(( 24 ))

6.8K 724 59
                                    

Unicode

Recommended song- In Another Life 💔

Yoongiဆေးရုံဝန်းထဲရောက်တော့ ကားပါကင်နေရာမှာကားရပ်ပြီးကားပေါ်ကအမြန်ပြေးဆင်းသည်။ အိမ်ကထွက်လာကတည်းက စိတ်တွေကမတည်ငြိမ်။ ယောက်ယက်ခတ်ကာ ဒေါသနှင့်စိုးရိမ်မှုတွေကသာကြီးစိုးနေသည်။

ကားပေါ်ကဆင်းပြီးဆေးရုံထဲဝင်မည်အပြု သေချာသတိထားကြည့်မိတော့မှ သူ့ကားရပ်ထားသည့်နေရာနဲ့ဘေးချင်းကပ်ရပ်ကားမှာ ungkookရဲ့ကားပင်။

"တောက်!"

သူအိမ်ကနေအတွင်းရေးမှုးချွဲဆီကနေ သတင်းရရချင်းTaehyungနှင့်Jungkookရှိရာသို့ချက်ချင်းကားသော့ဆွဲကာလိုက်လာချင်းဖြစ်သည်။ ခေါင်းထဲတွင် အရာအားလုံးဟာဗလာကျင်းနေပေမဲ့ သူ့စိတ်ထဲမှာရှိနေတာတစ်ခုပဲ ။ Taehyungieကိုစိတ်ပူသည့်အတွေး။

Jungkookနောက်သို့လွှတ်ထားသည့် လူဆီမှသတင်းအရသူတို့ရှိနေမည့်ဆေးရုံကိုYoongiလိုက်လာခဲ့ခြင်းဖြစ်သည်။ ဆေးရုံကိုလာလာပြီး Jungkookဘာလုပ်နေလဲသူမသိ။ သူသိချင်သည်ကTaehyungကို Jungkookကဘာလုပ်မလို့ဆေးရုံခေါ်လာရသည်လဲဆိုတာပင်။

Jungkookကိုစောင့်ကြည့်ခိုင်းထားသည့် သူထံမှသူ့တစ်ကိုယ်လုံးကသွေးတွေကို ပွက်ပွက်ဆူသွားစေသည့်စကားတစ်ခွန်းက Taehyungနှင့်Jungkookကားပေါ်တွင်အကြင်နာပေးနေကြသည်ဆိုသည့်မြင်ကွင်း။

'ဘာလဲ တကယ်ပဲJungkookက သူထင်နေသလိုမျိုးTaehyungကို...'

ထိုစဉ်သူ့အနားရောက်လာသည့် ထိုလူ။

"CEO Minရောက်လာပါပြီလား?"

"ဘယ်မှာလဲ?! သူတို့ဘယ်မှာလဲ!?"

"၁၂လွှာက ညာဘက်ကော်ရစ်ဒါအခန်း1008မှာပါCEO Min ...အခန်းထဲဝင်သွားတာမိနစ်သုံးဆယ်ကျော်ပါပြီ အထဲမှာဘယ်သူရှိလဲတော့ကျွန်တော်မလဲမသိပါဘူး"

"ကောင်းပြီ မင်းသွားတော့"

ထို့နောက်သူအမြန်ပင် ဓာတ်လှေကားကနေ၁၂လွှာသို့အမြန်တက်ရသည်။ အခုချိန်အဲ့အခန်းထဲဘယ်သူရှိလဲသူမသိ။ သိလဲမသိချင်။ Taehyungကဘာလို့ဆေးရုံရောက်နေတာလဲ? Jungkookကရောဘာလို့ဆေးရုံကိုခေါ်လာရတာလဲပဲသိချင်သည်။

𝑳𝒐𝒗𝒆 𝑰𝒏 𝑺𝒂𝒅𝒏𝒆𝒔𝒔 {Completed}Where stories live. Discover now