိုက္သည္။

"ညီေလး.. ဘာကို ရုတ္တရက္ လန္႔သြားတာလဲ.."

"ခင္ဗ်ား ေမးဖို႔လိုေသးလို႔လား.."

ေမ်ာက္ေလးရဲ႕မ်က္လံုးေတြက နီရဲေနၿပီး ေစာ္ကားေမာ္ကားေျပာခံရသည့္ မိန္းကေလးလိုျဖစ္ကာ ေျပာလိုက္သည္။

"အရုပ္၂ခုက ကြ်န္ေတာ့္ေနာက္ကေန လိုက္လာတယ္.. ဒါ ခင္ဗ်ားထိန္းခ်ဳပ္ထားတာ မဟုတ္ဘူးလား.. ခင္ဗ်ား.. ရူးေနတဲ့ ဆိုက္ကိုသမားႀကီး.."

"အရုပ္မ၂ခုက မင္းေနာက္ကိုလိုက္လာတယ္ ဟုတ္လား.. ဘာျဖစ္ျဖစ္.. မင္းကို သရဲအိမ္ထဲကေန အျပင္ျပန္ထုတ္ေပးမယ္.."

Chen Ge က ေမ်ာက္ေလး တစ္သက္လံုး ေၾကာက္သြားမွာစိုးလို႔ အမွန္တိုင္းမေျပာဘဲ စကားစျဖတ္လိုက္ေတာ့သည္။

"ေနဦး.. ဒီအထပ္မွာပိတ္မိေနတဲ့ တစ္ေယာက္ရွိေသးတယ္.. သူ႔ကို ျမန္ျမန္ကယ္ေပးပါဦး.. သူမ ရူးေတာ့မယ္ဗ်.."

ေမ်ာက္ေလးက စြတ္လင္းဆီ ဖုန္းဆက္ဖို႔လုပ္ေနစဥ္ Chen Ge က ေဘးကအရုပ္၂ခုကို ေကာက္ယူၿပီးၾကည့္လိုက္ေတာ့ ဒီအရုပ္ေတြက ကေလးအႏုပညာသင္တန္းမွာ သူလုပ္ခဲ့ဖူးတဲ့အရုပ္ေတြလို လက္ရာခပ္ၾကမ္းၾကမ္းေတြဆိုတာ သိလိုက္ရသည္။ ဒီအရုပ္၂ခုက အရြယ္ေရာက္တဲ့ေယာက္်ားတစ္ေယာက္ လဲက်သြားေအာင္ေတာင္ ေျခာက္လွန္႔ႏိုင္စြမ္းရွိေနတာလား။ Chen Ge က အရုပ္မေလးရဲ႕မ်က္ႏွာကို လက္ညိႇဳးနဲ႔ထိၾကည့္ေတာ့ ဘာေၾကာင့္မွန္းမသိ အရုပ္မေလးက မ်က္ႏွာကိုယိမ္းဖယ္ၿပီး သူ႔လက္ကို ေရွာင္ခ်င္ေနတယ္လို႔ ခံစားလိုက္ရသည္။ စိတ္ဝင္စားစရာပဲ။

စြတ္လင္း၏ ေအာ္သံေနာက္လိုက္ရင္း ပိတ္မိေနသည့္အခန္းကို အျပင္ဘက္မွဖြင့္လိုက္သည္။

"မေၾကာက္နဲ႔ေတာ့.. ငါတို႔ေရာက္လာၿပီ.."

ေကာင္မေလးက Chen Ge တို႔ကို အာရံုမစိုက္ဘဲ အခန္းေထာင့္ကေန စိုက္ၾကည့္ကာ ႏႈတ္ခမ္းက တဆတ္ဆတ္တုန္ေနသည္။

"ဒီအရုပ္ေတြက ငါ့ကိုလိုက္ၾကည့္ေနတယ္.. ဘယ္ေနရာပုန္းပုန္း သူတို႔က ငါ့ေနာက္ကို လိုက္ၾကည့္ေနတယ္.."

"ေနာက္ထပ္ အရုပ္ေတြလား.."

Chen Ge က အခန္းအလယ္မွာ ေဘးခ်င္းယွဥ္လဲေလ်ာင္းေနသည့္ အရုပ္မ၂ခုဆီ ၾကည့္လိုက္သည္။

"သူတို႔က ခုနက ထိုင္ေနတာ.. ငါက်ိန္ေျပာရဲတယ္.."

