(( 11 ))

6.7K 717 66
                                    




|| Unicoide ||


ကွန်ဒိုကအပြန် Taehyungရဲ့ဆန္ဒတွေထဲကတစ်ခုဖြစ်သည့် မြင်းစီးကွင်းသို့သွားကာမြင်းစီးဖြစ်ကြသည်။

မြင်းပေါ်တက်တော့ အရှေ့တွင်Taehyungကိုထိုင်စေပြီး သူကTaehyungပြုတ်မကျစေရန် အနောက်မှထိုင်ကာမြင်းကိုထိန်းသည်။

မြင်းစီးတော့လည်းတအားကိုပျော်ရွှင်နေသည့်Taehyungကိုကြည့်ပြီး သူပါပျော်ရွှင်မိပါသည်။ ကွင်းတစ်ပတ်ပတ်ပြီးသည်အထိ တခစ်ခစ်နဲ့အပျော်တွေအရှိန်မသတ်နိုင်သေးသည့်ကလေးငယ်။

"Taeစီးချင်သေးလား? ချွေးတွေထွက်နေပြီ နေကလဲပူတယ် ခဏနားလိုက်နော် နေမကောင်းဖြစ်လိမ့်မယ် ပြီးမှထပ်စီးကြတာပေါ့"

သူပြောလိုက်တော့လည်း အတွန့်မတက်ပဲ 'ဟုတ်'ဆိုပြီးတစ်ခွန်းတည်းသာပြောရသည်။ လိမ္မာလိုက်တဲ့ကလေး။  မြင်းစီးကွင်းမှာမြို့ပြင်နားတွင်ရှိသည်မလို့ တောတောင်သစ်ပင်များစွာဖြင့် စိမ်းလန်းနေသည်။ မြင်းကိုတိုင်တစ်တိုင်တွင်ချည်ထားလိုက်ပြီး ဧည့်သည်တွေအတွက်ပြုလုပ်ပေးထားသည့် သစ်ပင်ကြီးများအောက်ကသစ်သားခုံတန်းလေးပေါ်တွင် ထိုင်ကာအမောဖြေကြသည်။

အပင်ကြီးရဲ့အောက်တွင် လေတဖြူးဖြူးတိုက်ခတ်နေသဖြင့်နေလို့ကောင်းလှသည်။ မြက်ခင်းပြင်စိမ်းစိမ်းနှင့် အဝေးကတောင်တွေကိုပါလှမ်းမြင်နိုင်သဖြင့်ရှုခင်းလည်းအလွန်လှသည်။  လေတွေတဝကြီးရှုလိုက်ရင်း သဘာဝအရသာကိုခံစားနေမိစဉ် ရုတ်တရက်အတွေးထဲရောက်လာသူကဘေးနားက မလှုပ်မယှက်လေးထိုင်နေသည့် Taehyungဆီ။

Taeကိုမြင်စေချင်မိသည်။ ဒီလိုလှပတဲ့သဘာဝရဲ့ရှုမြင်ကွင်းကို။

"Tae မျက်စိခွဲပြီးရင် ကိုယ်တို့ထပ်လာကြမယ်နော် ဒီနေရာကရှုခင်းအရမ်းလှတယ် တောင်တန်းတွေလည်းလှမ်းမြင်ရတယ် မြက်ခင်းစိမ်းစိမ်းတွေလဲရှိတယ် ဟိုးဘက်မှာ ရေကန်ကြီးလဲရှိသေးတယ် "

သူပြောလိုက်တော့ မျက်နှာလေးဝင်းပလာပြီး တကယ်ကိုမြင်ချင်နေသည့်ပုံစံလေးမလို့ စိတ်မကောင်းပိုဖြစ်ရပြန်သည်။

"တကယ်လား?? ရှုခင်းအရမ်းလှတာပဲလား? Wow ...မိုက်တယ် ကျွန်တော်လဲမြင်ချင်လိုက်တာ  ...."

𝑳𝒐𝒗𝒆 𝑰𝒏 𝑺𝒂𝒅𝒏𝒆𝒔𝒔 {Completed}Where stories live. Discover now