သရဲအိမ်ထဲက ဖူးစာရှင် Chapter (131+132)

814 215 14
                                    

သရဲအိမ်ထဲက ဖူးစာရှင် Chapter (131)- ငါ ဘာတွေလုပ်နေလဲဆိုတာ ငါသိတယ်


Doll-maker's Talent ကို အသုံးပြုပြီး ဖန်တီးထားသောအရုပ်များသည်အလွန်အမင်းကြောက်စရာကောင်းလှသည်။  အရုပ်၂၄ ရုပ်ကို ချိပ်ပိတ်ထားသောစာသင်ခန်းထဲတွင်  ထိုင်လျက်အနေထား ပြင်ဆင်ပေးပြီးနောက် ချန်ကောပင် ဒီအခန်းထဲ ကြာကြာမနေဝံ့တော့ပေ။

 မုယန် အထက်တန်းကျောင်းရဲ့ ဆက်တင်ကို အများပြည်သူထံသို့ အလွယ်တကူ မထုတ်ပြန် နိုင်သေးပေ။ ဒီအရုပ်တွေထဲက လေလွင့်နေသည့် ဝိဉာဉ် ၂၄ ခုက ထိန်းချုပ်မှုလွတ်သွားရင် ဒီထဲကို ဝင်လာသည့် ဧည့်သည်ကို လန့်သေအောင်လုပ်နိုင်သည်။
 

ချန်ကောသည် သူကိုယ်တိုင် ဖန်တီးခဲ့သော အရုပ်များကို ချိပ်ပိတ်ထားသော စာသင်ခန်းထဲက ကျောင်းဝတ်စုံ ၂၄ ခု ဝတ်ပေးပြီးသောအခါ အရုပ်တွေရဲ့ အရိပ်အငွေ့က လုံးဝပြောင်းလဲသွားသလို ခံစားလိုက်ရသည်။ အရုပ်တွေထဲကို ဝိဉာဉ်တွေအသီးသီးဝင်သွားပြီး အရုပ်အားလုံးက သက်ရှိလူတွေလို အကြည့်တွေက ပိုအသက်ဝင်လာခဲ့သည်။

 
ဘတ်ဂျက်နှင့်အလုပ်သမားများ ဦးရေအကန့်အသတ်ရှိခြင်းကြောင့် သရဲခြောက်သည့်အိမ်သည် သရုပ်ဆောင် ၁၀ ဦး ထက်မကကို တူညီသော ဆက်တင်ထဲမှာပဲ ဝင်ခွင့်ပြုနိုင်ခဲ့သည်။ ဥပမာ ရွှီဝမ်က ဝိဉာဉ်သူတို့သမီးအဖြစ် သရုပ်ဆောင်ရင် လာသည့် ဧည့်သည်တွေကို ထိုဆက်တင်ထဲမှာပဲ ဝင်ခွင့်ပြုရသည်။

 အခုတော့ ဝိဉာဉ် ၂၄ ခု ဝင်နေသည့် အရုပ်တွေရှိနေလို့ သူ့သရဲအိမ်ကို ဆက်တင်တွေပိုဖွင့်လှစ်နိုင်တော့မည်။ ဒါက စိတ်လှုပ်ရှားစရာပဲ။  

  ငါတောင်မှ ဒီအကြောင်းတွေးပြီး စိတ်လှုပ်ရှားမိတယ်။ ဤကြယ်နှစ်လုံးအဆင့် မုယန် အထက်တန်းကျောင်းက ငါ့သရဲအိမ်ကို နာမည်ပိုကြီးလာစေတော့မယ်။

ချိပ်ပိတ်ထားသော စာသင်ခန်းထဲ အရုပ်များကို စီစဉ်နေရာချပြီးသောအခါ ချန်ကောသည်  ကျောင်းသားများ၏အမည်ကို နေရာချလိုက်သည်။

မူယန်အထက်တန်းကျောင်းတွင် ထွက်ပေါက်မရှိ၊ ဝင်ပေါက်တစ်ခု သာ ရှိသည်။ ထွက်ပေါက်ရှာဖွေခြင်း ဆိုတဲ့ မူလအစီအစဉ်ကို ဒီမှာ အသုံးမပြုတော့ပဲ  ဂိမ်းအသစ်တစ်ခုကို စည်းမျဉ်းပြန်သတ်မှတ် ရတော့မည်။ မုယန်အထက်တန်းကျောင်းဆက်တင်ကို လှည့်ပတ်ကြည့်ကာ ချန်ကော အကြံရလာသည်။