စြတ္လင္း၏မ်က္လံုးထဲ မ်က္ရည္ေတြျပည့္ေနသည္။

"ငါသိပါတယ္.. ဒီဟာက သရဲအိမ္ရဲ႕ လွည့္ကြက္ေတြပါ.."

Chen Ge က အရုပ္ေတြဆီေလွ်ာက္လာရင္း မိန္းကေလးကို ႏွစ္သိမ့္လိုက္သည္။

အရုပ္တစ္ခုက မုတ္ဆိတ္ေတြပါၿပီး က်န္အရုပ္တစ္ခုက ေအပရြန္ဝတ္ထားသည္။ အေသးစိတ္အခ်က္အလက္ေတြအရ ဒီအရုပ္၂ခုက အေဖနဲ႔အေမျဖစ္ရမည္။ သူ အေစာက ၾကမ္းျပင္ကေကာက္ခဲ့တဲ့ အရုပ္၂ခုနဲ႔ဆိုရင္ ဒါက မိသားစုတစ္ခု ျဖစ္ပံုရသည္။

ဒီဟာေတြက Fu An တိုက္ခန္း မီးရႈိ႕ခံရတဲ့ထဲ ပါသြားသည့္ လူ၄ဦးႏွင့္ ကိုက္ညီေနသည္။ ဒါဆို သန္းေခါင္ယံည လူသတ္သမားအခန္းက Fu An တိုက္ခန္းကဟာကို ျပသၿပီး အရုပ္၄ရုပ္က သားေကာင္ေလးေယာက္ကို ကိုယ္စားျပဳတာလား..။ ဒီလိုေတြးေနတုန္း ဖုန္းအနက္က တုန္ခါလာၿပီး စာတစ္ေစာင္ဝင္လာခဲ့သည္။

>>ဝိညာဥ္မ်ား၏ ခင္မင္မႈ - သန္းေခါင္ယံည လူသတ္သမားအခန္းက Hidden mission (လွ်ိဳ႕ဝွက္မစ္ရွင္)ကို စတင္ႏိုင္လို႔ ဂုဏ္ယူပါတယ္။ ဝိညာဥ္ေတြက လူ႔ေလာကမွာ မၿပီးဆံုးေသးတဲ့အလုပ္ က်န္ရွိေနပါတယ္။ သူတို႔ဆႏၵျပည့္ေအာင္ ကူညီေပးရင္ အေထာက္အကူရသည့္ မဟာမိတ္မ်ား ျဖစ္လာႏိုင္ပါတယ္။<<

လွ်ိဳ႕ဝွက္မစ္ရွင္လား..? ဖုန္းအနက္ထဲက hidden mission ေၾကာင့္ ဒီအခန္းက ပြင့္လာတာလား။ ဝိညာဥ္ေတြ မၿပီးျပတ္ေသးတဲ့ အလုပ္ေတြဆိုတာ Fu An တိုက္ခန္းကေန Chen Ge သိရသေလာက္ဆိုရင္ တရားခံ Wang Qi ကို မဖမ္းမိေသးတာျဖစ္ႏိုင္သည္။ ဒါဆိုရင္ သူက Wang Qi ကိုဖမ္းၿပီး တရားဥပေဒလက္ေအာက္ ပို႔ေပးႏိုင္ရင္ ဒီအလုပ္ကို ေျဖရွင္းၿပီးသား ျဖစ္သြားႏိုင္မလား။ မဟုတ္ေသးပါဘူး။

