သရဲအိမ်ထဲကဖူးစာရှင် - Chapter (127+128)

868 221 10
                                    

သရဲအိမ်ထဲကဖူးစာရှင် - Chapter (127) -
ပစ္စည်းကိရိယာများကိုအဆင့်မြှင့်တင်ခြင်း



ပန်းခြံဝင်ပေါက်မှာ တက္ကစီကို ရပ်တန့်လိုက်ပြီး ချန်ကောက အရုပ်ခေါင်းတွေကို ကူသယ်ပေးရန် ရွှီဝမ်ကို ဖုန်းဆက်ခေါ်လိုက်သည်။

 
"ဘော့စ် ဒီအတွင်းပိုင်း ဘာတွေလဲ၊ သူတို့က အရမ်းလေးလံနေတယ်။ "

"အရုပ်ခေါင်းတွေ...မင်းကြောက်တတ်ရင် ဖွင့်မကြည့်ကာ ကောင်းမယ်  "  

"နားလည်ပါပြီ"

သေတ္တာများကိုနေရာချပြီးနောက် ချန်ကောသည် ရွှီဝမ်ကို သရုပ်ဆောင်ရန် အဝတ်လဲခိုင်းပြီးသူက လက်မှတ်ရောက်မည့်နေရာမှာ ရပ်လိုက်သည်။

 
မနက်ဖြန် မုယန်အထက်တန်းကျောင်း ဆက်တင်ကို ဖွင့်လှစ်ဖို့ အရုပ်တွေကို ဆင်ရမှာဖြစ်လို့ ခုလို လက်မှတ်ရောင်းနေရင် အလုပ်တွင်မည် မဟုတ်ပေ။ လက်မှတ်ရောင်းသမားအတွက် လူတစ်ယောက်ဌားဖို့ ဒါရိုက်တာ လျှိုကို ဆောင်းဆိုရမည်ဟု တွေးလိုက်သည်။

 ထိုစဉ် အသက် ၃၀ လောက်ရှိပြီး ကြည့်ကောင်းတဲ့လူတစ်ယောက်က ချန်ကောကို လာနူတ်ဆက်လိုက်သည်။

  "မစ္စတာချန်။ နောက်ဆုံး ကျွန်တော် ခင်ဗျားကို တွေ့ပြီ"

ချန်ကောက ထိုလူကိုကြည့်လိုက်တယ်။ ထိုသူသည် သာမန် ပေါ့ပေါ့ပါးပါး ဝတ်စုံကို ၀ တ်ဆင်ပြီး အနက်ရောင် လက်ဆွဲသေတ္တာတစ်လုံးကိုင်ထားသည်။ သူ့မှာ တိုတိုညှပ်ထားတဲ့ ဆံပင်နှင့် တောက်ပသော အပြုံးတို့ပိုင်ဆိုင်ထားသည်။
 
"ခင်ဗျား ကျွန်တော့်ကို ဘာကြောင့် ရှာနေတာလဲ"

"ကျွန်တော်က ခင်ဗျားရဲ့ အမာခံပရိတ်သတ်ဖြစ်ပြီး ခင်ဗျားထုတ်လွှင့်တဲ့  live-streams တွေကို တစ်ခုမှ မလွတ်စေပဲ ကြည့်ရှုခဲ့သူပါ။ "

ထိုသူသည်ချီးမွမ်းခြင်းဖြင့်စတင်ခဲ့သည်၊ သို့သော် ချန်ကောသည် သူ့ live-streams တွေက အသံဖမ်း ကရိယာမပါလို့ အသံပိုင်းအားနည်းတာကို သူ သေချာသိသည်။  ဒါပေမယ့် သူ၏ ခေါင်းစဉ်နဲ့ တင်ဆက်မှု တွေက ထူးခြားနေလို့ မှတ်တမ်း တင်ခြင်းနှင့်  ကောင်းမွန်သော အသံဖမ်းကိရိယာများ မရှိပေမယ့် live-stream အတွေ့အကြုံကို တိုးတက်ကောင်းမွန်အောင်ပြုလုပ်နိုင်ခဲ့တာ ဖြစ်သည်။