 နေရာအသီးသီးမှာ ကျောင်းသားတွေရဲ့နာမည်ကဒ် ၂၄ ခုကို ဖုံးကွယ်ထားနိုင်သည်။ ဂိမ်းကို အနိုင်ရအောင် ကစားနိုင်ဖို့ ဧည့်သည်တွေက  မိနစ် ၂၀အတွင်း နာမည်ကဒ်၂၄ ခုလုံးကိုရှာဖွေဖို့လိုသည်။  အနိုင်ရသူများကို ဆုငွေပေးခြင်းဖြင့် ဆွဲဆောင်ရင် ဧည့်သည်တွေက ဒီဆက်တင်ကို ဝင်ဖို့ ပိုတက်ကြွလိမ့်မယ်။

 အခုဆိုရင် သရဲအိမ်က ပိုနာမည်ကြီးလာလို့ ဧည့်သည်တွေကို နည်းမျိုးစုံနဲ့ဆွဲဆောင်နိုင်ဖို့ ချန်ကော စဉ်းစား၇တော့သည်။

 

ငါ အနာဂတ်မှာ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ အရာတွေကို  ထည့်သွင်းရန်လိုအပ်ပါလိမ့်မယ်။ ရည်ရွယ်ချက်မှာကြောက်မက်ဖွယ်ကောင်းသော သရဲခြောက်သည့်အိမ်တစ်လုံးကို  ဖန်တီးရန်ဖြစ်သည်။


ချန်ကောသည်  ကျောင်းသားအမည်ကဒ် ၂၄ ခုကို လိုက်လံဝှက်ထားစဉ် မုယန်အထက်တန်းကျောင်း ဆက်တင်ဘေးတွင် နောက်ထပ်  ပိုမိုကြီးထွား လာသည်ကို သူ သဘောပေါက်ခဲ့သည်။ စင်္ကြံအဆုံးမှာ လမ်းဆုံ အသစ်တစ်ခုရှိလာခဲ့သည်။ နောက်ထပ် တိုက်ခန်းအဟောင်း သုံးခန်းက ကပ်လျက်တည်ရှိနေပြီး အခန်းနံပါတ်တွေက ၃၀၂၊ ၃၀၃၊ ၃၀၄ ဆိုပြီး တံခါးများချိတ်ဆွဲထားသည်။

ကြယ်သုံးပွင့်စမ်းသပ်မှုမစ်ရှင်အခန်းက မူယန် အထက်တန်း ကျောင်းဘေးတွင် အခန်းသုံးခန်း ဖွင့်လှစ်ပေး ခဲ့သည်။ သူတို့က အတူတကွပူးပေါင်း ခဲ့ကြပေမယ့် စင်္ကြံက အများကြီး ပိုမို ကျဉ်းမြောင်း လာပုံရသည်။

ကြောက်စရာကောင်းတဲ့ ဆက်တင်တွေအားလုံးဟာ တစ်ခုနဲ့တစ်ခုနီးနီးကပ်ကပ် တည်ရှိကာ သူ့သရဲအိမ်က ပိုမို ကျယ်ပြန့်လာပါလိမ့်မယ်။ နောက်ဆုံးတော့ မြေအောက် ကားပါကင်တစ်ခုလုံးက ငါ့ သရဲအိမ်ဆက်တင်တွေနဲ့ပြည့်နေပြီး ကြောက်စရာကောင်းတဲ့ ဝင်္ကပါလိုဖြစ်လာလိမ့်မယ်။

 
ချန်ကောသည် နာမည်ကဒ်အားလုံးဝှက်ပြီး အပေါ်ထပ်တက်ကာ အဝတ်စားလဲပြီး သရဲအိမ်အပြင်ကို ထွက်လာသည်။ အပြင်မှာ နေရောင်က နွေးထွေးနေပြီး စိတ်ကြည်နူးဖို့ကောင်းနေသည်။

 ရွှီဝမ်က မနက် ၉ နာရီခန့်တွင် သရဲအိမ်သို့ရောက် ရှိလာခဲ့သည်။  ချန်ကောက သူမကို ဝိဉာဉ်သတို့သမီးလို သွားပြင်ဆင်ခိုင်းခဲ့သည်။ သရဲအိမ်က အခု ပိုနာမည်ကြီးလာပြီး   New Century Park တွင် တစ်ခုတည်းသောဆွဲဆောင်မှု တစ်ခုဖြစ်လာခဲ့သည်။ လုပ်ငန်းစဉ်ကိုချောချောမွေ့မွေ့ဖြစ်စေရန် ချန်ကောက လက်မှတ်အရောင်းသမားတစ်ယောက်ကို ဌားဖို့ ဦးလေးရွှီကို ပြောခဲ့ပေမယ့် လူရှားလို့ ဦးလေးရွှီကိုယ်တိုင် ကူပေးရန်ရောက်လာခဲ့သည်။