ေမ်ာက္ေလးနဲ႔စြတ္လင္းကို ေအာက္ထပ္ကိုေခၚသြားစဥ္ Chen Ge ရဲ႕စိတ္ထဲ Hidden mission အေၾကာင္းပဲ ေတြးေနမိသည္။ ဒီႏွစ္ေယာက္ကို ဝန္ထမ္းလမ္းေၾကာင္းမွ အျပင္ထုတ္ေပးၿပီးေတာ့ သရဲေျခာက္သည့္အခန္းကို ျပန္မသြားဘဲ ထိန္းခ်ဳပ္ခန္းထဲသြားၿပီး ေသတၱာထဲက လူေပ်ာက္ေၾကျငာစာရြက္ကို ထုတ္ယူလိုက္သည္။ ဒီဟာက တရားခံေတြကို အေထာက္အကူေတာ့ ေပးႏိုင္ေလာက္သည္။ သူက စာရြက္ကိုယူၿပီး တတိယထပ္က စြတ္လင္းပိတ္မိေနသည့္အခန္းထဲ ဝင္လာခဲ့သည္။ တံခါးခံုကို ေက်ာ္ဝင္လာၿပီးတာနဲ႔ Chen Ge စိတ္ရႈပ္သြားသည္။ မိဘႏွစ္ပါးႏွင့္ အစ္မႀကီးအရုပ္က ၾကမ္းျပင္ေပၚလဲေနၿပီး အေသးဆံုးအရုပ္ေလးက အခန္းအလယ္ကေန ထြက္ေျပးလာခ်င္သလို တံခါးနားမွာေရာက္ေနသည္။ Chen Ge က အရုပ္ကို ေကာက္ယူစစ္ေဆးလိုက္သည္။ ဒီအရုပ္က ေသၿပီးသားလူေတြ ကစားခဲ့သည့္ ပစၥည္းျဖစ္လို႔ ေၾကာက္စရာေကာင္းေပမယ့္ ခ်စ္စရာေကာင္းတယ္ဆိုတာ ေတြ႕လိုက္ရသည္။ ဝိညာဥ္ေတြက ဒီအရုပ္ထဲမွာ ရွိေနပံုရသည္။

တံခါးပိတ္လိုက္ၿပီး Chen Ge က အခန္းအလယ္မွာ ထိုင္ခ်ၿပီး ေျပာလိုက္သည္။

"ဒီကိစၥနဲ႔ပတ္သက္ၿပီး ငါတို႔ စကားေျပာၾကတာေပါ့.."
=========================

Chapter (33) – လူပျောက်ကြေငြာစာရွက်ကို မှန်ကန်စွာ အသုံးချခြင်း

သူ့ခြေလက်တွေသာ ပျော့ခွေမနေရင် မျောက်လေးက သူ့ပါးစပ်ကိုသူ ပိတ်ရိုက်မိပြီးလောက်ပြီ။ ဒီသရဲအိမ်ထဲမှာ ဘယ်တော့မှ သူ့ကိုယ်သူဂုဏ်မမောက်ဖို့ မျောက်လေး ဆုံးဖြတ်လိုက်သည်။

လူစုနဲ့ကွဲပြီး အကူအညီကင်းမဲ့စွာ မှောင်မည်းနေသည့် ကော်ရစ်ဒါမှာ မကောင်းဆိုးဝါးလိုက်ဖမ်း၍ ပြေးနေရရင်း ကြည့်လေရာ အရုပ်မတွေပေါ်လာပြီး ခြောက်လှန့်ခြင်းခံနေရတာကြောင့် မျောက်လေးရဲ့အသက်ရှူနှုန်းက မတည်ငြိမ်နိုင်တော့ပေ။ ဘယ်လိုငရဲပြည်နဲ့တူတဲ့ သရဲအိမ်ကြီးလဲ..?

"ဘာကြောင့် အရုပ်မက ဒီမှာပေါ်လာပြီး ဘယ်အချိန်က ငါ့နောက်လိုက်လာတာလဲ.. ဘယ်လိုရွေ့လာနိုင်တာလဲ.."

မျောက်လေးရဲ့ဦးနှောက်ထဲ မဆုံးနိုင်တဲ့မေးခွန်းတွေနဲ့ ရှုပ်ထွေးနေပြီး သူ့စိတ်တည်ငြိမ်မှုတွေ ပျက်ပြားကာ လက်ထဲကဖုန်းကို တုန်ယင်စွာ ဆုပ်ကိုင်ထားမိသည်။

"မျောက်လေး.. နင်ဘယ်မှာလဲ.. ငါ့ကိုလာခေါ်ပါတော့.. ငါကျိန်ပြောရဲတယ်.. အရုပ်မမျက်လုံးတွေက ငါ့ကို စိုက်ကြည့်နေကြတာ.."

ဖုန်းထဲကနေ အော်ပြောနေတဲ့အသံအရ စွတ်လင်းလည်း အခြေအနေကောင်းပုံမရပေ။

"ညီမလေး.. ငါ နင့်ကို လာကယ်မှာပါ.. ဒါပေမယ့်.. ဘယ်သူက ငါ့ကို လာကယ်မှာလဲ.."