"ခင်ဗျားက ချီးကျူးလွန်းနေပါပြီ။ခင်ဗျားက ကြည့်ရှုသူတစ်ဦးလား "

ချန်ကောသ ည်ထိုလူ ဘာကြောင့် ဒီနေရာကို ရောက်ရှိနေသည်ကို မသိရှိရသေးပါ။  

"ကျွန်တော်က ခင်ဗျားရဲ့ သစ္စာရှိပရိသတ်ပေါ့။ မင်းရဲ့ပထမဆုံး ဗွီဒီယိုဟာ သန်းခေါင်ယံမှာ လူကြိုက်များတဲ့အဆင့်ကို ရောက်ကတည်းက ကျွန်တော် ခင်ဗျားကို follow ထားလိုက်တယ်။ နောက်ပိုင်းမှာ ချင်ကွမ်းစတူဒီယိုက ခင်ဗျားတင်ဆက်တဲ့ အကြောင်းအရာတွေကို ကူးယူပြီးတဲ့နောက်မှာ၊ ခင်ဗျားရဲ့ဗွီဒီယိုကို ဖိုရမ်မှာ ကျွန်တော်တင်လိုက်ပြီး သူတို့က ခင်ဗျားုရဲ့ရိုက်ကွင်းရိုက်ကွက်ကို ခိုးယူပါတယ်ဆိုပြီး  plagiarism လုပ်ပြီး ကျွန်တော် ဖော်ထုတ်ခဲ့တယ်။"

 ထိုလူက သူသည် ချန်ကော၏သစ္စာရှိ ပရိသတ်ဖြစ် ကြောင်းပြောကြားခဲ့သည်။ သို့သော် သူသည် အလွန်အေးဆေးစွာနေပြီး သူ၏မျက်နှာပေါ်တွင် အပြုံးသည် ကျွမ်းကျင်သောအပြုံးဖြစ်သည်။ သူသည် သူ၏စံပြအိုင်ဒေါကို လာတွေ့ခြင်းထက် စေ့စပ်ညှိနှိုင်းမှုတွင် ပါဝင်နေသလို ချန်ကော ခံစားခဲ့ရသည်။

"ကျေးဇူးတင်ပါတယ်။"

ချန်ကောကသူ့ကိုအပြည့်အဝမယုံကြည်သော်လည်းထိုသူသည် ရန်လို မပေါ်ပါ။ အနည်းဆုံး သူက အမှားကနေအမှန်ကို သိလိုက်တယ်။

"ခင်ဗှားကပရိသတ်တစ် ဦး ဖြစ်လို့ လက်မှတ်ကို ၅၀% လျှော့ဈေးနဲ့ပေးပါလိမ့်မယ်။ "

"ခင်ဗျားရဲ့စီးပွားရေးကို အနှောင့်အယှက် မပေးချင်ဘူးဗျာ၊ ကျွန်တော့်နောက်ကလာတဲ့ ဧည့်သည်တွေကို အရင် လက်မှတ်ရောင်းပေးလိုက်ပါ။  "

သူက သူ့နောက်က သရဲအိမ်ထဲ ဝင်ဖို့ တန်းစီနေသူတွေ ကို ဖယ်ပေးလိုက်ပြီး  ပြောလိုက်သည်။

ချန်ကောသည် ဧည့်သည်များနှင့်စကားပြောပြီးနောက်  အားသွားမှ ထိုသူသည်  ရှေ့သို့တိုးခဲ့သည်။

"ချင်ကွမ်း စတူဒီယိုကလူတွေ ခင်ဗျားကို ဒုက္ခရောက် အောင် လာကြသေးတယ်လို့ ကျွန်တော် ကြားခဲ့တယ်၊ ဒါပေမဲ့ ခင်ဗျား သူတို့ကို သင်ခန်းစာပေးလိုက်တာလား  "