 " ဒီပတ် ၀ န်းကျင်မှာ အချိန်ပိုင်း လုပ်သားသိပ်မရှိဘူး၊ ငါက အားနေလို့  အကူအညီပေးဖို့လာတယ်။ လက်မှတ်ရောင်းဖို့ ဒီလက်မှတ်ကောင်တာထဲကိုဝင်ဖို့ လိုအပ် လား"

"မလိုပါဘူး၊ ဦးလေးအဆင်ပြေသလို ရောင်းလို့ရတယ်  "

ဦးလေးရွှီက လက်မှတ်ရောင်းဖို့ပြင်နေစဉ် ချန်ကောက ဝန်ထမ်းနားနေခန်းထဲဝင်ကာ သစ်သားပြားပေါ်တွင် သွေးအတုကို သုံးပြီး မုယန်အထက်တန်းကျောင်း အတွက် ကြေငြာရေးလိုက်သည်။

  ထိုသစ်သားဘုတ်နဲ့သူ ထွက်လာတော့ အပြင်ဘက် လူအုပ်ကြားမှာ ဆူညံသံတွေကြားနေရတယ်။

"တွေ့ကြုံခံစားဖို့ကြောက်စရာဆက်တင်အသစ်လား "

"ဒီမိတ်ဆက်စကားက သေချာ ကြောက်စရာကြီးပဲ  "

"ကျောင်းတစ်ခုမှ ထိတ်လန့်စရာပုံပြင်... ဒါကို ငါကြိုက်တယ်။ "

ချန်ကောရဲ့ ကြော်ငြာက လူအုပ်၏အာရုံကို ချက်ချင်းဆွဲဆောင်နိုင်ခဲ့သည်။ လက်မှတ်ဈေးနှုန်း အတူတူပင်ဖြစ်သဖြင့်ရှေ့တန်း၌ရပ်နေသော လူနည်းစုသည် ဇာတ်လမ်းအသစ်ကို တွေ့ကြုံခံစားရန်တောင်းဆိုနေခဲ့သည်။

"လူတိုင်း ခဏနားထောင်ပေးပါဦး.။ ဒီဇာတ်လမ်းသစ်က အရမ်းကြောက်စရာကောင်းတယ်။ အတွင်းမှာ ကျွန်တော်တို့ရဲ့ ပရော်ဖက်ရှင်နယ်သရုပ်ဆောင်တွေ၊ နိုင်ငံရဲ့ထိပ်တန်းပစ္စည်းတွေနဲ့ ပြင်ဆင်ထားတာ ရှိတယ်။  ဒီဇာတ်လမ်းကို ကျွန်တော် ကြေငြာလိုက်တဲ့အခါ ကြောက်စရာ အကြောင်းအရာကို တင်ဆက်တဲ့ နာမည်ကြီး စတူဒီယိုတစ်ခုက အလုပ်သမားတွေက ဒီစိန်ခေါ်မှုကို လက်ခံခဲ့တယ်။သူတို့က အထဲကို စမ်းသပ်ဝင်ရောက်တဲ့အချိန် လျှို့ဝှက်ကင်မရာနဲ့ ရိုက်ကူးခဲ့လို့  သူတို့ မတော်တဆ မယုံနိုင် လောက်အောင်ကြောက်စရာကောင်းတာ တစ်ခုခုကို ရိုက်ကူးနိုင်ခဲ့တယ်။ ဒါကိုကြုံခဲ့တဲ့ လူနှစ်ယောက်က အခုထိ ဆေးရုံပေါ်က မဆင်းနိုင်သေးဘူး  "

ဘေးဘက်ရပ်နေတဲ့ ဦး လေးရွှီ ကတော့ ချန်ကောဟာ ဒီ နာမည်ပျက်အကြောင်းရာကို ဘာကြောင့် ဂုဏ်ယူဝံ့ကြွားစွာ ပြောပြမိတ်ဆက်နေသလဲဆိုတာ နားမလည်တော့ပေ။