မျောက်လေးက နောက်ကိုဆုတ်လိုက်စဉ် ခြေထောက်က တစ်ခုခုကိုတိုက်မိသွားလို့ ငုံ့ကြည့်လိုက်တော့ ခုနက ခပ်လှမ်းလှမ်းမှာရှိနေတဲ့ အရုပ်က သူ့ခြေထောက်အောက်မှာရောက်နေတာ တွေ့လိုက်ရသည်။ ဆံပင်နက်နက်တွေက ဆံပင်အစစ်တွေဖြစ်ပြီး မျက်နှာက အပေါ်ကိုမော့နေသည်။ မျက်နှာပုံက မီးလောင်လို့ပျက်နေပေမယ့် ဒီဟာက ပြုံးနေတယ်လို့ ခံစားလိုက်ရသည်။ ဘာကြောင့် ဒီလိုထင်နေရတာလဲ။ ဘာကြောင့်ထင်မိသလဲဆိုတာ နားမလည်တော့ပေ။ ဒီ 10 မိနစ်အတွင်း သူကြုံလိုက်သမျှတွေက သူ့တည်ငြိမ်မှုကို တစ်စစီချိုးဖျက်လိုက်လေပြီ။

မျောက်လေးက နှုတ်ခမ်းကိုကိုက်ပြီး ဒီနေရာကထွက်ပြေးဖို့ ခြေကြွဖို့ကြိုးစားလိုက်ပေမယ့် ခြေသလုံးကြွက်သားဆီက စူးအောင့်နာကျင်လာတော့သည်။

သေစမ်း.. ကြွက်တက်နေပြီ..။

မျောက်လေးက ကြမ်းပြင်ပေါ်လဲကျသွားပြီး သိက္ခာတွေမထိန်းနိုင်တော့ဘဲ အော်ခေါ်လိုက်တော့သည်။

"တစ်ယောက်ယောက်ရှိလား.. ကယ်ကြပါဦး.. ကျွန်တော်ထွက်တော့မယ်.."

Chen Ge နဲ့ Xiao Wan က ပထမထပ်မှာ လောင်ဘုန်းကိုခြောက်နေစဉ် တတိယထပ်က ကြောက်လန့်တကြား အော်သံကြားလိုက်ရလို့ Chen Ge က အမြန်ပြေးတက်လာခဲ့သည်။ လုံခြုံရေးက ပထမဖြစ်လို့ သူတို့ မနှောင့်နှေးရဲဘဲ ပြေးတက်လာကြသည်။ တတိယထပ်ရောက်တော့ မျောက်လေးက ကြမ်းပြင်ပေါ်မှာလူးလှိမ့်နေလို့ Chen Ge က Xiao Wan ကိုတားလိုက်ပြီး သူ့ဆီလျှောက်သွားရင်း ဓာတ်မီးနှင့်ထိုးကာ မေးလိုက်သည်။

"မင်း.. အဆင်ပြေရဲ့လား.."

"ကျွန်တော်အရှုံးပေးပြီ.. ကျွန်တော် ဒီက ထွက်ပါရစေတော့.."

မျောက်လေးက လုံးဝပြောင်းလဲသွားတယ်လို့ ပြောနိုင်သည်။ Chen Ge က မျောက်လေးရဲ့ဒူးခေါင်းကို ဖိချပြီး ပြောလိုက်သည်။

"အားစိုက်ပြီး ခြေထောက်ကို ဆန့်လိုက်ပါ.."

သူက မျောက်လေးနာကျင်တာ သက်သာအောင် ကူပေးနေရင်း ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်တော့ ကြမ်းပြင်ပေါ်မှာ အရုပ်မ၂ခု ရှိနေတာကလွဲရင် ဘာမှ ထူးထူးခြားခြားမရှိပေ။ သူနဲ့ Xiao Wan ဒီအထပ်ကို မရောက်လာသေးဘဲ ဘာကြောင့် ဒီလောက် ကြောက်လန့်စရာဖြစ်နေတယ်ဆိုတာ သူတွေးမရတော့ပေ။ Chen Ge က မျောက်လေးကို မေးလိုက်သည်။

"ညီလေး.. ဘာကို ရုတ်တရက် လန့်သွားတာလဲ.."

"ခင်ဗျား မေးဖို့လိုသေးလို့လား.."

မျောက်လေးရဲ့မျက်လုံးတွေက နီရဲနေပြီး စော်ကားမော်ကားပြောခံရသည့် မိန်းကလေးလိုဖြစ်ကာ ပြောလိုက်သည်။

"အရုပ်၂ခုက ကျွန်တော့်နောက်ကနေ လိုက်လာတယ်.. ဒါ ခင်ဗျားထိန်းချုပ်ထားတာ မဟုတ်ဘူးလား.. ခင်ဗျား.. ရူးနေတဲ့ ဆိုက်ကိုသမားကြီး.."