"ဒါက ကောလာဟလတွေပါပဲ။ ချင်ကွမ်းကလူတွေမှာ ကိုယ်ကျင့်တရားဆိုင်ရာအခြေခံမရှိကြဘူး။ စိတ်ပိုင်းဆိုင်ရာ မကျန်းမာတဲ့ လူနာနှစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိနဲ့လွှတ်လိုက်တယ်။ သရဲအိမ်ထဲကိုဝင်သွားပြီး ကျနော့်နာမည်ကို ဖျက်ဖို့ မတရားခံရတဲ့  သားကောင်ဖြစ်ဟန်ဆောင်ကြတယ်။"

ချန်ကောက အံကြိတ်ကာ ပြောလိုက်သည်။


ထိုသူက ဒါကို ကြားတော့ သူ့ရဲ့ အသုံးအနှုန်းပြောင်း လဲသွားသည်။ သူကပြုံးပြီးထပ်ပြောသည်။

 " သူတို့က ခင်ဗျားကို ရိုက်ချဖို့ ကြိုးစားနေတယ်လို့ ကျွန်တော် ထင်တယ်။ သရဲခြောက်တဲ့အိမ်ကို လာလည်ရုံနဲ့ ဘာကြောင့် သူတို့ဆေးရုံတက်ရတာလဲ။ ပိုကောင်းတဲ့ ဆင်ခြေပေးသင့်တယ်။ "

"သူတို့ကဆေးရုံ တက်ခဲ့ရတာလား"

"ဟုတ်ပါတယ်၊ သူတို့က ခင်ဗျားကို ကလဲ့စားချေမယ် လို့ ပြောခဲ့ပေမယ့် အခြား စတူဒီယိုက ဝင်တားပေးခဲ့တယ်။  "

ထိုလူသည်ချန်ကောကို ဆွဲဆောင်နေသည့် မြေခွေးတစ်ကောင်ကဲ့သို့ ကျယ်ပြန့်စွာပြုံး လိုက်သည်။

"တကယ်တော့ ရုပ်သံလွင့်တင်တဲ့ ပလက်ဖောင်း website ဆိုတာ လူတိုင်း တင်ခွင့်ရှိတယ်။ ချင်ကွမ်း တစ်ခုတည်းက ပိုင်တာ မဟုတ်ဘူး။  "

အဲဒီအချိန်ကစပြီး ချန်ကောဟာ အရာရာတိုင်းကိုသိပြီးသားပါ။ သူ့ရှေ့မှာရှိတဲ့ ဒီလူက အခြားစတူဒီယိုမှ လာခဲ့သူဖြစ်သည်။ သူတို့မှာ ချင်ကွမ်းစတူဒီယိုနဲ့ ပြသနာတက်ထားပုံရသည်။ ဒါမှမဟုတ် ချင်ကွမ်းက ကူးချတယ်ဆိုတာကို သိတော့ သူတို့က  ချန်ကောနှင့် တူညီသည့်ဘက်တွင် လိုက်ပါခဲ့တာဖြစ်နိုင်သည်။

ကြည့်ရှုသူက အကန့်အသတ်နဲ့ရှိလို့ ချင်ကွမ်း စတူဒီယိုကသာ လက်ဝါးကြီးအုပ်ထားရင် ကျန်တဲ့ စတူဒီရိုလေးတွေက ဘယ်လိုလုပ် တက်လမ်းရှိနိုင် ပါ့မလဲ။

 "ခင်ဗျားက ကျွန်တော်နဲ့ ပူးပေါင်းဖို့ ဒီကိုရောက်လာ တာပေါ့။ ကျွန်တော့ဘက်က ဘာလုပ်ပေးရမလဲ  "

ချန်ကောသည် ထိုလူ၏လက်ထဲမှ ခရီးဆောင်အိတ်ကို လေ့လာပြီး ငွေနှင့်ပြည့်နေမည်ဟု စိတ်ကူးယဉ်နေ မိသည်။