 လူတွေကို  သေခြင်းတရားနဲ့ပတ်သက်ပြီး ကြောက်လန့်တာနဲ့ပတ်သက်ပြီး ဘာကြောင့် ဂုဏ်ယူရမယ်ဆိုတာကို သူ နားမလည်နိုင်ဘူး။

"သူတို့ရိုက်ကူးခဲ့တာတွေကိုပြောပြပါ ဦး "

သရဲအိမ်ကိုလာလည်တဲ့သူတွေက ဒီလူတွေကို ဆေးရုံပို့လိုက်ရတယ်ကို မယုံကြပေ။
 
"သူဌေး၊ မင်းရဲ့အချန်ကိုမဖြုန်းတီးပါနဲ့တော့။ ကျွန်တော်တို့ ဒီဆက်တင်ထဲကို ဝင်ချင်တယ်  "

"ဒီနေ့ ဒီဆက်တင်ထဲ ငါ မဝင်ဖြစ်ဘူးဆိုရင် ငါဟာ လူမဟုတ်ဘူး။ "

ဧည့်သည်များ၏စကားသံကိုကြားတော့ ချန်ကောက ပြောလိုက်သည်။

"မင်းတို့ကို ကြေငြာချင်တာရှိတယ်။ ဒီဆက်တင်ကို လူတိုင်းဝင်လို့မရဘူး။ ဝိဉာဉ်သတို့သမီးဆက်တင်နဲ့ သန်းခေါင်ယံည လူသတ်သမား ဆက်တင်ကို ဝင်ပြီးမှသာ ဒီမုယန်အထက်တန်းကျောင်းကို ဝင်လို့ရမယ် "

 
"ဒီဟာနေ့ခင်းဘက် ဓါးပြတိုက်တာပဲ!"

ချန်ကော၏ ကြေငြာချက်အသစ်ကိုကြားတော့ ဧည့်သည်တွေက  တပြိုင်နက်ဆန္ဒပြသံ ထွက်ပေါ် လာသည်။

"ဆက်တင်တိုင်းကို ဝင်ဖို့ ငါတို့က လက်မှတ်တစ်စောင်စီဝင်ဖို့လိုတယ်..."

 "ဒါက အတင်းအကျပ် ရောင်းချတာ မဟုတ်ရင် ဘာလဲ"

 "မင်းရဲ့ခေါင်း ချောင်သွားပြီလား "

"အွန်လိုင်းပေါ်က review ကောင်းလို့ ငါတို့က လာလေ့လာတာ။ မင်းက ခုလို လုပ်တာ  မယုံနိုင်လောက်အောင်အကျင့်ပျက်နေတယ်။ "

"သရဲခြောက်တဲ့အိမ်ကို လာလည်ဖို့ စည်းမျဉ်းတွေ အများကြီးပဲလိုက်နာနေရမှာလား။ ဒါဆို ငါ မဝင်တော့ဘူး  "

ချန်ကောသည် ဒီကြေငြာမှုကြောင့် ပရိတ်သတ်က ဆူပွက်မည်ကို ကြိုတွေးပြီးဖြစ်သည်။
 
 " ငါ့ကိုယုံပါ၊ မင်းရဲ့ငွေကို လိမ်ပြီးယူဖို့ ငါ မရည်ရွယ်ဘူး။ လက်မှတ် တစ်စောင်ကို  ယွမ်၂၀ က အကောင်းဆုံးသက်သေပဲ။ ငါ့ရဲ့ ရိုးသားမှုကို သက်သေပြဖို့  ငါတို့လောင်းကြေး ထပ်ကြမယ်.. ဘယ်လိုလဲ ?

ချန်ကောက မရေးရသေးသည့် သစ်သားပြားပေါ်တွင် ဆုငွေ ယွမ် 20000 ကိုချရေးလိုက်သည်။
 

 "ဒီနေရာမှာငွေသား ၂၀၀၀၀ ဆုကြေး ရှိတယ်။ မုယန် အထက်တန်းကျောင်းထဲမှာ ကျောင်းသား  ၂၄ ယောက်ရဲ့ နာမည်ကဒ်တွေကို ငါ ဝှက်ထားတယ်။ မင်းတို့ ဘယ်သူဖြစ်ဖြစ် နှစ်ဆယ်လေးခုလုံးကို မိနစ် ၂၀ အတွင်း ရှာနိုင်ရင် ဒီ ဆုကြေးငွေ ၂၀၀၀၀ က မင်းတို့ဟာပဲ"

"လက်မှတ်ဈေးနှုန်းက ၂၀  ဒါပေမယ့် ဆုကြေးက ၂၀၀၀၀ လား။ ၁၀၀၀% တိုးလာတာပဲ!"


