Chapter (51+52) (Zawgyi+unicode )

1.2K 304 7
                                    

Chapter (51) - ရွေးချယ်ခြင်း

မျက်လုံးအောက်မှာ အမည်းရိပ်နှင့် Chen Ge သည် သန်းခေါင်ယံမတိုင်ခင် တစ်မိနစ်အလိုမှာ အရုပ်ကိုပိုက်ကာ မှန်ရှေ့တွင်ရပ်နေသည်။ သူက မှန်ထဲကပေါ်လာမည်ကို တစ်ချက်မှမလွတ်အောင် အာရုံစိုက်ပြီး ကြည့်နေပေမယ့် မှန်ကို လက်နှင့်ထိတာမျိုး မလုပ်ဝံ့ပေ။ ရေချိုးခန်းမီးကို ပိတ်ထားပြီး Chen Ge မှန်ထဲကအရိပ်ကိုသာ စိုက်ကြည့်နေသည်။ ထိုစဉ် Chen Ge ၏ဖုန်းက မြည်လာခဲ့သည်။ ဒီအချိန်ကြီး ဘယ်သူဆက်လာတာလဲ။

Chen Ge က ဖုန်းမှာပေါ်သည့်နာမည်ကို ကြည့်လိုက်တော့ Inspector Lee ဖြစ်နေသည်။ တစ်ခုခုများဖြစ်လို့လား ဆိုသည့်အတွေးဖြင့် Chen Ge ဖုန်းကိုင်လိုက်သည်။

"အန်ကယ်ဆန်းပေါင်.. တစ်ခုခုထူးလို့လား.."

"Zhang Peng က လွတ်နေတုန်းပဲ.. ဒါပေမယ့် သူက Jiu Jiang ခရိုင် အနောက်ပိုင်းတစ်ဝိုက်မှာ သွားလာနေတယ်လို့ သတင်းရတယ်.. မင်း သတိထားဦး.. ဒီလူက မယုံနိုင်အောင် အန္တရာယ်ကြီးပြီး ပါးနပ်တယ်.. သူတွေးတောလုပ်ကိုင်ပုံက ပုံမှန်နဲ့မတူဘူး.. မင်းဆီပြန်လာမယ်လို့တော့ ငါတို့ တရားသေတော့ မပြောနိုင်ဘူး.."

"မနေ့က ပန်းခြံတစ်ဝိုက် ရဲတွေစောင့်နေတာ မဟုတ်ဘူးလား.. သူ့လက်နှစ်ဖက်လုံး ဒဏ်ရာရထားလို့ သူ ဝေးဝေးတော့ မပြေးနိုင်လောက်ဘူး.."

Chen Ge ကတော့ Zhang Peng သေချာပေါက် ရဲဖမ်းခံရပြီလို့ ထင်ထားခဲ့သည်။

"မမျှော်လင့်တဲ့ဖြစ်ရပ်ကြောင့် မနေ့က ရဲအရာရှိတစ်ယောက် သံသယရှိသူကိုဖမ်းရင်း သတိလစ်သွားခဲ့လို့ ဆေးရုံတင်ထားရတယ်.. ငါတို့ အသေးစိတ်တော့ မပြောပြနိုင်သေးဘူး.."

"ဘယ်လို.."

Chen Ge က ပြန်မေးလိုက်ရင်း မှန်ကိုကြည့်မိတော့ သူသတိမပြုမိလိုက်ခင်မှာ အင်္ဂလိပ်အက္ခရာ '1' ဆိုတာ မှန်မှာပေါ်နေတာကို တွေ့လိုက်ရသည်။

"စိတ်မပူပါနဲ့.. ရဲတွေ သူ့ကိုလိုက်ရှာနေတယ်.. တရားဥပဒေဘောင်ထဲက ပြေးမလွတ်နိုင်ပါဘူး.."

Inspector Lee က Chen Ge ကို လှမ်းပြောလိုက်သည်။ Chen Ge က ဖုန်းပြန်ဖြေနေပေမယ့် သူက မှန်ပေါ်ကနံပါတ်ကို ကြောင်ကြောင်ကြီး စိုက်ကြည့်နေမိသည်။

သရဲအိမ်ထဲမှ ဖူးစာရှင်Where stories live. Discover now