"အရုပ်မ၂ခုက မင်းနောက်ကိုလိုက်လာတယ် ဟုတ်လား.. ဘာဖြစ်ဖြစ်.. မင်းကို သရဲအိမ်ထဲကနေ အပြင်ပြန်ထုတ်ပေးမယ်.."

Chen Ge က မျောက်လေး တစ်သက်လုံး ကြောက်သွားမှာစိုးလို့ အမှန်တိုင်းမပြောဘဲ စကားစဖြတ်လိုက်တော့သည်။

"နေဦး.. ဒီအထပ်မှာပိတ်မိနေတဲ့ တစ်ယောက်ရှိသေးတယ်.. သူ့ကို မြန်မြန်ကယ်ပေးပါဦး.. သူမ ရူးတော့မယ်ဗျ.."

မျောက်လေးက စွတ်လင်းဆီ ဖုန်းဆက်ဖို့လုပ်နေစဉ် Chen Ge က ဘေးကအရုပ်၂ခုကို ကောက်ယူပြီးကြည့်လိုက်တော့ ဒီအရုပ်တွေက ကလေးအနုပညာသင်တန်းမှာ သူလုပ်ခဲ့ဖူးတဲ့အရုပ်တွေလို လက်ရာခပ်ကြမ်းကြမ်းတွေဆိုတာ သိလိုက်ရသည်။ ဒီအရုပ်၂ခုက အရွယ်ရောက်တဲ့ယောက်ျားတစ်ယောက် လဲကျသွားအောင်တောင် ခြောက်လှန့်နိုင်စွမ်းရှိနေတာလား။ Chen Ge က အရုပ်မလေးရဲ့မျက်နှာကို လက်ညှိုးနဲ့ထိကြည့်တော့ ဘာကြောင့်မှန်းမသိ အရုပ်မလေးက မျက်နှာကိုယိမ်းဖယ်ပြီး သူ့လက်ကို ရှောင်ချင်နေတယ်လို့ ခံစားလိုက်ရသည်။ စိတ်ဝင်စားစရာပဲ။

စွတ်လင်း၏ အော်သံနောက်လိုက်ရင်း ပိတ်မိနေသည့်အခန်းကို အပြင်ဘက်မှဖွင့်လိုက်သည်။

"မကြောက်နဲ့တော့.. ငါတို့ရောက်လာပြီ.."

ကောင်မလေးက Chen Ge တို့ကို အာရုံမစိုက်ဘဲ အခန်းထောင့်ကနေ စိုက်ကြည့်ကာ နှုတ်ခမ်းက တဆတ်ဆတ်တုန်နေသည်။

"ဒီအရုပ်တွေက ငါ့ကိုလိုက်ကြည့်နေတယ်.. ဘယ်နေရာပုန်းပုန်း သူတို့က ငါ့နောက်ကို လိုက်ကြည့်နေတယ်.."

"နောက်ထပ် အရုပ်တွေလား.."

Chen Ge က အခန်းအလယ်မှာ ဘေးချင်းယှဉ်လဲလျောင်းနေသည့် အရုပ်မ၂ခုဆီ ကြည့်လိုက်သည်။

"သူတို့က ခုနက ထိုင်နေတာ.. ငါကျိန်ပြောရဲတယ်.."

စွတ်လင်း၏မျက်လုံးထဲ မျက်ရည်တွေပြည့်နေသည်။

"ငါသိပါတယ်.. ဒီဟာက သရဲအိမ်ရဲ့ လှည့်ကွက်တွေပါ.."

Chen Ge က အရုပ်တွေဆီလျှောက်လာရင်း မိန်းကလေးကို နှစ်သိမ့်လိုက်သည်။

အရုပ်တစ်ခုက မုတ်ဆိတ်တွေပါပြီး ကျန်အရုပ်တစ်ခုက အေပရွန်ဝတ်ထားသည်။ အသေးစိတ်အချက်အလက်တွေအရ ဒီအရုပ်၂ခုက အဖေနဲ့အမေဖြစ်ရမည်။ သူ အစောက ကြမ်းပြင်ကကောက်ခဲ့တဲ့ အရုပ်၂ခုနဲ့ဆိုရင် ဒါက မိသားစုတစ်ခု ဖြစ်ပုံရသည်။