"အဲ့ဒီ ဆက်တင်ထဲမှာ နာမည်ကဒ် 24 ခုကော တကယ် သိမ်းထားတာ ဟုတ်ရဲ့လား။ 23 ခုပဲ ဝှက်ထားရင် ကျွန်တော်တို့က ဆုကြေးကို ဘယ်လိုရနိုင်မှာလဲ"

 ဧည့်သည်တစ်ယောက်က ထောက်ပြပေမယ့် ချန်ကောက သူနှင့်ငြင်းခုံဖို့ ပျင်းနေသည်။

 "မင်းတို့ထဲက တစ်ယောက်က  ပုံမှန် ဆက်တင်ကနေ ထွက်လာနိုင်ရင် ငါပြောတာ ဟုတ်မဟုတ် ဆိုတာ သက်သေပြပြီးဖြစ်လိ့မ်မယ်။  "

အမည်ကဒ် ၂၄ ခုသည် အလွန်ဝေးကွာသော နေရာများတွင် ဝှက်ထားခြင်းခံရပြီး အချို့သည် လူတွေ မမျှော်လင့်သည့်နေရာများတွင် ဝှက်ထားခြင်းခံရသည်။


"ဒီဟာက ခပ်ပေါပေါလှည့်ကွက်ဆိုပေမယ့် ငါက ကြိုးကြည့်ပါလို့ မင်းတို့ကို  တိုက်တွန်းချင်ပါတယ်။ "

ချန်ကောက အခြေနေကို လှုံ့ဆောင်ပြီး လူစိတ်ဝင်စားအောင် လုပ်နေသည်ကို ဦးလေးရွှီက ကြည့်နေသည်။ ပြီးတော့ ချန်ကောက ဦးလေးရွှီကို ငွေကောက်ဖို့ ပြောလိုက်သည်။

 
"ဒီနေ့ဟာ ဆက်တင်အသစ်ကို စတင်ဖွင့်လှစ်တဲ့ ပထမဆုံးနေ့ဖြစ်လို့ စည်းမျဉ်းအသစ်ကို တရားဝင် ဖော်ပြရတာ ဖြစ်ပါတယ်။ ဒီလို စည်းမျဉ်းကို လူတွေ မသိကြသေးပါဘူး။  မင်းတို့က အခြားဆက်တင်ကို ဝင်စရာမလိုပဲ ချွင်းချက်အနေနဲ့ ဒီဆက်တင်ကို တန်းပြီး ဝင်လို့ရပါတယ်။ မင်းတို့ အရင်ဝင်ပြီး ဆုကြေးကို ယူဖို့ အခွင့်ရေးရှိနေတယ်။ ဒါပေမယ့် နာမည်ကဒ်ထားတဲ့ နေရာက နေ့တိုင်း နေရာတွေပြောင်းနေမယ်ဆိုတာ ကြိုပြောထားပါရစေ။  ဒီလောက်ကောင်းတဲ့ ဆုလာဒ်  ၂၀၀၀၀ ကို ယူဖို့ ဘယ်သူတွေ စမ်းကြည့်ချင်မလဲ  "

အစောပိုင်းက လူတိုင်းမယုံနိုင်လောက်အောင်ဆူညံနေ ခဲ့သော်လည်း  ချန်ကောက တရားဝင်ပြောလိုက်ချိန်မှာ လူတွေက ငြိမ်ကျသွားပြီး ဘယ်သူမှ အရင်ထွက်မလာရဲတော့ပေ။  တစ် ဦး နှင့်တစ် ဦး အပြန်အလှန်ကြည့်ရှုကြသော်လည်း မည်သူမျှရှေ့သို့ မတက်ရဲတော့ပါ။ ချန်ကောသည်

လူစုလူဝေးကိုစစ်ဆေးပြီး နောက်ဆုံး ဆွေးနွေးပြီးဟန်ဖြင့် လူ 5 ယောက်အုပ်စုက သူ့နားကို တိုးကပ်လာသည်။


"သူဌေးက, ငါတို့ဂိမ်းကို စိန်မခေါ်ချင်ကြဘူး။  ဆက်တင်ကိုပဲ သွားကြည့်ပြီးလေ့လာချင်တယ်။ ဒါကြောင့်  ငါတို့ ငါးယောက် တစ်ချိန်တည်း ဝင်နိုင်မလား"