"တကယ်တော့ ကျွန်တော်လည်းပဲ အစီစဉ်တင်ဆက်သူပါ။ ကျွန်တော့်ကို လျှိုတောက်လို့ ခေါ်လို့ရပါတယ်"  

"လျှိုတောက်လား? ခင်ဗျားက ဘယ်လိုပူးပေါင်းတာမျိုး လုပ်ချင်တာလဲ"

 
"မကြာသေးမီက ခင်ဗျားလုပ်တဲ့ သဘာဝလွန် တိုက်ရိုက် ထုတ်လွှင့်မှုအစီအစဉ်က အရမ်းအံ့သြစရာ ကောင်းလောက် အောင် လူကြိုက်များ ခဲ့တယ်။ ကျွန်တော်တို့လည်း အဲ့ဒါကို  တစိတ်တပိုင်းပါဝင်ချင်တယ်။ ဒါပေမယ့် ကျွန်တော်တို့၏စတူဒီယိုမှာ ဒီလိုစီမံကိန်းကို ဦး ဆောင်ဖို့ သင့်တော်တဲ့  ကိုယ်စားလှယ်မရှိဘူး။ တကယ်လို့ ကျွန်တော်တို့ရဲ့ အရင်းမြစ်အားလုံးကို ရွေးချယ်ထားတဲ့ အစီစဉ်တင်ဆက်သူပေါ် ပုံအောထောက်ပံ့ပေးလိုက်ရင် ချင်ကွမ်းရဲ့ ကျော်ကြားမှုအောက် ဘယ်လိုမှ မရောက်နိုင်ဘူး ။ ချင်ကွမ်းရဲ့ လုပ်ရိုးလုပ်စဉ်နှင့်ပတ်သက်ပြီး ကျင့်ဝတ်မညီဘူးဆိုပေမယ့် သူ့ဆီက တင်ဆက်တဲ့ပုံစံက  စိတ်ဝင်စားစရာကောင်းပြီး ရယ်စရာကောင်းတယ်။ အဲ့ဒီအစီစဉ်တင်ဆက်သူက ပရိတ်သတ်ကို လွှမ်းမိုးနိုင်တဲ့ သြဇာရှိသူဖြစ်တယ်။ "

"ဒါကြောင့် ချင်ကွမ်းနဲ့ပြိုင်နိုင်ဖို့ ခင်ဗျားက ကျွန်တော့်ကို ရှာတွေ့ခဲ့တာလား? ကျွန်တော့်လို သာမန်လူတစ်ယောက်ဟာ ချင်ကွမ်းက အစီစဉ် တင်ဆက်သူထက် ဆွဲဆောင်အားရှိတယ် ပေါ့လေ။ "

"ဒါ  မှားနေပြီ။ ခင်ဗျားရဲ့ live-stream ကို ကျွန်တော် ကြည့်ခဲ့တယ်။ ခင်ဗျားက ဒါကိုသတိထားမိမှာ မဟုတ်ဘူး၊ ဒါပေမယ့် ခင်ဗျားရဲ့ live-streams အတော်တော်များများက သူများနဲ့မတူဘူး"   