ဒီဟာတွေက Fu An တိုက်ခန်း မီးရှို့ခံရတဲ့ထဲ ပါသွားသည့် လူ၄ဦးနှင့် ကိုက်ညီနေသည်။ ဒါဆို သန်းခေါင်ယံည လူသတ်သမားအခန်းက Fu An တိုက်ခန်းကဟာကို ပြသပြီး အရုပ်၄ရုပ်က သားကောင်လေးယောက်ကို ကိုယ်စားပြုတာလား..။ ဒီလိုတွေးနေတုန်း ဖုန်းအနက်က တုန်ခါလာပြီး စာတစ်စောင်ဝင်လာခဲ့သည်။

>>ဝိညာဉ်များ၏ ခင်မင်မှု - သန်းခေါင်ယံည လူသတ်သမားအခန်းက Hidden mission (လျှို့ဝှက်မစ်ရှင်)ကို စတင်နိုင်လို့ ဂုဏ်ယူပါတယ်။ ဝိညာဉ်တွေက လူ့လောကမှာ မပြီးဆုံးသေးတဲ့အလုပ် ကျန်ရှိနေပါတယ်။ သူတို့ဆန္ဒပြည့်အောင် ကူညီပေးရင် အထောက်အကူရသည့် မဟာမိတ်များ ဖြစ်လာနိုင်ပါတယ်။<<

လျှို့ဝှက်မစ်ရှင်လား..? ဖုန်းအနက်ထဲက hidden mission ကြောင့် ဒီအခန်းက ပွင့်လာတာလား။ ဝိညာဉ်တွေ မပြီးပြတ်သေးတဲ့ အလုပ်တွေဆိုတာ Fu An တိုက်ခန်းကနေ Chen Ge သိရသလောက်ဆိုရင် တရားခံ Wang Qi ကို မဖမ်းမိသေးတာဖြစ်နိုင်သည်။ ဒါဆိုရင် သူက Wang Qi ကိုဖမ်းပြီး တရားဥပဒေလက်အောက် ပို့ပေးနိုင်ရင် ဒီအလုပ်ကို ဖြေရှင်းပြီးသား ဖြစ်သွားနိုင်မလား။ မဟုတ်သေးပါဘူး။

မျောက်လေးနဲ့စွတ်လင်းကို အောက်ထပ်ကိုခေါ်သွားစဉ် Chen Ge ရဲ့စိတ်ထဲ Hidden mission အကြောင်းပဲ တွေးနေမိသည်။ ဒီနှစ်ယောက်ကို ဝန်ထမ်းလမ်းကြောင်းမှ အပြင်ထုတ်ပေးပြီးတော့ သရဲခြောက်သည့်အခန်းကို ပြန်မသွားဘဲ ထိန်းချုပ်ခန်းထဲသွားပြီး သေတ္တာထဲက လူပျောက်ကြေငြာစာရွက်ကို ထုတ်ယူလိုက်သည်။ ဒီဟာက တရားခံတွေကို အထောက်အကူတော့ ပေးနိုင်လောက်သည်။ သူက စာရွက်ကိုယူပြီး တတိယထပ်က စွတ်လင်းပိတ်မိနေသည့်အခန်းထဲ ဝင်လာခဲ့သည်။ တံခါးခုံကို ကျော်ဝင်လာပြီးတာနဲ့ Chen Ge စိတ်ရှုပ်သွားသည်။ မိဘနှစ်ပါးနှင့် အစ်မကြီးအရုပ်က ကြမ်းပြင်ပေါ်လဲနေပြီး အသေးဆုံးအရုပ်လေးက အခန်းအလယ်ကနေ ထွက်ပြေးလာချင်သလို တံခါးနားမှာရောက်နေသည်။ Chen Ge က အရုပ်ကို ကောက်ယူစစ်ဆေးလိုက်သည်။ ဒီအရုပ်က သေပြီးသားလူတွေ ကစားခဲ့သည့် ပစ္စည်းဖြစ်လို့ ကြောက်စရာကောင်းပေမယ့် ချစ်စရာကောင်းတယ်ဆိုတာ တွေ့လိုက်ရသည်။ ဝိညာဉ်တွေက ဒီအရုပ်ထဲမှာ ရှိနေပုံရသည်။

တံခါးပိတ်လိုက်ပြီး Chen Ge က အခန်းအလယ်မှာ ထိုင်ချပြီး ပြောလိုက်သည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီး ငါတို့ စကားပြောကြတာပေါ့.."
=========================


သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now