 ခေါင်းဆောင်ဖြစ်သူက ချန်ကောကို မေးခဲ့သည်။

သူတို့ ငါး ဦး သည် ဇာတ်လမ်းအသစ်ကို ဝင်လေ့လာပြီး အချက်လက်ကို ရှာဖွေမှတ်သားချင်ကြသည်။ ပြီးမှ သူတို့လူတစ်ယောက်ကို  လိုအပ်သောသတင်းအချက် အလက်အားလုံးကို ပေးပြီး ထိုလူက နာမည်ကဒ်အကုန်ကို ရှာပြီး ဆုငွေကို ထုတ်ယူဖို့ကြံထားသည်။

ချန်ကောက သူတို့ဘာတွေလုပ်ဖို့ကြံနေတယ် ဆိုတာသိပေမယ့် သူက ဂရုမစိုက်ပေ။

  "သေချာတာပေါ့၊ မင်းတို့ ငါးယောက်စလုံး အတူတူဝင်လို့ရနိုင်ပေမယ့် ငါ သတိပေးထားမယ်။ သရဲအိမ် ထဲမှာဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို မရိုက်ဖို့၊ ဖုန်းကို အသုံးမပြုပါနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ မင်းတို့ သူငယ်ချင်းတွေကို ကြောက်လှန့်သွားစေနိုင်တတယ်"

" ငါတို့ ငါးယောက်စာ လက်မှတ်ခ ဒီမှာ ယွမ် ၁၀၀  "  

လူငယ်လေးကပြုံးပြီးပြောတယ်။ သူသည် ချန်ကောပေးသည့် အကြံဉာဏ်ကို မည်သည့်အခါမျှ ဂရုမစိုက်ခဲ့ပါ။

ထိုငွေကိုလက်ခံပြီးနောက် ချန်ကောက ဧည့်သည်များကို ကျေးဇူးတင်စကားပြောပြီး သဘောတူညီကြောင်း စာရွက်မှာ လက်မှတ်ထိုးခိုင်သည်။ ထိုလူငယ်တွေက မကြည့်ပဲ တန်းကာလက်မှတ်ထိုးလိုက်ကြသည်။

သူတို့က  ထိုအရာကိုအလွန်အမင်းမစဉ်းစားခဲ့ကြပေ။ သူတို့နောက်တွင် ဦး လေး ရွှီသည် တုန်လှုပ်ချောက်ချားခဲ့ပြီး အချို့သော အရာကို စဉ်းစားပြီးနောက် ချန်ကော နောက်ကို ကပ်လိုက်ကာ တီးတိုးပြောလိုက်သည်။

 "ဒါတွေက သာမန် ဧည့်သည်တွေပါ။ သူတို့မှာ ငါတို့ သရဲအိမ်အကြောင်းကို မသိထားဘူး။  အရာအားလုံးလုံခြုံပြီးသေချာအောင်လုပ်ပါ။ "

"ဦး လေးရွှီ မပူပါနဲ့။ ကျွန်တော် ဘာလုပ်နေတယ်ဆိုတာ သိပါတယ်။"

 ဦးလေးရွှီက ခေါင်းသာ ယမ်းလိုက်မိသည်။

"ဒီကလေးတွေ ဘယ်လိုတွေ တွေးနေပါလိမ့်။ မင်း ခုနက သူတို့ကို ပြောပြထားပြီးသားလေ။ အစောပိုင်း မုယန်ကျောင်း ဆက်တင်ထဲ ဝင်သွားတဲ့ သနားစရာကောင်လေးနှစ်ယောက်က ဆေးရုံက မဆင်းရသေးဘူး။ အဲ့ထဲက တစ်ယောက်ဆိုရင် ညညတိုင်း လန့်အော်ပြီး နိုးနိုးလာတယ်တဲ့... သူ့ အနာဂါတ် ဇနီးလောင်းနာမည်က ဘယ်သူလဲဆိုပြီး ယောင်ယမ်းအော်နေတာ တဆေးရုံလုံးသိနေကြတယ်။    "  

(ဘောပင်နတ်ကို အနာဂါတ်ဇနီးလောင်း နာမည်မေးတဲ့ တစ်ယောက်၊ လည်ပင်းမှာ ကြိုးတန်းလန်းနဲ့ ဝိဉာဉ်ကို မြင်လိုက်ရပြီး စိတ်ချောက်ခြားခဲ့သူ။ )
**

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now