လျှိုတောက်ကပြုံးပြီးပြောလိုက်တယ်။

" တစ်ချက်တည်းကြည့်ရုံနဲ့ လူတွေက ပုံမှန် live-stream တွေက အတုဖြစ်ကြောင်းပြောနိုင်ပြီး ချင်ကွမ်း တင်ပြတဲ့အရာတွေလည်း အတူတူပဲ။  သဘာဝလွန် live-stream လို့ အမည်တပ်ထားပေမယ့် တကယ်တော့ သူတို့က အစီစဉ်တင်ဆက်သူ ပြောပြတဲ့  ပုံပြင်များကို နားထောင်ရုံသာဖြစ်တယ်။  ဒါပေမဲ့ ခင်ဗျားကတော့ လုံးဝ မတူဘူး။ တကယ့် အစစ်မှန်နေရာကို ကိုယ်တိုင်ရောက်သွားသလို ခံစားရစေပြီး ကြည့်ရှုသူကို
 ခြိမ်းခြောက်နိုင်တဲ့အန္တရာယ်တောထဲကို ရောက်သွားသလို ခံစားရစေတဲ့   live-stream ကို ခင်ဗျားက ထုတ်လွှင့်နိုင်ခဲ့တယ်။  ကြည့်ရှုသူတွေက ခင်ဗျားနဲ့အတူကြောက်ရွံ့ခြင်း ကိုခံစားကြရလိမ့်မယ်"


ဒါတွေအားလုံးက အစစ်အမှန်တွေကွ....လို့ ချန်ကောက လျှိုတောက်ကို အော်ပြောပြလိုက်ချင်သည်။
ဒါပေမယ့်  သူအမှန်တရားပြောရင်တောင်မှ သူ့ကို မယုံနိုင်ဘူးလို့ခံစားခဲ့ရတယ်။

"ဖြစ်ကောင်းဖြစ်နိုင်တာက ကျွန်တော်က သရုပ်ဆောင်ကောင်းလို့ဖြစ်မယ်   "

"ခင်ဗျားက ကိုယ့်ကိုယ်ကို အရမ်းနှိမ့်ချတယ်။ ရှင်ခြင်းနဲ့သေခြင်းကြားက လှုပ်ရှားရတဲ့ ခံစားချက်၊ အဲဒါဟာ ပရော်ဖက်ရှင်နယ်သရုပ်ဆောင်တွေတောင် ပေါ်လွင်အောင် သရုပ်မဆောင်နိုင်ဘူး  "

လျှိုတောက် သည် ချန်ကောကို  အလွန်လေးစားဟန် ရှိသည်။

"ခင်ဗျားရဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ဗီဒီယိုတွေက ချင်ကွမ်းကို ကောင်းကောင်း ရိုက်ချပစ်နိုင်တယ်လို့ ကျွန်တော်  ခံစားရတယ်။ ကျွန်တော်တို့နဲ့ပူးပေါင်း ဆောင်ရွက်မယ်လို့ ကတိပေးမယ်ဆိုရင် အရင်းအမြစ်တွေပိုရဖို့ အတွက် ကျွန်တော်တို့ဘက်က အစွမ်းကုန် လုပ်ပေးပါ့မယ်။ "


"ဒါဆိုရင် ကျွန်တော်က ဘယ်လို ထောက်ပံ့ပေးရမလဲ"  

ပေးဆပ်ရတာနဲ့ ပြန်ရမည့် ဆုလာဘ်သဘောကို ချန်ကော ကောင်းကောင်းနားလည်သည်။

"ကျွန်တော်တို့က ကြောက်စရာကောင်းပြီး စွန့်ပစ်ခံရသည့်နေရာတွေကို ရှာမယ်။ ကြိုတင်ပြီး ကြောက်စရာမြင်ကွင်းတွေ ပေါ်လွင်စေမယ့်  ရှုဒေါင့်တွေမှာ ကင်မရာကို ကြိုတင်တပ်ဆင်ထားမယ်။ ပြိးရင် ခင်ဗျားက ဇာတ်ညွှန်းထဲက အတိုင်း ဒီနေရာကို တိုက်ရိုက်ထုတ်လွှင့်ပေးပြီး ကျွန်တော်တို့ စတူဒီယိုကို ကြိုကြားကြိုကြားညှပ်ပြီး ကြေငြာပေးပါ။ "

လျှိုတောက်က ချန်ကော ငြင်းလိုက်မှာကြောက်ပြီး အိတ်ထဲက ဇာတ်ညွှန်းတထပ်ကို ထုတ်ယူပြီး ကမ်းပေးကာ ဆက်ပြောလိုက်သည်။

   "ဒီဇာတ်ညွှန်းကို  ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။ ဒီထဲမှာ ပြောရမယ့် စာသားလည်းပါမယ်။ ကျွန်တော်တို့ဟာ ၁၀ ရက်တစ်ကြိမ် သဘာဝလွန် တိုက်ရိုက်ထုတ်လွှင့်မှုကိုပြုလုပ်လိမ့်မယ်။ ဒါကချင်ကွမ်းစတူဒီယို လုပ်နေတဲ့ အစီအစဉ်နဲ့လည်းကိုက်ညီတယ်။   "

ဤလူများ့၏ရွေးချယ်မှုများနှင့် အလွန်ရှေးရိုးစွဲဆန်ကြသည်။  အချို့ နေရာတွေက လူနေအိမ်ဧရိယာ၏ဘေးတွင်ရှိသည်။ ကင်မရာကိုပြောင်းလိုက်တာနဲ့ သူတို့ကမြင်နိုင်လိမ့်မယ်။

"ဒီနေရာတချို့က မသင့်တော်ဘူးလို့ ခင်ဗျား ထင်နေလောက်တယ်။ စိတ်မပူပါနဲ့။ အဲ့ဒီနေရာမှာ လုံးဝလုံခြုံတယ်လို့ ကျွန်တော်တို့ ကတိပေးတယ်။ တည်နေရာတွေအားလုံးကို ကြိုတင်စစ်ဆေးပြီး ခင်ဗျားရဲ့ live-stream တလျှောက်လုံး ကင်မရာတလုံးက အော်တို နောက်ကနေ တောက်လျှောက်ရိုက်ကူး ပေးလိမ့်မယ် "

 
"ဒီအချက်တွေနဲ့ ချင်ကွမ်းကို နိုင်မယ်လို့ထင်လား"

ချန်ကာ ဝမ်းနည်းစွာညည်းတွားစွာပြောလိုက်ပြီး သူကဖိုင်ကို လျှိုတောက်ဆီကိုပြန်ပို့လိုက်တယ်။

"ဒီနေရာတွေထဲက တစ်ခုမှစိတ် ၀ င်စားစရာ မရှိပါဘူး။ scripts တွေကလည်းကြိုတင်ခန့်မှန်းလို့ ရတဲ့ဟာတွေချည်းပဲ။ ခင်ဗျားကို ကျွန်တော်က  နေရာတစ်ခုကို ထောက်ခံချက်ပေးလို့ရနိုင်မလား  "

"အဲဒါ ဘယ်နေရာလဲ?"

"တတိယဖျားနာဆောင်ခန်းမအကြောင်းကို ခင်ဗျားကြားဖူးလား"

ချန်ကောသည် သူ၏ဖုန်းကိုဖွင့ ်၍ ထိုနာမည်ကို ရိုက်  ထည့်ခဲ့သည်။ မကြာခင်မှာ လူတွေကပြောဆိုနေကြတဲ့ ကြောက်စရာကောင်းတဲ့၊ ရက်စက်ကြမ်းကြုတ်ပြီး ရူးသွပ်တဲ့ခေါင်းစဉ်တွေပေါ်လာတယ်။

 " လာမယ့် live- stream လမ်းကြောင်း ကျွန်တော် ဒီမှာကို သွားဖို့စီစဉ်ထားတယ်။ "

လျှိုတောက် ၏မျက်နှာပြင်ပေါ်ရှိမှာ ကြောက်လန့်သည့် ပုံရိပ်ပေါ်လာပြီး တံတွေးမြိုချလိုက်လို့ လည်ဇလုတ် နိမ့်လိုက်မြင့်လိုက်ဖြစ်သွားသည်။

 " ခင်ဗျား ဒီနေရာကို သွားမှာ သေချာလား။. အဲ့ဒါ သိပ်အလှမ်းဝေးလွန်းသွားပြီ မဟုတ်လား  ? "
**-**

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now